ရန်းနက်စ်အသင်းနဲ့ ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဂျီရူးကို ပွဲကစားချိန်ပေးမယ်လို့ ကတိပေးသွားတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က အင်္ဂါနေ့ညက ရန်းနက်စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးသွင်းပေးခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး ဂျီရူး ဟာ ဒီရာသီမှာ ပွဲကစားချိန်ရလာမယ်လို့ ပြောသွားခဲ့ပါတယ။် အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ အသင်းမှာ တီမိုဝါနာ နဲ့ အေဘရာဟမ်တို့ နောက်မှာသာ ပွဲကစားခွင့်ရလို့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာရန် စဉ်းစားနေတယ်လို့ လက်ရွေးစင်ပွဲတွေကစားနေတုန်း ကပြောခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ဂျီရူးဟာ အင်္ဂါနေ့က ချဲလ်ဆီးအသင်း (၁-၁) သရေကျနေချိန်မှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပြီး အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒါ့ကြောင့် နည်းပြလမ်းပတ်က ဂျီရူးကို ပွဲကစားချိန်ပိုပေးမယ်လို့ ကတိပေးစကားပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ဂျီရူးဟာ ဒီညမှာ လုပ်ပြနိုင်ခဲ့ပါတယ်။ သူဟာ ဒီခြေစွမ်းကို အမြဲထိန်းသိမ်းထားနိုင်တာပါ။ ကျွန်တော့်မှာ နေရာတစ်နေရာအတွက် ပုံစံတူ ကစားသမား (၂) ယောက်ရှိပါတယ်။ သူတို့ (၂) ယောက်စလုံးက အရမ်းကို ကောင်းနေကြပါတယ်။ ဒါက ကောင်းတဲ့ ပြဿနာပါ။ ဒါပေမယ့် ဂျီရူးလည်း ပွဲကစားချိန်ရမှာပါ” လို့ လမ်းပတ်က ပြောသွားခဲ့ပါတယ်။

ရန္းနက္စ္အသင္းနဲ႔ ပြဲမွာ အႏိုင္ဂိုးသြင္းေပးခဲ့တဲ့ ဂ်ီ႐ူးကို ပြဲကစားခ်ိန္ေပးမယ္လို႔ ကတိေပးသြားတဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က အဂၤါေန႔ညက ရန္းနက္စ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ေနာက္က်အႏိုင္ဂိုးသြင္းေပးခဲ့တဲ့ လူစား၀င္တိုက္စစ္မွဴး ဂ်ီ႐ူး ဟာ ဒီရာသီမွာ ပြဲကစားခ်ိန္ရလာမယ္လို႔ ေျပာသြားခဲ့ပါတယ။္ အသက္ ၃၄ ႏွစ္အရြယ္ကစားသမားဟာ အသင္းမွာ တီမိုဝါနာ နဲ႔ ေအဘရာဟမ္တို႔ ေနာက္မွာသာ ပြဲကစားခြင့္ရလို႔ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာရန္ စဥ္းစားေနတယ္လို႔ လက္ေရြးစင္ပြဲေတြကစားေနတုန္း ကေျပာခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ဂ်ီ႐ူးဟာ အဂၤါေန႔က ခ်ဲလ္ဆီးအသင္း (၁-၁) သေရက်ေနခ်ိန္မွာ အသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ေပးခဲ့ၿပီး အႏိုင္ဂိုးသြင္းေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္ နည္းျပလမ္းပတ္က ဂ်ီ႐ူးကို ပြဲကစားခ်ိန္ပိုေပးမယ္လို႔ ကတိေပးစကားေျပာသြားခဲ့တာ ျဖစ္ပါတယ္။

“ဂ်ီ႐ူးဟာ ဒီညမွာ လုပ္ျပႏိုင္ခဲ့ပါတယ္။ သူဟာ ဒီေျခစြမ္းကို အၿမဲထိန္းသိမ္းထားႏိုင္တာပါ။ ကၽြန္ေတာ့္မွာ ေနရာတစ္ေနရာအတြက္ ပံုစံတူ ကစားသမား (၂) ေယာက္ရွိပါတယ္။ သူတို႔ (၂) ေယာက္စလံုးက အရမ္းကို ေကာင္းေနၾကပါတယ္။ ဒါက ေကာင္းတဲ့ ျပႆနာပါ။ ဒါေပမယ့္ ဂ်ီ႐ူးလည္း ပြဲကစားခ်ိန္ရမွာပါ”  လို႔ လမ္းပတ္က ေျပာသြားခဲ့ပါတယ္။