ပီကေး ကာလရှည်အနားယူရမှာဖြစ်လို့ တိုက်စစ်ကစားသမားဒီပေးအစား နောက်ခံလူအဲရစ်ဂါစီယာ ကို ခေါ်ယူရန် စိတ်ဝင်စားလာတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ ပီကေးဟာ ကာလရှည်အနားယူရမှာဖြစ်လို့ လိုင်ယွန်ကစားသမား ဒီပေးအစား မန်စီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူ အဲရစ်ဂါစီယာကိုပဲ ခေါ်ယူရန် ဦးစားပေးလာပြီလို့ သိရပါတယ်။ ဟော်လန်လက်ရွေးစင်နည်းပြဟောင်း ဖြစ်တဲ့ လက်ရှိဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ဒီပေးနဲ့ ပြန်လည်လက်တွဲချင်နေတာ ဖြစ်ပါတယ်။

နောက်နွေရာသီမှာ လီဂူး ၁ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီပေးကို ဘာစီလိုနာအသင်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် ကြိုးစားလာဖွယ်ရှိပေမယ့် ဘဏ္ဍာရေးအခြေအနေရ အသင်းက ဗဟိုနောက်ခံလူ ပီကေးလည်း ကာလရှည်ဒဏ်ရာ ရမှာ ဖြစ်လို့ အဲရစ်ဂါစီယာကိုပဲ ခေါ်ယူရန် ကြိုးစားလာဖွယ်ရှိတယ်လို့ သိရပါတယ်။

ပီကေးရဲ့ ဒဏ်ရာဟာ လအတော်ကြာ နားယူရမှာဖြစ်လို့ ကိုးမန်းဟာ ဗဟိုနောက်ခံလူအသစ်တစ်ယောက် လိုအပ်နေတာဖြစ်ပါတယ်။ ဂါစီယာကို ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူရန် ကြိုးစားခဲ့ဖူးပြီး ယခုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ထပ်မံ ကြိုးစားသွားမယ်လို့ သိရပါတယ်။



