သောမတ်စ်ပါတေး မရှိရင် အာဆင်နယ်အသင်းက သာမန်အဆင့်ပဲ ရှိတယ်လို့ ဆိုလိုက်တဲ့ ဂန္တဝင်ကစားသမား တိုနီအဒမ်

အာဆင်နယ်အသင်းဟာ နွေရာသီတုန်းက ခေါ်ယူထားတဲ့ သောမတ်စ်ပါတေးသာ ပါဝင်မကစားနိုင်ပါက သာမန်အဆင့်ပဲ ရှိတယ်လို့ အသင်းဂန္တဝင်ကစားသမား တိုနီအဒမ်စ်က ပြောသွားခဲ့တာဖြစ်ပါတယ်။ ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ တနင်္ဂနွေနေ့က လိဒ်ယူနိုက်တက် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

အဒမ်စ်က “ကျွန်တော်တို့ ယူနိုက်တက်နဲ့ ပွဲတုန်းက စွမ်းဆောင်ခဲ့တဲ့ သောမတ်စ်ပါတေးကို တစ်ကယ်ကို လွမ်းမိပါတယ်။ အဲ့ဒီတုန်းက အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းက တစ်ကယ်ကို အရည်အသွေးရှိခဲ့ပါတယ်။ ဒါဟာ အခြားကစားသမားတွေကို ကစားခွင့်ပေးလိုက်သလိုပါပဲ။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့လို့ ကျွန်တော်တို့ဟာ သာမန်အသင်းပုံစံ ဖြစ်နေပါတယ်။

အက်စတွန်ဗီလာ နဲ့ ပွဲတုန်းကတော့ နောက်ခံအစွန်လူတွေကြောင့် ရလဒ်ဆိုးခဲ့တာဖြစ်ပြီး ယူနိုက်တက် နဲ့ ပွဲတုန်းကတော့ အရမ်းကို အံ့အားသင့်ဖို့ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ခြေစွမ်းတည်ငြိမ်ဖို့ လည်း လိုအပ်နေပါပြီ” လို့ သတင်းထောက်များကို ပြောခဲ့တာ ဖြစ်ပါတယ်။

ေသာမတ္စ္ပါေတး မရွိရင္ အာဆင္နယ္အသင္းက သာမန္အဆင့္ပဲ ရွိတယ္လို႔ ဆိုလိုက္တဲ့ ဂႏၲ၀င္ကစားသမား တိုနီအဒမ္

အာဆင္နယ္အသင္းဟာ ေႏြရာသီတုန္းက ေခၚယူထားတဲ့ ေသာမတ္စ္ပါေတးသာ ပါ၀င္မကစားႏိုင္ပါက သာမန္အဆင့္ပဲ ရွိတယ္လို႔ အသင္းဂႏၲ၀င္ကစားသမား တိုနီအဒမ္စ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဂါနာလက္ေရြးစင္ကြင္းလယ္ကစားသမားဟာ တနဂၤေႏြေန႔က လိဒ္ယူႏိုက္တက္ အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ပါ၀င္ကစားႏိုင္ျခင္း မရွိခဲ့ပါဘူး။

အဒမ္စ္က “ကၽြန္ေတာ္တို႔ ယူႏိုက္တက္နဲ႔ ပြဲတုန္းက စြမ္းေဆာင္ခဲ့တဲ့ ေသာမတ္စ္ပါေတးကို တစ္ကယ္ကို လြမ္းမိပါတယ္။ အဲ့ဒီတုနး္က အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ပိုင္းက တစ္ကယ္ကို အရည္အေသြးရွိခဲ့ပါတယ္။ ဒါဟာ အျခားကစားသမားေတြကို ကစားခြင့္ေပးလိုက္သလိုပါပဲ။ ကၽြန္ေတာ္တို႔ မလုပ္ႏိုင္ခဲ့လို႔ ကၽြန္ေတာ္တို႔ဟာ သာမန္အသင္းပံုစံ ျဖစ္ေနပါတယ္။

အက္စတြန္ဗီလာ နဲ႔ ပြဲတုန္းကေတာ့ ေနာက္ခံအစြန္လူေတြေၾကာင့္ ရလဒ္ဆိုးခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ နဲ႔ ပြဲတုန္းကေတာ့ အရမး္ကို အံ့အားသင့္ဖို႔ ေကာင္းခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ေျခစြမ္းတည္ၿငိမ္ဖို႔ လည္း လိုအပ္ေနပါၿပီ” လို႔ သတင္းေထာက္မ်ားကို ေျပာခဲ့တာ ျဖစ္ပါတယ္။