ဂိုးသမား ဟန်ဒါဆန်ရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုသွားတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဂိုးသမား ဟန်ဒါဆန်ဟာ ပွဲကစားချိန် နည်းပါးနေသော်လည်း အသင်းမှာပဲ ဆက်နေချင်သူဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ရှက်ဖီးယူနိုက်တက်မှာ အောင်မြင်တဲ့ ဘောလုံးရာသီ (၂) ရာသီကို အငှားသွားရောက် ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီက အိုးထရက်ဖိုဒ့်နဲ့ ကာလရှည် စာချုပ ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟာ ဒီရာသီမှာ ကာရာဘောင်ဖလား (၂) ပွဲ နဲ့ ချန်ပီယံလိဂ် (၁) ပွဲ စုစုပေါင်း (၃) ပွဲသာ ကစားခွင့်ရထားပါတယ်။ ဒီဂီယာ ရဲ့ နောက်မှသာ ပွဲထွက်ခွင့် ရနေတဲ့ ဟန်ဒါဆန်ဟာ နောက်နွေရာသီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက် ပုံမှန်ကစားခွင့် လိုအပ်နေသူ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက် နဲ့ ဘရိုက်တန်အသင်းတို့ဟာ ဟန်ဒါဆန်ကို အငှားနဲ့ ခေါ်ယူချင်နေပေမယ့် ဆိုးလ်ရှားကတော့ ဂိုးသမားဟာ လက်ရှိယူနိုက်တက်မှာ ရှိနေတဲ့ အခြေအနေကို ပျော်ရွှင်ကျေနပ်နေတယ်လို့ ပြောခဲ့ပါတယ်။

“ဒင်းဆီက ပြိုင်ဆိုင်လိုစိတ် နဲ့ ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်ပါတယ်။ သူ ရွေးချယ်မှု မမှားပါဘူး။ သူကလည်း ယူနိုက်တက်မှာ နေချင်ပြီး ယူနိုက်တက်အတွက် ကစားပေးချင်သူပါ။ သူဟာ လေ့ကျင့်ရေးလည်း ကောင်းကောင်းလုပ်နေပြီး အကောင်းဆုံးဖြစ်ဖို့ အလားအလာရှိသူပါ” လို့ ဆိုးလ်ရှားက အင်္ဂါနေ့ညမှာ အစ္စတန်ဘူလ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမား ဟန္ဒါဆန္ရဲ႕ အေျပာင္းအေရႊ႕သတင္းေတြနဲ႔ ပတ္သက္ၿပီး ေျပာဆိုသြားတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ဂိုးသမား ဟန္ဒါဆန္ဟာ ပြဲကစားခ်ိန္ နည္းပါးေနေသာ္လည္း အသင္းမွာပဲ ဆက္ေနခ်င္သူျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ရွက္ဖီးယူႏိုက္တက္မွာ ေအာင္ျမင္တဲ့ ေဘာလံုးရာသီ (၂) ရာသီကို အငွားသြားေရာက္ ျဖတ္သန္းခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီက အိုးထရက္ဖိုဒ့္နဲ႔ ကာလရွည္ စာခ်ဳပ ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း အဂၤလန္လက္ေရြးစင္ ဂိုးသမားဟာ ဒီရာသီမွာ ကာရာေဘာင္ဖလား (၂) ပြဲ နဲ႔ ခ်န္ပီယံလိဂ္ (၁) ပြဲ စုစုေပါင္း (၃) ပြဲသာ ကစားခြင့္ရထားပါတယ္။ ဒီဂီယာ ရဲ႕ ေနာက္မွသာ ပြဲထြက္ခြင့္ ရေနတဲ့ ဟန္ဒါဆန္ဟာ ေနာက္ေႏြရာသီမွာ က်င္းပမယ့္ ယူ႐ိုၿပိဳင္ပြဲအတြက္ ပံုမွန္ကစားခြင့္ လိုအပ္ေနသူ ျဖစ္ပါတယ္။ လိဒ္ယူႏိုက္တက္ နဲ႔ ဘ႐ိုက္တန္အသင္းတို႔ဟာ ဟန္ဒါဆန္ကို အငွားနဲ႔ ေခၚယူခ်င္ေနေပမယ့္ ဆိုးလ္ရွားကေတာ့ ဂိုးသမားဟာ လက္ရွိယူႏိုက္တက္မွာ ရွိေနတဲ့ အေျခအေနကို ေပ်ာ္ရႊင္ေက်နပ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

“ဒင္းဆီက ၿပိဳင္ဆိုင္လိုစိတ္ နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္ ေပ်ာ္ရႊင္ပါတယ္။ သူ ေရြးခ်ယ္မႈ မမွားပါဘူး။ သူကလည္း ယူႏိုက္တက္မွာ ေနခ်င္ၿပီး ယူႏိုက္တက္အတြက္ ကစားေပးခ်င္သူပါ။ သူဟာ ေလ့က်င့္ေရးလည္း ေကာင္းေကာင္းလုပ္ေနၿပီး အေကာင္းဆံုးျဖစ္ဖို႔ အလားအလာရွိသူပါ” လို႔ ဆိုးလ္ရွားက အဂၤါေန႔ညမွာ အစၥတန္ဘူလ္အသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမတိုင္မီ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။