မန်စီးတီးအသင်းကို ပြန်လည်တည်ဆောက်မယ့် ဂွါဒီယိုလာ ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူရန် နံပါတ် (၁) ပစ်မှတ်ထားပြီး ဒီဘရိုင်းကလည်း ထောက်ခံ

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းကို ပြန်လည်တည်ဆောက်ရန်အတွက် အက်စတွန်ဗီလာကြယ်ပွင့် ဂျက်ဂရီလစ်ရှ်ကို အဓိက ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ (၂) နှစ်စာချုပ်သက်တမ်း တိုးခဲ့ပြီးနောက် အသင်းကို ထပ်မံအင်အားတောင့်တင်းရန် လုပ်ချင်နေတာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျက်ဂရီလစ်ရှ်ဟာ ဒီရာသီမှာလည်း အက်စတွန်ဗီလာအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြထားသူပါ။

သတင်းများအရ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဂျက်ဂရီလစ်ရှ်အကြောင်းကို ဒီဘရိုင်းကို ပြောခဲ့တယ်လို့ သိရပါတယ်။ ဒီဘရိုင်းဟာ မကြာသေးခင်ကမှ အင်္ဂလန် နဲ့ ဘယ်လ်ဂျီယံပွဲမှာ ဂျက်ဂရီလစ်ရှ်နဲ့ ရင်ဆိုင်ကစားခဲ့သူဖြစ်ပြီး ခေါ်ယူရန် ကြိုးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူရန် လွယ်ကူမှာ မဟုတ်သော်လည်း အက်စတွန်ဗီလာအသင်းကတော့ ပေါင်သန်း ၁၀၀ အထက် လောက် တောင်းဆိုဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက ဆက်သွယ်ခဲ့တဲ့ ဂျက်ဂရီလစ်ရှ်ဟာ စက်တင်ဘာလကမှာ အသင်းနဲ့ (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး (၈) ပွဲကစားပြီး (၁၂) မှတ်ရကာ အဆင့် (၁၃) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မန္စီးတီးအသင္းကို ျပန္လည္တည္ေဆာက္မယ့္ ဂြါဒီယိုလာ ဂ်က္ဂရီလစ္ရွ္ကို ေခၚယူရန္ နံပါတ္ (၁) ပစ္မွတ္ထားၿပီး ဒီဘ႐ိုင္းကလည္း ေထာက္ခံ

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ အသင္းကို ျပန္လည္တည္ေဆာက္ရန္အတြက္ အက္စတြန္ဗီလာၾကယ္ပြင့္ ဂ်က္ဂရီလစ္ရွ္ကို အဓိက ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဂြါဒီယိုလာဟာ မန္စီးတီးအသင္းနဲ႔ (၂) ႏွစ္စာခ်ဳပ္သက္တမ္း တိုးခဲ့ၿပီးေနာက္ အသင္းကို ထပ္မံအင္အားေတာင့္တင္းရန္ လုပ္ခ်င္ေနတာ ျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္ကစားသမား ဂ်က္ဂရီလစ္ရွ္ဟာ ဒီရာသီမွာလည္း အက္စတြန္ဗီလာအသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပထားသူပါ။

သတင္းမ်ားအရ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဂ်က္ဂရီလစ္ရွ္အေၾကာင္းကို ဒီဘ႐ိုင္းကို ေျပာခဲ့တယ္လို႔ သိရပါတယ္။ ဒီဘ႐ိုင္းဟာ မၾကာေသးခင္ကမွ အဂၤလန္ နဲ႔ ဘယ္လ္ဂ်ီယံပြဲမွာ ဂ်က္ဂရီလစ္ရွ္နဲ႔ ရင္ဆိုင္ကစားခဲ့သူျဖစ္ၿပီး ေခၚယူရန္ ႀကိဳးစားသင့္တယ္လို႔ ေျပာခဲ့ပါတယ္။

ဂ်က္ဂရီလစ္ရွ္ကို ေခၚယူရန္ လြယ္ကူမွာ မဟုတ္ေသာ္လည္း အက္စတြန္ဗီလာအသင္းကေတာ့ ေပါင္သန္း ၁၀၀ အထက္ ေလာက္ ေတာင္းဆိုဖြယ္ရွိေနတာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းက ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕တုန္းက ဆက္သြယ္ခဲ့တဲ့ ဂ်က္ဂရီလစ္ရွ္ဟာ စက္တင္ဘာလကမွာ အသင္းနဲ႔ (၅) ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ မန္စီးတီးအသင္းကေတာ့ ဒီရာသီပရီးမီးယားလိဂ္မွာ ႐ုနး္ကန္ေနရၿပီး (၈) ပြဲကစားၿပီး (၁၂) မွတ္ရကာ အဆင့္ (၁၃) ေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။