နောက်တစ်ဆင့် တက်ရောက်ရန် တစ်မှတ်ပဲ လိုတော့သော်လည်း မသေချာသေးဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တစ်ရောက်ရန် မသေချာသေးဘူးလို့ အစ္စတန်ဘူလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က (၂) လုံး သွင်းယူပေးခဲ့ပြီး ရပ်ရှ်ဖိုဒ့် နဲ့ လူစားဝင်ကစားသမား ဒန်နီရယ်ဂျိမ်းစ်တို့ကို (၁) ဂိုးစီ သွင်းပေးခဲ့လို့ နောက်ထပ် (၂) ပွဲကစားရန် ကျန်ရှိနေသော်လည်း (၁၆) သင်းအဆင့်ကို တက်ရောက်ရန် (၁) မှတ်ပဲ လိုတော့တာ ဖြစ်ပါတယ်။

သို့သော် နောက်တစ်ပတ်မှာ အိမ်ကွင်း၌ ပီအက်စ်ဂျီအသင်းကို ကစားရမှာ ဖြစ်ပြီး နောက်တစ်ပွဲကလည်း လိုက်ပ်ဇစ်အသင်းနဲ့ ကစားရမှာ ဖြစ်လို့ နည်းပြဆိုးလ်ရှားအတွက် ပေါ့ဆလို့မရနိုင်တဲ့ အနေအထားပါ။

“အုပ်စုတွင်းအနေအထားက ဘာမှ မသေချာသေးပါဘူး။ ကျွန်တော်တို့ (၉) မှတ်ရထားပြီး ပီအက်စ်ဂျီ နဲ့ လိုက်ပ်ဇစ် (၂) သင်းစလုံးက (၆) မှတ်ရထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမှတ်တွေ လိုအပ်နေပါသေးတယ်။

တစ်မှတ်ဆိုရင် လုံလောက်ပေမယ့် အနိုင်ရမယ်ဆိုရင်ပိုပြီး သေချာသွားတာပေါ့။ ပီအက်စ်ဂျီအသင်းနဲ့ ပွဲမှာ ကျွန်တော်တို့ အမှတ်တွေ ရမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ ကစားခဲ့တာ တစ်သင်းလုံး ကောင်းပါတယ်။ ကျွန်တော်တို့ အချိတ်အဆက်မိမိကစားနိုင်ခဲ့ပါတယ်။ နိုင်ပွဲနဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ပထမပိုင်းပြီးတော့ ဒုတိယပိုင်းက မတူတော့ပါဘူး။ (၃-ဝ) နဲ့ အနိုင်ရနေချိန်မှာ ကစားချိန်ကို ထိန်းဖို့ ပိုခက်ပါတယ်”လို့ နော်ဝေးလူမျိုးနည်းပြကြီးက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ေနာက္တစ္ဆင့္ တက္ေရာက္ရန္ တစ္မွတ္ပဲ လိုေတာ့ေသာ္လည္း မေသခ်ာေသးဘူးလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ခ်န္ပီယံလိဂ္ေနာက္တစ္ဆင့္ကို တစ္ေရာက္ရန္ မေသခ်ာေသးဘူးလို႔ အစၥတန္ဘူလ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္က (၂) လံုး သြင္းယူေပးခဲ့ၿပီး ရပ္ရွ္ဖိုဒ့္ နဲ႔ လူစား၀င္ကစားသမား ဒန္နီရယ္ဂ်ိမ္းစ္တို႔ကို (၁) ဂိုးစီ သြင္းေပးခဲ့လို႔ ေနာက္ထပ္ (၂) ပြဲကစားရန္ က်န္ရွိေနေသာ္လည္း (၁၆) သင္းအဆင့္ကို တက္ေရာက္ရန္ (၁) မွတ္ပဲ လိုေတာ့တာ ျဖစ္ပါတယ္။

သို႔ေသာ္ ေနာက္တစ္ပတ္မွာ အိမ္ကြင္း၌ ပီအက္စ္ဂ်ီအသင္းကို ကစားရမွာ ျဖစ္ၿပီး ေနာက္တစ္ပြဲကလည္း လိုက္ပ္ဇစ္အသင္းနဲ႔ ကစားရမွာ ျဖစ္လို႔ နည္းျပဆိုးလ္ရွားအတြက္ ေပါ့ဆလို႔မရႏိုင္တဲ့ အေနအထားပါ။

“အုပ္စုတြင္းအေနအထားက ဘာမွ မေသခ်ာေသးပါဘူး။ ကၽြန္ေတာ္တို႔ (၉) မွတ္ရထားၿပီး ပီအက္စ္ဂ်ီ နဲ႔ လိုက္ပ္ဇစ္ (၂) သင္းစလံုးက (၆) မွတ္ရထားပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အမွတ္ေတြ လိုအပ္ေနပါေသးတယ္။

တစ္မွတ္ဆိုရင္ လံုေလာက္ေပမယ့္ အႏိုင္ရမယ္ဆိုရင္ပိုၿပီး ေသခ်ာသြားတာေပါ့။ ပီအက္စ္ဂ်ီအသင္းနဲ႔ ပြဲမွာ ကၽြန္ေတာ္တို႔ အမွတ္ေတြ ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီေန႔ ကစားခဲ့တာ တစ္သင္းလံုး ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ အခ်ိတ္အဆက္မိမိကစားႏိုင္ခဲ့ပါတယ္။ ႏိုင္ပြဲနဲ႔လည္း ထိုက္တန္ခဲ့ပါတယ္။ ပထမပိုင္းၿပီးေတာ့ ဒုတိယပိုင္းက မတူေတာ့ပါဘူး။ (၃-၀) နဲ႔ အႏိုင္ရေနခ်ိန္မွာ ကစားခ်ိန္ကို ထိန္းဖို႔ ပိုခက္ပါတယ္”လို႔ ေနာ္ေ၀းလူမ်ိဳးနည္းျပႀကီးက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။