ဂျီရူးကို ဇန်နဝါရီရောက်ရင် အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ်ရှိနေတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဂျီရူးရဲ့ စွမ်းဆောင်ပေးမှုတွေကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့်ပေးချင်နေတယ်လို့ သိရပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းကို ရောက်ရှိလာတဲ့ တီမိုဝါနာ နဲ့ ကိုင်ဟာဗက်ဇ်တို့ အပြင် အသင်းက တိုက်စစ်မှူး အေဘရာဟမ်ကလည်း ခြေစွမ်းပြနေတဲ့အတွက် ပြင်သစ်တိုက်စစ်မှူးဟာ ပွဲကစားချိန် မရှိသလောက် ဖြစ်နေပါတယ်။

အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ဒီရာသီ ချဲလ်ဆီးအသင်းအတွက် တစ်ပွဲတောင် ပွဲထွက်ကစားခွင့်မရသေးပဲ အရန်ခုံမှာပဲ ထိုင်နေရပါတယ်။ သတင်းများအရ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ (၃) နှစ်အတွင်း အသင်းအတွက်စွမ်းဆောင်ပေးထားတဲ့ ဂျီရူးကို ပုံမှန်ကစားခွင့်ရရှိရန်အတွက် အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ်ရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အရင်တုန်းကလည်း ဖာဘရီဂတ်စ် နဲ့ အိုင်ဗန်နိုဗစ်တို့ကို အလားတူ ယခုလိုမျိုး အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ရန် လုပ်ပေးခဲ့ဖူးပြီး ဂိုးသမား ပီတာချက်ကိုလည်း ၂၀၁၅ ခုနှစ်တုန်းက အသင်းကနေ လွတ်လွတ်လပ်လပ် ထွက်ခွင့်ပေးခဲ့ပါတယ်။ သို့သော်လည်း အခြားသတင်းများအရ ဆောင်းရာသီမှာ ချဲလ်ဆီးအသင်းက တိုက်စစ်မှူးတွေ ဒဏ်ရာအနာတရာ ဖြစ်မဖြစ် အခြေအနေပေါ်မူတည်ပြီးမှ ဂျီရူးရဲ့ အနာဂတ်ကို ဆုံးဖြတ်မယ်လို့လည်း သိရပါတယ်။

ဂ်ီ႐ူးကို ဇန္နဝါရီေရာက္ရင္ အသင္းကေန ထြက္ခြာခြင့္ ေပးဖြယ္ရွိေနတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ တိုက္စစ္မွဴး ဂ်ီ႐ူးရဲ႕ စြမ္းေဆာင္ေပးမႈေတြေၾကာင့္ ေက်းဇူးတင္တဲ့အေနနဲ႔ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာခြင့္ေပးခ်င္ေနတယ္လို႔ သိရပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းကို ေရာက္ရွိလာတဲ့ တီမိုဝါနာ နဲ႔ ကိုင္ဟာဗက္ဇ္တို႔ အျပင္ အသင္းက တိုက္စစ္မွဴး ေအဘရာဟမ္ကလည္း ေျခစြမ္းျပေနတဲ့အတြက္ ျပင္သစ္တိုက္စစ္မွဴးဟာ ပြဲကစားခ်ိန္ မရွိသေလာက္ ျဖစ္ေနပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီ ခ်ဲလ္ဆီးအသင္းအတြက္ တစ္ပြဲေတာင္ ပြဲထြက္ကစားခြင့္မရေသးပဲ အရန္ခံုမွာပဲ ထိုင္ေနရပါတယ္။ သတင္းမ်ားအရ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ (၃) ႏွစ္အတြင္း အသင္းအတြက္စြမ္းေဆာင္ေပးထားတဲ့ ဂ်ီ႐ူးကို ပံုမွန္ကစားခြင့္ရရွိရန္အတြက္ အသင္းကေန ထြက္ခြာခြင့္ ေပးဖြယ္ရွိေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အရင္တုနး္ကလည္း ဖာဘရီဂတ္စ္ နဲ႔ အိုင္ဗန္ႏိုဗစ္တို႔ကို အလားတူ ယခုလိုမ်ိဳး အသင္းကေန ထြက္ခြာခြင့္ေပးခဲ့ရန္ လုပ္ေပးခဲ့ဖူးၿပီး ဂိုးသမား ပီတာခ်က္ကိုလည္း ၂၀၁၅ ခုႏွစ္တုနး္က အသင္းကေန လြတ္လြတ္လပ္လပ္ ထြက္ခြင့္ေပးခဲ့ပါတယ္။ သို႔ေသာ္လည္း အျခားသတင္းမ်ားအရ ေဆာင္းရာသီမွာ ခ်ဲလ္ဆီးအသင္းက တိုက္စစ္မွဴးေတြ ဒဏ္ရာအနာတရာ ျဖစ္မျဖစ္ အေျခအေနေပၚမူတည္ၿပီးမွ ဂ်ီ႐ူးရဲ႕ အနာဂတ္ကို ဆံုးျဖတ္မယ္လို႔လည္း သိရပါတယ္။