အတ္တလန္တာအသင်းနဲ့ ပွဲမှာ တိုက်စစ်ကစားသမား ဆာလာ ပါဝင်ကစားမယ်လို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်အတည်ပြု

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာလာဟာ ဗုဒ္ဓဟူးနေ့ကစားမယ့် အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ နည်းပြ ယာဂင်ကလော့ပ်က အတည်ပြုသွားခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်ကစားသမားဟာ တနင်္ဂနွေနေ့က လီဗာပူလ်းအသင်း လက်စတာကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲကို လက်ရွေးစင်အသင်းဆီသွားတုန်းက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခဲ့လို့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က “မိုဟာ မနေ့က အသင်းနဲ့ လေ့ကျင့်ရေး ဆင်းခဲ့ပြီး အရမ်းကို ကောင်းနေတဲ့ပုံပေါ်ခဲ့ပါတယ်။ အားလုံးစစ်ဆေးပြီးတဲ့အချိန် အကုန် Negative ဖြစ်တာကိုလည်း သိရပါပြီ။

ဘာမှ မပြောင်းလဲပေမယ့် ဒီပါလာမှာကတော့ အရမ်းကောင်းပါတယ်။ အခု ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ကြည့်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ လွန်ခဲ့တဲ့ (၃) ရက်က ကွာရာတင်းဝင်ရောက်ခဲ့လို့ပါ”” လို့ သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။



