ဘရူနိုဖာနန်ဒက်စ်ရဲ့ ခုန်ပြီး ကန်တဲ့ ပင်နယ်တီ ကန်နည်းစနစ်ကို ပေးမကန်သင့်တော့ဘူးလို့ ဆိုလိုက်တဲ့ အီယန်ရိုက်

အီယန်ရိုက်က ပရီးမီးယားလိဂ်အကြီးအကဲတွေနဲ့ ဘရူနိုဖာနန်ဒက်စ်လို ပင်နယ်တီကို ခုန်ကန်တဲ့ နည်းစနစ်ကို ပေးမကန်သင့်တော့ဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒါဟာ ဂိုးသမားတွေအတွက် ဒိုင်ပင်ပစ်ရတာ ခက်ခဲပြီး မမျှတဘူးလို့ အီယန်ရိုက်က ပြောခဲ့တာဖြစ်ပါတယ်။ စနေနေ့က ဝက်စ်ဘရွန်းအသင်းကို ယူနိုက်တက်အသင်းက အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း ဘရူနိုဖာနန်ဒက်စ်ဟာ အဆိုပါ နည်းစနစ်ကိုပဲ အသုံးပြုပြီး ပင်နယ်တီ (၂) ကြိမ်ကန်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပွဲကစားချိန် (၅၆) မိနစ်မှာ ပင်နယ်တီ လက်ဆောင် ရခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းရဲ့ ဂိုးသမား ဂျွန်စတုန်းက ဖာနန်ဒက်စ်ရဲ့ ပထမအကြိမ် ပင်နယ်တီကန်ချက်ကို ကာကွယ်နိုင်ခဲ့ပေမယ့် ဂိုးစည်းမျဉ်းနဲ့ ခြေထောက် မထိခဲ့လို့ ထပ်မံ ပြန်ကန်ခွင့် ပေးခဲ့ရပါတယ်။ နောက်တစ်ကြိမ် ကန်သွင်းရမှာတော့ ဖာနန်ဒက်စ်ဟာ ဂိုးဝင်သွားခဲ့ပြီး ယူနိုက်တက်အသင်းအတွက် ၂၀၂၀-၂၁ ဘောလုံးရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲကို ရယူပေးခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အီယန်ရိုက်ကတော့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေအနေနဲ့ ဂိုးသမားအပေါ်ကို မမျှတစေတဲ့ အဆိုပါ ပင်နယ်တီကန်တဲ့ နည်းစနစ်ကို ကန်ခွင့် မပေးသင့်တော့ဘူးလို့ ပြောသွားခဲ့ပါတယ်။

“ဒါဟာ ဂိုးသမားတွေ အတွက် ခက်ခဲပါတယ်။သူတို့ဟာ ဂိုးရှေ့မှာ ပြေးခုန်ပြီး ဒီလိုလုပ်နေပြီး ဂိုးသမားတွေက စည်းကနေ လှုပ်ခွင့်မရှိဘူးဆိုတော့ မမျှတပါဘူး။ အဲ့လို ခုန်နေတာကို မပေးသင့်တော့ပါဘူး။

ဘောလုံးကို ပုံမှန်အတိုင်း ပြေးပြီး ကန်သင့်ပါတယ်။ သူတို့က လှုပ်ရှားလို့ရပြီး ဂိုးသမားက မလှုပ်ရဘူးဆိုတာကတော့ မမျှတဘူး” လို့ အီယန်ရိုက်က ဘီဘီစီ သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ပင်နယ်တီကို အဲ့ဒီလို ကန်တတ်တာ ဘရူနိုဖာနန်ဒက်စ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုလည်း ပင်နယ်တီကို အဲ့ဒီလို ခုန်ပြီး ကန်လေ့ရှိပါတယ်။

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ခုန္ၿပီး ကန္တဲ့ ပင္နယ္တီ ကန္နည္းစနစ္ကို ေပးမကန္သင့္ေတာ့ဘူးလို႔ ဆိုလိုက္တဲ့ အီယန္႐ိုက္

အီယန္႐ိုက္က ပရီးမီးယားလိဂ္အႀကီးအကဲေတြနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္လို ပင္နယ္တီကို ခုန္ကန္တဲ့ နည္းစနစ္ကို ေပးမကန္သင့္ေတာ့ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ဒါဟာ ဂိုးသမားေတြအတြက္ ဒိုင္ပင္ပစ္ရတာ ခက္ခဲၿပီး မမွ်တဘူးလို႔ အီယန္႐ိုက္က ေျပာခဲ့တာျဖစ္ပါတယ္။ စေနေန႔က ၀က္စ္ဘရြန္းအသင္းကို ယူႏိုက္တက္အသင္းက အႏိုင္ရခဲ့တဲ့ပြဲတုန္းကလည္း ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အဆိုပါ နည္းစနစ္ကိုပဲ အသံုးျပဳၿပီး ပင္နယ္တီ (၂) ႀကိမ္ကန္သြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ပြဲကစားခ်ိန္ (၅၆) မိနစ္မွာ ပင္နယ္တီ လက္ေဆာင္ ရခဲ့တာျဖစ္ပါတယ္။ ၀က္စ္ဘရြန္းအသင္းရဲ႕ ဂိုးသမား ဂၽြန္စတုန္းက ဖာနန္ဒက္စ္ရဲ႕ ပထမအႀကိမ္ ပင္နယ္တီကန္ခ်က္ကို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဂိုးစည္းမ်ဥ္းနဲ႔ ေျခေထာက္ မထိခဲ့လို႔ ထပ္မံ ျပန္ကန္ခြင့္ ေပးခဲ့ရပါတယ္။ ေနာက္တစ္ႀကိမ္ ကန္သြင္းရမွာေတာ့ ဖာနန္ဒက္စ္ဟာ ဂိုး၀င္သြားခဲ့ၿပီး ယူႏိုက္တက္အသင္းအတြက္ ၂၀၂၀-၂၁ ေဘာလံုးရာသီ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲကို ရယူေပးခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း အီယန္႐ိုက္ကေတာ့ ပရီးမီးယားလိဂ္ တာ၀န္ရွိသူေတြအေနနဲ႔ ဂိုးသမားအေပၚကို မမွ်တေစတဲ့ အဆိုပါ ပင္နယ္တီကန္တဲ့ နည္းစနစ္ကို ကန္ခြင့္ မေပးသင့္ေတာ့ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

“ဒါဟာ ဂိုးသမားေတြ အတြက္ ခက္ခဲပါတယ္။သူတို႔ဟာ ဂိုးေရွ႕မွာ ေျပးခုန္ၿပီး ဒီလိုလုပ္ေနၿပီး ဂိုးသမားေတြက စည္းကေန လႈပ္ခြင့္မရွိဘူးဆိုေတာ့  မမွ်တပါဘူး။ အဲ့လို ခုန္ေနတာကို မေပးသင့္ေတာ့ပါဘူး။

ေဘာလံုးကို ပံုမွန္အတိုင္း ေျပးၿပီး ကန္သင့္ပါတယ္။ သူတို႔က လႈပ္ရွားလို႔ရၿပီး ဂိုးသမားက မလႈပ္ရဘူးဆိုတာကေတာ့ မမွ်တဘူး” လို႔ အီယန္႐ိုက္က ဘီဘီစီ သတင္းဌာနကို ေျပာခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ပင္နယ္တီကို အဲ့ဒီလို ကန္တတ္တာ ဘ႐ူႏိုဖာနန္ဒက္စ္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ခ်ဲလ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုလည္း ပင္နယ္တီကို အဲ့ဒီလို ခုန္ၿပီး ကန္ေလ့ရွိပါတယ္။