အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ လင်ဂတ် ကိုဗစ်ရောဂါပိုး ရှိတဲ့သူနဲ့ ထိတွေ့ခဲ့လို့ သီးသန့်နေထိုင်နေရတယ်လို့ ပြောသွားတဲ့ နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လင်ဂတ်ဟာ ကိုဗစ်-၁၉ ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့ခဲ့လို့ ယခုအခါ သီးသန့်နေထိုင်နေရတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် (၂) ပွဲသာ ကစားခွင့်ရခဲ့တဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်အသင်းကနေ ထွက်ခွာရန် နီးစပ်ခဲ့ပါတယ်။

“လင်ဂတ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိတဲ့သူတစ်ယောက် နဲ့ ထိတွေခဲ့လို့ သီးသန့်နေထိုင်နေရပါတယ်။ သူမကြာခင် ပြန်လာနိုင်မယ်လို့ မျှော်ငလ့်ပါတယ်။ ဒီမနက်မှာလည်း သူဟာ လေ့ကျင့်ရေးလုပ်နေပါတယ်။

တစ်ခုခုထူးခြားရင်တော့ ကျွန်တော်တို့ သတင်းထုတ်ပြန်သွားမှာပါ။ လုခ်ရှော ကော ဖီးလ်ဂျုံးစ်ကော ပြန်မကစားနိုင်သေးပါဘူး”လို့ ဆိုးလ်ရှားက အင်္ဂါနေ့ည ကစားမယ့် အစ္စတန်ဘူလ် ဘာဆက်ရှီး အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။



