အဲရစ်ဆင်ကို ယူနိုက်တက် ဖရက်ဒ် ၊အာဆင်နယ်က ဇာခါ (၂) ယောက်ထဲက (၁) ယောက်နဲ့ အလဲအထပ် လုပ်ချင်နေတဲ့ အင်တာမီလန်အသင်း

အင်တာမီလန်အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်အတွက် အသင်းသစ်ရှာဖွေနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ စပါးကြယ်ပွင့်ဟောင်းဟာ အင်တာမီလန်အသင်းဆီ ပေါင် ၁၇.၅ သန်းနဲ့ ရောက်ရှိခဲ့ပေမယ့် စီးရီးအေမှာ အထိုင်ကျရန် ရုန်းကန်နေရသူ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ဒိန်းမတ်လက်ရွေးစင်ကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အလဲအထပ် လုပ်လို့ရရန် မျှော်လင့်နေတယ်လို့ သတင်းများအရ သိရပါတယ်။ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ဟာ အင်တာမီလန်ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်လာပေမယ့် သရဲနီအသင်းကလည်း ဘရာဇီးကွင်းလယ်လူကို အလဲအထပ်နဲ့ လက်မလွှတ်ခံမှာ မဟုတ်ပါဘူး။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ဆိုးလ်ရှားရဲ့အသင်းမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်လာသူပါ။ ပရီးမီးယားလိဂ်က အင်တာမီလန်အသင်း နောက်ထပ်ပစ်မှတ်ထားနေတဲ့ ကစားသမားက အာဆင်နယ်ကွင်းလယ်လူ ဇာခါပဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်လူဟာ အာတီတာရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့အပြောင်းအရွှေ့က သောမတ်စ်ပါတေးကို ခေါ်ယူထားလို့ လက်လွှတ်သွားနိုင်ဖွယ် ရှိနေပါတယ်။

အဲရစ္ဆင္ကို ယူႏိုက္တက္ ဖရက္ဒ္ ၊အာဆင္နယ္က ဇာခါ (၂) ေယာက္ထဲက (၁) ေယာက္နဲ႔ အလဲအထပ္ လုပ္ခ်င္ေနတဲ့ အင္တာမီလန္အသင္း

အင္တာမီလန္အသင္းဟာ ကြင္းလယ္လူ အဲရစ္ဆင္အတြက္ အသင္းသစ္ရွာေဖြေနဆဲျဖစ္ၿပီး ပရီးမီးယားလိဂ္ကို ျပန္လည္ေရာက္ရွိႏိုင္တယ္လို႔ သိရပါတယ္။ စပါးၾကယ္ပြင့္ေဟာင္းဟာ အင္တာမီလန္အသင္းဆီ ေပါင္ ၁၇.၅ သန္းနဲ႔ ေရာက္ရွိခဲ့ေပမယ့္ စီးရီးေအမွာ အထိုင္က်ရန္ ႐ုန္းကန္ေနရသူ ျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ ဒိန္းမတ္လက္ေရြးစင္ကစားသမားကို ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အလဲအထပ္ လုပ္လို႔ရရန္ ေမွ်ာ္လင့္ေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။ ယူႏိုက္တက္ကြင္းလယ္လူ ဖရက္ဒ္ဟာ အင္တာမီလန္ရဲ႕ ပစ္မွတ္ထဲမွာ ပါ၀င္လာေပမယ့္ သရဲနီအသင္းကလည္း ဘရာဇီးကြင္းလယ္လူကို အလဲအထပ္နဲ႔ လက္မလႊတ္ခံမွာ မဟုတ္ပါဘူး။

အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ဆိုးလ္ရွားရဲ႕အသင္းမွာ အဓိက ကစားသမားတစ္ေယာက္ျဖစ္လာသူပါ။ ပရီးမီးယားလိဂ္က အင္တာမီလန္အသင္း ေနာက္ထပ္ပစ္မွတ္ထားေနတဲ့ ကစားသမားက အာဆင္နယ္ကြင္းလယ္လူ ဇာခါပဲ ျဖစ္ပါတယ္။ ဆြစ္ဇာလန္ကြင္းလယ္လူဟာ အာတီတာရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕က ေသာမတ္စ္ပါေတးကို ေခၚယူထားလို႔ လက္လႊတ္သြားႏိုင္ဖြယ္ ရွိေနပါတယ္။