ကာဗာနီ နဲ့ ဗန်ဒီဘိခ် တို့ (၂) ယောက်စလုံးကို ချီးကျူးလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ကာဗာနီ နဲ့ ဗန်ဒီဘိခ်တို့ (၂) ယောက်စလုံးကို အပြည့်အ၀ ချီးကျူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ရောက်ရှိလာခဲ့တဲ့ သူတို့ (၂) ယောက်စလုံးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပုံမှန်ပွဲကစားခွင့် မရသေးတဲ့သူတွေ ဖြစ်ပါတယ်။ သို့သော်လည်း (၂) ယောက်စလုံးဟာ အင်္ဂါနေ့ညက အစ္စတန်ဘူလ်ဘာဆက်ရှီး အသင်းနဲ့ ပွဲမှာ ကစားခွင့်ရခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ပေးခဲ့လို့ ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ (၄-၁) နဲ့ အနိုင်ရခဲ့ပါတယ်။

“ သူတို့ နှစ်ယောက်စလုံးက ကျွန်တော်တို့ ကစားစေချင်တဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ဒွန်နီက မတူညီတဲ့ နေရာမှာ ကစားနိုင်ခဲ့ပြီး ကာဗာနီလည်း ကျောနံပါတ် (၉) နဲ့ ထိုက်တန်တဲ့အတိုင်ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် မာရှယ်လ်ကလည်း ဘယ်ခြမ်းမှာ အကောင်းဆုံးကစားပေးခဲ့လိုပ ကျွန်တော်ပျော်ရွှင်မိပါတယ်။

ပထမပိုင်းမှာတော့ ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့်နိုင်ကစားနိုင်ခဲ့ပြီး ဂိုးတွေ ရခဲ့ပါတယ်။ ဒါက အိုးထရက်ဖိုဒ့်က ချန်ပီယံလိဂ်ညပါ။ သူတို့အနေနဲ့ ပျော်ရွှင်နေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ဂိုးအချို့လည်း သွင်းနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ နောက်တစ်ဆင့်တက်ဖို့ ကျွန်တော်တို့ တစ်မှတ်ပဲ လိုပေမယ့် ကျွန်တော်တို့ အုပ်စု ထိပ်ဆုံးနဲ့ နောက်တစ်ဆင့်ကို တက်ချင်လို့ နောက်ပွဲမှာလည်း အနိုင်ကစားသွားမှာပါ” လို့ ဆိုးလ်ရှားက BT Sport သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီ နဲ႔ ဗန္ဒီဘိခ္ တို႔ (၂) ေယာက္စလံုးကို ခ်ီးက်ဴးလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ကာဗာနီ နဲ႔ ဗန္ဒီဘိခ္တို႔ (၂) ေယာက္စလံုးကို အျပည့္အ၀ ခ်ီးက်ဴးသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕က ေရာက္ရွိလာခဲ့တဲ့ သူတို႔ (၂) ေယာက္စလံုးဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ပံုမွန္ပြဲကစားခြင့္ မရေသးတဲ့သူေတြ ျဖစ္ပါတယ္။ သို႔ေသာ္လည္း (၂) ေယာက္စလံုးဟာ အဂၤါေန႔ညက အစၥတန္ဘူလ္ဘာဆက္ရွီး အသင္းနဲ႔ ပြဲမွာ ကစားခြင့္ရခဲ့ၿပီး အေကာင္းဆံုး စြမ္းေဆာင္ေပးခဲ့လို႔ ယူႏိုက္တက္အသင္းက အိမ္ကြင္းမွာ (၄-၁) နဲ႔ အႏိုင္ရခဲ့ပါတယ္။

“ သူတို႔ ႏွစ္ေယာက္စလံုးက ကၽြန္ေတာ္တို႔ ကစားေစခ်င္တဲ့အတိုင္း ကစားႏိုင္ခဲ့ပါတယ္။ ဒြန္နီက မတူညီတဲ့ ေနရာမွာ ကစားႏိုင္ခဲ့ၿပီး ကာဗာနီလည္း ေက်ာနံပါတ္ (၉) နဲ႔ ထိုက္တန္တဲ့အတိုင္ကစားေပးခဲ့ပါတယ္။ ဒါ့အျပင္ မာရွယ္လ္ကလည္း ဘယ္ျခမ္းမွာ အေကာင္းဆံုးကစားေပးခဲ့လိုပ ကၽြန္ေတာ္ေပ်ာ္ရႊင္မိပါတယ္။

ပထမပိုင္းမွာေတာ့ ကၽြန္ေတာ္တို႔ အာရံုစူးစိုက္မႈအျပည့္ႏိုင္ကစားႏိုင္ခဲ့ၿပီး ဂိုးေတြ ရခဲ့ပါတယ္။ ဒါက အိုးထရက္ဖိုဒ့္က ခ်န္ပီယံလိဂ္ညပါ။ သူတို႔အေနနဲ႔ ေပ်ာ္ရႊင္ေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္တို႔ အရမး္ေကာင္းတဲ့ ဂိုးအခ်ိဳ႕လည္း သြင္းႏိုင္ခဲ့လို႔ ေက်နပ္မိပါတယ္။ ေနာက္တစ္ဆင့္တက္ဖို႔ ကၽြန္ေတာ္တို႔ တစ္မွတ္ပဲ လိုေပမယ့္ ကၽြန္ေတာ္တို႔ အုပ္စု ထိပ္ဆံုးနဲ႔ ေနာက္တစ္ဆင့္ကို တက္ခ်င္လို႔ ေနာက္ပြဲမွာလည္း အႏိုင္ကစားသြားမွာပါ”  လို႔ ဆိုးလ္ရွားက BT Sport သတင္းဌာနကို ေျပာခဲ့တာ ျဖစ္ပါတယ္။