၁၅ နှစ်အကြာမှ ငယ်ဘ၀ ကလပ်အတွက် ဂိုးပြန်သွင်းပေးရတာ ကလေးတစ်ယောက်လို ခံစားရတယ်လို့ ဆိုလိုက်တဲ့ ဆောက်သမ်တန်ကစားသမား ဝဲလ်ကော့

ဝဲလ်ကော့က ၁၅ နှစ်လောက်အကြာမှ ငယ်ဘဝကလပ်အသင်းအတွက် ဂိုးသွင်းပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ်နဲ့ စိန့်ဂျိမ်းစ်ပတ်ခ်မှာ ကစားခွင့်ရခဲ့တဲ့ ဝဲလ်ကော့ဟာ အာဆင်နယ်အသင်းမှာ (၁၂) နှစ်လောက်ကစားခဲ့ပြီး အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

အဲ့ဒီနောက ်အောက်တိုဘာလက ဆောက်သမ်တန်အသင်းဆီ အငှားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲမှာ ဝဲလ်ကော့ဟာ အဖွင့်ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် (၄၇) ပွဲကစားထားခဲ့တဲ့ ဝဲလ်ကော့က ဆောက်သမ်တန်အသင်းအတွက် ပြန်ပြီးဂိုးသွင်းပေးနိုင်တဲ့အပေါ် ပြောသွားခဲ့ပါတယ်။

“ ဒါနဲ့ ပတ်သက်ပြီး အရမ်းကိုဂုဏ်ယူမိပါတယ်။ ကျွန်တော်အသက် ၃၁ နှစ်ရှိနေပြီဖြစ်ပေမယ့် ကလေး တစ်ယောက်လိုပါပဲ။ ဒါက ကျွန်တော် ဒီမှာ အကြာကြီးကစားနိုင်သေးတယ်လို့ ဆိုလိုတာပါပဲ။ ကျွန်တော်ပရီးမီးယားလိဂ်မှာ ကစားရတာကို နှစ်သက်ပါတယ်။ ဆောက်သမ်တန်အသင်းအတွက် ကစားပေးရတာကို ပျော်ရွှင်မိပါတယ်။ ဒီအသင်းက ကျွန်တော့် နှလုံးသားနဲ့ အနီးဆုံး တစ်နေရာမှာ ရှိနေတာပါ။ ဆောက်သမ်တန်အသင်းရဲ့ တိုးတက်မှုအပိုင်းမှာ ကျွန်တော်လည်း တစ်စိတ်တစ်ပိုင်းနေရာက ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဝဲလ်ကော့ ကပြောခဲ့တာ ဖြစ်ပါတယ်။

၁၅ ႏွစ္အၾကာမွ ငယ္ဘ၀ ကလပ္အတြက္ ဂိုးျပန္သြင္းေပးရတာ ကေလးတစ္ေယာက္လို ခံစားရတယ္လို႔ ဆိုလိုက္တဲ့ ေဆာက္သမ္တန္ကစားသမား ဝဲလ္ေကာ့

ဝဲလ္ေကာ့က ၁၅ ႏွစ္ေလာက္အၾကာမွ ငယ္ဘ၀ကလပ္အသင္းအတြက္ ဂိုးသြင္းေပးခဲ့တာနဲ႔ ပတ္သက္ၿပီး ေျပာသြားခဲ့ပါတယ္။ အသက္ ၁၆ ႏွစ္အရြယ္နဲ႔ စိန္႔ဂ်ိမ္းစ္ပတ္ခ္မွာ ကစားခြင့္ရခဲ့တဲ့ ဝဲလ္ေကာ့ဟာ အာဆင္နယ္အသင္းမွာ (၁၂) ႏွစ္ေလာက္ကစားခဲ့ၿပီး အဲဗာတန္အသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။

အဲ့ဒီေနာက ္ေအာက္တိုဘာလက ေဆာက္သမ္တန္အသင္းဆီ အငွားနဲ႔ ျပန္ေရာက္လာခဲ့ပါတယ္။ တနဂၤေႏြေန႔က ကစားခဲ့တဲ့ ဝုလ္ဗ္အသင္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ပြဲမွာ ဝဲလ္ေကာ့ဟာ အဖြင့္ဂိုးသြင္းေပးခဲ့သူ ျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းႀကီးအတြက္ (၄၇) ပြဲကစားထားခဲ့တဲ့ ဝဲလ္ေကာ့က ေဆာက္သမ္တန္အသင္းအတြက္ ျပန္ၿပီးဂိုးသြင္းေပးႏိုင္တဲ့အေပၚ ေျပာသြားခဲ့ပါတယ္။

“ ဒါနဲ႔ ပတ္သက္ၿပီး အရမ္းကိုဂုဏ္ယူမိပါတယ္။ ကၽြန္ေတာ္အသက္ ၃၁ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ ကေလး တစ္ေယာက္လိုပါပဲ။ ဒါက ကၽြန္ေတာ္ ဒီမွာ အၾကာႀကီးကစားႏိုင္ေသးတယ္လို႔ ဆိုလိုတာပါပဲ။ ကၽြန္ေတာ္ပရီးမီးယားလိဂ္မွာ ကစားရတာကို ႏွစ္သက္ပါတယ္။ ေဆာက္သမ္တန္အသင္းအတြက္ ကစားေပးရတာကို ေပ်ာ္ရႊင္မိပါတယ္။ ဒီအသင္းက ကၽြန္ေတာ့္ ႏွလံုးသားနဲ႔ အနီးဆံုး တစ္ေနရာမွာ ရွိေနတာပါ။ ေဆာက္သမ္တန္အသင္းရဲ႕ တိုးတက္မႈအပိုင္းမွာ ကၽြန္ေတာ္လည္း တစ္စိတ္တစ္ပိုင္းေနရာက ပါ၀င္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ဝဲလ္ေကာ့ ကေျပာခဲ့တာ ျဖစ္ပါတယ္။