လိဒ်ယူနိုက်တက် နဲ့ ပွဲတုန်းက အထုတ်ခံခဲ့ရတဲ့အပေါ် ပရိသတ်တွေနဲ့ အသင်းဖော်တွေကို တောင်းပန်လိုက်တဲ့ အာဆင်နယ်ကစားသမား နီကိုးလပ်စ်ပီပီ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား နီကိုးလပ်စ်ပီပီက ဒီတစ်ပတ်ကစားခဲ့တဲ့ လိဒ်ယူနိုကတက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲမှာ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့အတွက် လူမှုကွန်ယက်ကနေ တစ်ဆင့်တောင်းပန်သွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ လိဒ်ယူနိုက်တက်ကစားသမား အယ်လီယိုစကီး ကို ဒုတိယပိုင်းအစမှ ခေါင်းနဲ့ တိုက်ခဲ့တဲ့အတွက် ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ယခုအခါ (၃) ပွဲပယ် ပြစ်ဒဏ်ကို ခံရတော့မှာ ဖြစ်ပါတယ်။

တစ်ယောက်လျော့ကစားခဲ့ရတဲ့ အာဆင်နယ်အသင်းကို လိဒ်ယူနိုက်တက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိလို့ အာဆင်နယ်အသင်းဟာ သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နီကိုးလပ်စ်ပီပီက အင်စတာဂရမ်ကနေ တစ်ဆင့် တောင်းပန်စကားပြောသွားခဲ့ပါတယ်။

“အရေးပါတဲ့အချိန်မှာ ကျွန်တော်ဟာ အသင်းကို ဒုက္ခရောက်စေခဲ့ပါတယ်။ ကျွန်တော့်လုပ်ရပ်နဲ့ ပတ်သက်ပြီး ဆင်ခြေပေးစရာမရှိပါဘူး။ ပရိသတ်တွေအတွက်လည်း အရမ်းကို ဝမ်းနည်းမိပါတယ်။ အသင်းဖော်တွေ၊ နည်းပြ နဲ့ အသင်းက ရှိတဲ့လူအားလုံးကို ကျွန်တော်တောင်းပန်ပါတယ်” လို့ ပီပီက ရေးသားသွားခဲ့တာဖြစ်ပါတယ်။

လိဒ္ယူႏိုက္တက္ နဲ႔ ပြဲတုန္းက အထုတ္ခံခဲ့ရတဲ့အေပၚ ပရိသတ္ေတြနဲ႔ အသင္းေဖာ္ေတြကို ေတာင္းပန္လိုက္တဲ့ အာဆင္နယ္ကစားသမား နီကိုးလပ္စ္ပီပီ

အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား နီကိုးလပ္စ္ပီပီက ဒီတစ္ပတ္ကစားခဲ့တဲ့ လိဒ္ယူႏိ္ုကတက္အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲမွာ ထုတ္ပယ္ျခင္းခံခဲ့ရတဲ့အတြက္ လူမႈကြန္ယက္ကေန တစ္ဆင့္ေတာင္းပန္သြားခဲ့ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ လိဒ္ယူႏိုက္တက္ကစားသမား အယ္လီယိုစကီး ကို ဒုတိယပိုင္းအစမွ ေခါင္းနဲ႔ တိုက္ခဲ့တဲ့အတြက္ ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ ယခုအခါ (၃) ပြဲပယ္ ျပစ္ဒဏ္ကို ခံရေတာ့မွာ ျဖစ္ပါတယ္။

တစ္ေယာက္ေလ်ာ့ကစားခဲ့ရတဲ့ အာဆင္နယ္အသင္းကို လိဒ္ယူႏိုက္တက္အသင္းကို ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိလို႔ အာဆင္နယ္အသင္းဟာ သေရတစ္မွတ္ရယူႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္နဲ႔ ပတ္သက္ၿပီး နီကိုးလပ္စ္ပီပီက အင္စတာဂရမ္ကေန တစ္ဆင့္ ေတာင္းပန္စကားေျပာသြားခဲ့ပါတယ္။

“အေရးပါတဲ့အခ်ိန္မွာ ကၽြန္ေတာ္ဟာ အသင္းကို ဒုကၡေရာက္ေစခဲ့ပါတယ္။ ကၽြန္ေတာ့္လုပ္ရပ္နဲ႔ ပတ္သက္ၿပီး ဆင္ေျခေပးစရာမရွိပါဘူး။ ပရိသတ္ေတြအတြက္လည္း အရမ္းကို ၀မ္းနည္းမိပါတယ္။ အသင္းေဖာ္ေတြ၊ နည္းျပ နဲ႔ အသင္းက ရွိတဲ့လူအားလံုးကို ကၽြန္ေတာ္ေတာင္းပန္ပါတယ္” လို႔ ပီပီက ေရးသားသြားခဲ့တာျဖစ္ပါတယ္။