အနာဂတ်မှာ ဒီကလန်ရိုက် ထွက်ခွာသွားမှာကို ဝက်စ်ဟမ်းအသင်းလည်း သိတယ်လို့ ဆိုလိုက်တဲ့ အီဗရာ

ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက အနာဂတ်မှာ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီကလန်ရိုက်စ်ကို မဖြစ်မနေရောင်းချရမယ်ဆိုတာကို နားလည်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီကလန်ရိုက်ဟာ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအသင်းအတွက်လည်း အဓိက အခန်းကဏ္ဍကနေ စွမ်းဆောင်ပေးထားပြီး နောက်နွေရာသီမှာ ကျင်းပမယ့် ယူရို ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြမယ်လို့ မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့နွေရာသီက လူငယ်ကစားသမားကို ချဲလ်ဆီးအသင်းက ခေါ်ယူရန် ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့ပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ဒါမှမဟုတ် ၂၀၂၀-၂၁ ဘောလုံးရာသီ အပြီးမှာ လည်း ထပ်မံ ကြိုးစားလာဖွယ်ရှိနေတာဖြစ်ပါတယ်။ အီဗရာက ဒေးဗစ်မိုယက်စ်အသင်းအနေနဲ့ အသက် ၂၁ နှစ်အရွယ်ကစားသမားကို အမြဲတမ်း ထိန်းသိမ်းသွားလို့ မရဘူးလို့ ပြောသွားခဲ့ပါတယ်။

“မိုယက်စ်က သူ့ကို အသင်းခေါင်းဆောင်ပေးထားတာ အသင်းရဲ့ အနာဂတ်အတွက်လို့ ထင်ပါတယ်။ နိုဘယ်ကို အရန်ခုံကို ပို့ထားဖို့က မလွယ်ကူပါဘူး။ သူတို့ သူ့ကို ဆုံးရှုံးရမယ်ဆိုတာကို သိပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းကြီးတွေက ဒီကလန်ကို စိတ်ဝင်စားနေကြပါတယ်။ အခုလောလောဆယ်တော့ သူဟာ ဝက်စ်ဟမ်းကစားသမား ဖြစ်နေပါတယ်။ ဒါကို ကျွန်တော် မအံ့သြပါဘူး” လို့ အီဗရာက စကိုင်းစပေါ့ သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီကလန်ရိုက်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

အနာဂတ္မွာ ဒီကလန္႐ိုက္ ထြက္ခြာသြားမွာကို ၀က္စ္ဟမ္းအသင္းလည္း သိတယ္လို႔ ဆိုလိုက္တဲ့ အီဗရာ

ယူႏိုက္တက္ေနာက္ခံလူေဟာင္း အီဗရာက အနာဂတ္မွာ ၀က္စ္ဟမ္းအသင္းအေနနဲ႔ ဒီကလန္႐ိုက္စ္ကို မျဖစ္မေနေရာင္းခ်ရမယ္ဆိုတာကို နားလည္ထားတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဒီကလန္႐ိုက္ဟာ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ၀က္စ္ဟမ္းအသင္းအတြက္လည္း အဓိက အခန္းက႑ကေန စြမ္းေဆာင္ေပးထားၿပီး ေနာက္ေႏြရာသီမွာ က်င္းပမယ့္ ယူ႐ို ၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္းအတြက္ ေျခစြမ္းျပမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက လူငယ္ကစားသမားကို ခ်ဲလ္ဆီးအသင္းက ေခၚယူရန္ ႀကိမ္ဖန္မ်ားစြာ ဆက္သြယ္ခဲ့ၿပီး လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕ ဒါမွမဟုတ္ ၂၀၂၀-၂၁ ေဘာလံုးရာသီ အၿပီးမွာ လည္း ထပ္မံ ႀကိဳးစားလာဖြယ္ရွိေနတာျဖစ္ပါတယ္။ အီဗရာက ေဒးဗစ္မိုယက္စ္အသင္းအေနနဲ႔ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို အၿမဲတမ္း ထိန္းသိမ္းသြားလို႔ မရဘူးလို႔ ေျပာသြားခဲ့ပါတယ္။

“မိုယက္စ္က သူ႔ကို အသင္းေခါင္းေဆာင္ေပးထားတာ အသင္းရဲ႕ အနာဂတ္အတြက္လို႔ ထင္ပါတယ္။ ႏိုဘယ္ကို အရန္ခံုကို ပို႔ထားဖို႔က မလြယ္ကူပါဘူး။ သူတို႔ သူ႔ကို ဆံုးရႈံးရမယ္ဆိုတာကို သိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသင္းႀကီးေတြက ဒီကလန္ကို စိတ္၀င္စားေနၾကပါတယ္။ အခုေလာေလာဆယ္ေတာ့ သူဟာ ၀က္စ္ဟမ္းကစားသမား ျဖစ္ေနပါတယ္။ ဒါကို ကၽြန္ေတာ္ မအံ့ၾသပါဘူး” လို႔ အီဗရာက စကိုင္းစေပါ့ သတင္းဌာနကို ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒီကလန္႐ိုက္ဟာ ၀က္စ္ဟမ္းအသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနပါေသးတယ္။