အစ္စကိုအတွက် အခုအချိန်အထိ ဘာကမ်းလှမ်းမှု မရသေးတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ အစ္စကိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့အတွက် ယခုအချိန်အထိ စိတ်ဝင်စားတဲ့ ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ သတင်းထွက်ပေါ်လာပါတယ်။ ကွင်းလယ်ဖန်တီးရှင်ဟာ ဒီရာသီစပိန်လာလီဂါမှာ (၂၈၆) မိနစ်သာ ကစားထားရပြီး နည်းပြဇီဒန်းရဲ့ အသင်းမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနရဲ့ အဆိုအရ စပိန်လက်ရွေးစင်ကစားသမားဟာ အသင်းက ထွက်ခွာချင်နေပြီး နည်းပြဖြစ်သူနဲ့လည်း ဆွေးနွေးပြီးပြီလို့ သိရပါတယ်။

အစ္စကိုဟာ နောက်နွေရာသီမှာ ယှဉ်ပြိုင်ကျင်းပယ်မယ့် ယူရို ပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းရဲ့ ရွေးချယ်ခြင်းကို ခံရရန် ပွဲကစားခွင့်ပုံမှန် ရရှိရန် လိုအပ်နေပါတယ်။ စပိန်က မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ အစ္စကိုဟာ နည်းပြ ဇီဒန်းနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက်မှာတော့ အသင်းက ထွက်ခွာရန် ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

သို့သော်လည်း အစ္စကိုအတွက် ဘာကမ်းလှမ်းမှုမှ မရသေးဘူးလို့ သိရပါတယ်။ အစောပိုင်းတုန်းက အာဆင်နယ် နဲ့ အဲဗာတန်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ အစ္စကို ကို ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါင် ၁၈ သန်း နဲ့ လက်လွှတ်ရန် ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။

အစၥကိုအတြက္ အခုအခ်ိန္အထိ ဘာကမ္းလွမ္းမႈ မရေသးတ့ဲ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ အစၥကိုကို လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕အတြက္ ယခုအခ်ိန္အထိ စိတ္၀င္စားတဲ့ ကမ္းလွမ္းမႈ တစ္စံုတစ္ရာ မရွိေသးဘူးလို႔ သတင္းထြက္ေပၚလာပါတယ္။ ကြင္းလယ္ဖန္တီးရွင္ဟာ ဒီရာသီစပိန္လာလီဂါမွာ (၂၈၆) မိနစ္သာ ကစားထားရၿပီး နည္းျပဇီဒန္းရဲ႕ အသင္းမွာ ပံုမွန္ကစားခြင့္ ေပ်ာက္ဆံုးေနသူ ျဖစ္ပါတယ္။ ေအအက္စ္သတင္းဌာနရဲ႕ အဆိုအရ စပိန္လက္ေရြးစင္ကစားသမားဟာ အသင္းက ထြက္ခြာခ်င္ေနၿပီး နည္းျပျဖစ္သူနဲ႔လည္း ေဆြးေႏြးၿပီးၿပီလို႔ သိရပါတယ္။

အစၥကိုဟာ ေနာက္ေႏြရာသီမွာ ယွဥ္ၿပိဳင္က်င္းပယ္မယ့္ ယူ႐ို ၿပိဳင္ပြဲမွာ စပိန္လက္ေ႐ြးစင္အသင္းရဲ႕ ေ႐ြးခ်ယ္ျခင္းကို ခံရရန္ ပြဲကစားခြင့္ပုံမွန္ ရရွိရန္ လိုအပ္ေနပါတယ္။ စပိန္က မာကာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အစၥကိုဟာ နည္းျပ ဇီဒန္းနဲ႔ ေတြ႕ဆုံ ေဆြးေႏြးၿပီးေနာက္မွာေတာ့ အသင္းက ထြက္ခြာရန္ ဆုံးျဖတ္ထားတယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း အစၥကိုအတြက္ ဘာကမ္းလွမ္းမႈမွ မရေသးဘူးလို႔ သိရပါတယ္။ အေစာပိုင္းတုန္းက အာဆင္နယ္ နဲ႔ အဲဗာတန္အသင္းတို႔က ေခၚယူရန္ စိတ္၀င္စားတယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။ အစၥကို ကို ရီးရဲလ္မက္ဒရစ္အသင္းဟာ ေပါင္ ၁၈ သန္း န႔ဲ လက္လႊတ္ရန္ ျပင္ဆင္ထားတာလည္း ျဖစ္ပါတယ္။