တနလာၤနေ့ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးကို ကိုဗစ်-၁၉ ရောဂါပိုးပျောက်ကင်းသွားတဲ့ ဆာလာ ပြန်ရောက်လာမယ်လို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

 

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတာ Negative ရလဒ်ထွက်ပေါ်ခဲ့တဲ့ ဆာလာဟာ တနလာၤနေ့ အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်လည် ပူးပေါင်းနိုင်မယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်း လက်စတာအသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲကို ဆာလာဟာ ဒီလ အစောပိုင်းတုန်းက နိုင်ငံလက်ရွေးစင်အသင်းဆီ သွားရောက်ခဲ့တုန်းက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပြီး လွဲချော်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ ၁၀ ရက် ကွာရာတင်းဝင်ရမယ့် အချိန်ဟာ တနလာၤနေ့မှာ ပြီးမှာဖြစ်ပြီး နည်းပြ ယာဂင်ကလော့ပ်ကလည်း ဆာလာဟာ ဒီတစ်ပတ်အစမှာပဲ အသင်းဖော်တွေနဲ့ ပြန်လည်ပူးပေါင်းနိုင်မယ်လို့ ပြောခဲ့ပါတယ်။

“ဒီနေ့ ပိုးမတွေ့တော့ဘူးလို့ ကျွန်တော် ကြားခဲ့ရပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ဟာ ယူအီးအက်ဖ်အေရဲ့ စစ်ဆေးချက်ကို အားလုံးခံယူရမှာ ဖြစ်ပြီး သူလည်း အဲ့ဒီမှာ ရှိနေမှာ သေချာပါတယ်။

သူမနက်ဖြန် ကျွန်တော်တို့ နဲ့ လေ့ကျင့်ရေးဆင်းနိုင်မှာပါ။ နောက် (၂) ရက်မှာ (၂) ကြိမ် စစ်ဦးမှာဖြစ်ပြီး သူလည်း စစ်ဆေးခံရမှာဖြစ်ပါတယ်”လို့ ယာဂင်ကလော့ပ်က သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် (၁၃) ပွဲကစားထားပြီး (၁၀) ဂိုးသွင်းထားတဲ့ ဆာလာဟာ ဗုဒ္ဓဟူးနေ့ မှာ ကစားမယ့် အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

တနလာၤေန႔ လီဗာပူးလ္အသင္းရဲ႕ ေလ့က်င့္ေရးကို ကိုဗစ္-၁၉ ေရာဂါပိုးေပ်ာက္ကင္းသြားတဲ့ ဆာလာ ျပန္ေရာက္လာမယ္လို႔ ဆိုလိုက္တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးတာ Negative ရလဒ္ထြက္ေပၚခဲ့တဲ့ ဆာလာဟာ တနလာၤေန႔ အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္လည္ ပူးေပါင္းႏိုင္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္း လက္စတာအသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ ပြဲကို ဆာလာဟာ ဒီလ အေစာပိုင္းတုန္းက ႏိုင္ငံလက္ေရြးစင္အသင္းဆီ သြားေရာက္ခဲ့တုန္းက ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံခဲ့ရၿပီး လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ ၁၀ ရက္ ကြာရာတင္း၀င္ရမယ့္ အခ်ိန္ဟာ တနလာၤေန႔မွာ ၿပီးမွာျဖစ္ၿပီး နည္းျပ ယာဂင္ကေလာ့ပ္ကလည္း ဆာလာဟာ ဒီတစ္ပတ္အစမွာပဲ အသင္းေဖာ္ေတြနဲ႔ ျပန္လည္ပူးေပါင္းႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။

“ဒီေန႔  ပိုးမေတြ႕ေတာ့ဘူးလို႔ ကၽြန္ေတာ္ ၾကားခဲ့ရပါတယ္။ မနက္ျဖန္မွာ ကၽြန္ေတာ္တို႔ဟာ ယူအီးအက္ဖ္ေအရဲ႕ စစ္ေဆးခ်က္ကို အားလံုးခံယူရမွာ ျဖစ္ၿပီး သူလည္း အဲ့ဒီမွာ ရွိေနမွာ ေသခ်ာပါတယ္။

သူမနက္ျဖန္ ကၽြန္ေတာ္တို႔ နဲ႔ ေလ့က်င့္ေရးဆင္းႏိုင္မွာပါ။ ေနာက္ (၂) ရက္မွာ (၂) ႀကိမ္ စစ္ဦးမွာျဖစ္ၿပီး သူလည္း စစ္ေဆးခံရမွာျဖစ္ပါတယ္”လို႔ ယာဂင္ကေလာ့ပ္က သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။

ဒီရာသီမွာ လီဗာပူးလ္အသငး္အတြက္ (၁၃) ပြဲကစားထားၿပီး (၁၀) ဂိုးသြင္းထားတဲ့ ဆာလာဟာ ဗုဒၶဟူးေန႔ မွာ ကစားမယ့္ အတၱလႏာၱအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ျပန္လည္ပါ၀င္ႏိုင္ဖြယ္ရွိေနပါတယ္။