ဂျီရူး ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ပြီဖြစ်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ရန်းနက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂျီရူးရဲ့ နောက်ကျသွင်းဂိုးကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ပြီဖြစ်ပါတယ်။ ပွဲကစားချိန် (၂၂) မိနစ်မှာ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား အိုဒွိုင်းက အဖွင့်ဂိုးကို မေဆန်မောင့်ရဲ့ ပေးပို့မှုကနေ တစ်ဆင့်သွင်းပေးခဲ့ပါတယ်။ ပွဲပြီးဖို့ (၅) မိနစ်အလိုမှာ ရန်းနက်စ်အသင်းဘက်က ဂွီရာဆေးက ချေပဂိုးသွင်းယူသွားလို့ (၁-၁) နဲ့ ပွဲပြီးဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဒီရာသီမှာ (၁၂၇) မိနစ်ပဲ ကစားခွင့်ရထားတဲ့ လူစားဝင်ကစားသမား ဂျီရူးက တီမိုဝါနာ ကန်သွင်းလို့ မဝင်တဲ့ ဘောလုံးပြန်လျှံထွက်လာချိန်မှာ ပြိုင်ဘက်ကစားသမားတွေနဲ့ အပြိုင် ခေါင်းခုန်တိုက်ပြီး ဂိုးပေါက်ကို တိုက်သွင်းနိုင်ခဲ့လို့ ချဲလ်ဆီးအသင်း အနိုင်ရခဲ့ပါတယ်။ အုပ်စု ( E ) ရဲ့ နောက်တစ်ပွဲဖြစ်တဲ့ ဆီဗီလာ နဲ့ ခရက်စ်နိုဒါ ပွဲက (၁)သရေကျခဲ့လို့ ချဲလ်ဆီးအသင်းဟာ အုပ်စုတွင်း (၁၀) မှတ်နဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ လမ်းပတ်က “(၂) ပွဲကစားဖို့ ကျန်ရှိနေချိန် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ကျွန်တော်အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒီညက ကျွန်တော်တို့အတွက် တစ်ကယ်ကို ခက်ခဲတဲ့ ညတစ်ည ဖြစ်ပါတယ်။ ရန်းနက်စ်အသင်းကလည်း အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီပွဲကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။

ဂ်ီ႐ူး ရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ၿပီျဖစ္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ရန္းနက္စ္အသင္းကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ဂ်ီ႐ူးရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ၿပီျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၂၂) မိနစ္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကစားသမား အိုဒြိဳင္းက အဖြင့္ဂိုးကို ေမဆန္ေမာင့္ရဲ႕ ေပးပို႔မႈကေန တစ္ဆင့္သြင္းေပးခဲ့ပါတယ္။ ပြဲၿပီးဖို႔ (၅) မိနစ္အလိုမွာ ရန္းနက္စ္အသင္းဘက္က ဂြီရာေဆးက ေခ်ပဂိုးသြင္းယူသြားလို႔ (၁-၁) နဲ႔ ပြဲၿပီးဖို႔ နီးစပ္ခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ဒီရာသီမွာ (၁၂၇) မိနစ္ပဲ ကစားခြင့္ရထားတဲ့ လူစား၀င္ကစားသမား ဂ်ီ႐ူးက တီမိုဝါနာ ကန္သြင္းလို႔ မ၀င္တဲ့ ေဘာလံုးျပန္လွ်ံထြက္လာခ်ိန္မွာ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ အၿပိဳင္ ေခါင္းခုန္တိုက္ၿပီး ဂိုးေပါက္ကို တိုက္သြင္းႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးအသင္း အႏိုင္ရခဲ့ပါတယ္။ အုပ္စု ( E ) ရဲ႕ ေနာက္တစ္ပြဲျဖစ္တဲ့ ဆီဗီလာ နဲ႔ ခရက္စ္ႏိုဒါ ပြဲက (၁)သေရက်ခဲ့လို႔ ခ်ဲလ္ဆီးအသင္းဟာ အုပ္စုတြင္း (၁၀) မွတ္နဲ႔ ရႈံးထြက္ (၁၆) သင္းအဆင့္ကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ နည္းျပ လမ္းပတ္က “(၂) ပြဲကစားဖို႔ က်န္ရွိေနခ်ိန္ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့တဲ့ ကၽြန္ေတာ္အရမး္ကို ေပ်ာ္ရႊင္မိပါတယ္။ ဒီညက ကၽြန္ေတာ္တို႔အတြက္ တစ္ကယ္ကို ခက္ခဲတဲ့ ညတစ္ည ျဖစ္ပါတယ္။ ရန္းနက္စ္အသင္းကလည္း အသင္းေကာင္းတစ္သင္း ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔လည္း အေကာင္းဆံုးကစားႏိုင္ခဲ့ပါတယ္။ ဒီပြဲကို ခက္ခက္ခဲခဲ ကစားၿပီးမွ အႏိုင္ရခဲ့တာပါ” လို႔ ေျပာသြားခဲ့ပါတယ္။