ဆာလာက လီဗာပူးလ်အသင်းအတွက် မရှိမဖြစ် ကစားသမား မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ် ဂိုးသမားဟောင်း

လီဗာပူးလ် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က ဆာလာဟာ ယာဂင်ကလော့ပ်အသင်းအတွက် ဂိုးတွေ သွင်းပေးနေသော်လည်း မရှိမဖြစ် ကစားသမား တစ်ယောက် မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ဆာလာဟာ အန်ဖီးလ်ကို စရောက်လာကတည်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် တစ်ယောက်ဖြစ်လာပြီး ပြိုင်ပွဲစုံ (၁၆၅) ပွဲကစားကာ (၁၀၄) ဂိုးသွင်းထားပြီး ဒီရာသီ (၈) ပွဲကစားပြီး (၈) ဂိုးသွင်းပေးထားသူလည်း ဖြစ်ပါတယ်။

လက်ရွေးစင်အသင်းပွဲတွေကစားတုန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ဆာလာဟာ ယခုတစ်ပတ်ကစားခဲ့တဲ့ လီဗာပူးလ်အသင်း နဲ့ လက်စတာပွဲကို လွဲချော်ခဲ့ရပါတယ်။ အဆိုပါ အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလာမပါပေမယ့်လည်း လီဗာပူးလ်က (၃-ဝ) နဲ့ အနိုင်ရခဲ့ပြီး ဒီယိုဂို ဂျိုတာ က (၁) ဂိုးသွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဆာလာက လီဗာပူးလ်အသင်းအတွက် မရှိမဖြစ် မဟုတ်ဘူးလို့ ဂျိမ်းစ်က ပြောသွားခဲ့ပါတယ်။

“မှန်ကန်တဲ့ ဈေးဖြစ်မယ်ဆိုရင် ဘယ်ကစားသမားကိုမဆို ရောင်းချသွားမှာပါ။ အားလုံးက ဈေးအပေါ်မူတည်ပါတယ်။ ဆာလာ သာ မန်စီးတီးကို သွားမယ်ဆိုရင် ဒါက လီဗာပူးလ်အသင်းအတွက် ကောင်းတဲ့ စီးပွားရေး မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူသာ အခြားလိဂ် အခြားနိုင်ငံတစ်ခုကို သွားမယ်ဆိုရင်တော့ ပိုပြီး အဓိပ္ပါယ်ရှိတာပေါ့။ လီဗာပူးလ်က ဆာလာအပေါ် မှီခိုနေတယ်လို့လည်း ကျွန်တော်မထိငပါဘူး။ ဒါက နည်းပြ ယာဂင်ကလော့ပ်အတွက်တော့ ကောင်းတဲ့ ကိစ္စပါ။ သို့သောလည်း သူအနေနဲ့ အစားထိုးဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ဆာလာဟာ မရှိမဖြစ် ကစားသမားမဟုတ်ပါဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ကလည်း ဆာလာဟာ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သွားပြီဖြစ်လို့ အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်ရောက်လာပြီး ဗုဒ္ဓဟူးနေ့ကစားမယ့် အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို ကစားရန် ပြင်ဆင်နေပြီလို့ ပြောသွားခဲ့ပါတယ်။

ဆာလာက လီဗာပူးလ္အသင္းအတြက္ မရွိမျဖစ္ ကစားသမား မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ လီဗာပူးလ္ ဂိုးသမားေဟာင္း

လီဗာပူးလ္ ဂိုးသမားေဟာင္း ေဒးဗစ္ဂ်ိမ္းစ္က ဆာလာဟာ ယာဂင္ကေလာ့ပ္အသင္းအတြက္ ဂိုးေတြ သြင္းေပးေနေသာ္လည္း မရွိမျဖစ္ ကစားသမား တစ္ေယာက္ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ဆာလာဟာ အန္ဖီးလ္ကို စေရာက္လာကတည္းက ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ တစ္ေယာက္ျဖစ္လာၿပီး ၿပိဳင္ပြဲစံု (၁၆၅) ပြဲကစားကာ (၁၀၄) ဂိုးသြင္းထားၿပီး ဒီရာသီ (၈) ပြဲကစားၿပီး (၈) ဂိုးသြင္းေပးထားသူလည္း ျဖစ္ပါတယ္။

လက္ေရြးစင္အသင္းပြဲေတြကစားတုနး္က ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ ဆာလာဟာ ယခုတစ္ပတ္ကစားခဲ့တဲ့ လီဗာပူးလ္အသင္း နဲ႔ လက္စတာပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။ အဆိုပါ အႏိုင္ရခဲ့တဲ့ပြဲမွာ ဆာလာမပါေပမယ့္လည္း လီဗာပူးလ္က (၃-၀) နဲ႔ အႏိုင္ရခဲ့ၿပီး ဒီယိုဂို ဂ်ိဳတာ က (၁) ဂိုးသြင္းေပးခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းမယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ဆာလာက လီဗာပူးလ္အသင္းအတြက္ မရွိမျဖစ္ မဟုတ္ဘူးလို႔ ဂ်ိမ္းစ္က ေျပာသြားခဲ့ပါတယ္။

“မွန္ကန္တဲ့ ေစ်းျဖစ္မယ္ဆိုရင္ ဘယ္ကစားသမားကိုမဆို ေရာင္းခ်သြားမွာပါ။ အားလံုးက ေစ်းအေပၚမူတည္ပါတယ္။ ဆာလာ သာ မန္စီးတီးကို သြားမယ္ဆိုရင္ ဒါက လီဗာပူးလ္အသင္းအတြက္ ေကာင္းတဲ့ စီးပြားေရး မဟုတ္ဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူသာ အျခားလိဂ္ အျခားႏိုင္ငံတစ္ခုကို သြားမယ္ဆိုရင္ေတာ့ ပိုၿပီး အဓိပၸါယ္ရွိတာေပါ့။ လီဗာပူးလ္က ဆာလာအေပၚ မွီခိုေနတယ္လို႔လည္း ကၽြန္ေတာ္မထိငပါဘူး။ ဒါက နည္းျပ ယာဂင္ကေလာ့ပ္အတြက္ေတာ့ ေကာင္းတဲ့ ကိစၥပါ။ သို႔ေသာလည္း သူအေနနဲ႔ အစားထိုးဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ဆာလာဟာ မရွိမျဖစ္ ကစားသမားမဟုတ္ပါဘူး” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ကေလာ့ပ္ကလည္း ဆာလာဟာ ကိုဗစ္-၁၉ ေရာဂါပိုး ကင္းစင္သြားၿပီျဖစ္လို႔ အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္ေရာက္လာၿပီး ဗုဒၶဟူးေန႔ကစားမယ့္ အတၱလႏာၱအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ကစားရန္ ျပင္ဆင္ေနၿပီလို႔ ေျပာသြားခဲ့ပါတယ္။