ဟယ်ရီကိန်း နဲ့ဆိုရင် စပါးအသင်း ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်လို့ ဆိုလိုက်တဲ့ ခရစ်ဆပ်တန်

စပါးအသင်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရသွားမယ်ဆိုရင် ကြီးကြီးမားမား အံ့အားသင့်မှာ မဟုတ်ပါဘူးလို့ ဘီဘီစီ အားကစားဘောလုံးပညာရှင် ခရစ်ဆပ်တန်က ပြောသွားခဲ့တာဖြစ်ပါတယ်။ “ ဒီရာသီမှာ ဘယ်အသင်းကမှ အမှတ် (၁၀၀) မရနိုင်ပါဘူး။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ဒဏ်ရာတွေကြောင့် လုံးပမ်းနေရပြီး ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ အမှတ်ပေးဖလားကို ရဖို့ ရေပန်းစားနေတဲ့ အဲ့ဒီ (၂) သင်းစလုံးက ဒုက္ခရောက်နေချိန်မှာ စပါးအသင်းက အခွင့်အရေးရသွားနိုင်ပါတယ်။

ပြီးတေ့ာ လက်ရှိကမ္ဘာပေါ်က အပြည့်စုံဆုံးတိုက်စစ်မှူး ဟယ်ရီကိန်း ကို ပိုင်ဆိုင်ထားတာက သူ့တို့အတွက် အကူအညီရစေပါတယ်။ လေ့ာဒေါင်းကာလတုန်းက ဟယ်ရီကိန်းအကြောင့် တင်မ်ရှားဝုဒ် နဲ့ ပြောဖြစ်ခဲ့ပါတယ်။ တင်က ကိန်းကို အပြည့်အ၀ ချီးကျူးသွားခဲ့ပါတယ်။

“ကိန်းက တစ်ပတ်ကို (၁) ပေါင်တည်းရရင်တော့ ဒီလို အကောင်းဆုံးကြိုးစားကစားမယ့်သူ” လို့ ပြောသွားခဲ့ပါတယ်။ ဟယ်ရီကိန်းက ကျောနံပါတ် (၉) နဲ့ (၁၀) တာဝန်ကိုယူထားသူဖြစ်တာကို အခု ကျွန်တော်တို့ မြင်နေရပါတယ်။ သူနဲ့ဆိုရင် မော်ရင်ဟိုရဲ့ အသင်းက အမှတ်ပေးဖလားကို သေချာပေါက် စိန်ခေါ်နိုင်ပါတယ်” လို့ ခရစ်ဆပ်တန်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဟယ္ရီကိန္း နဲ႔ဆိုရင္ စပါးအသင္း ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္တယ္လို႔ ဆိုလိုက္တဲ့ ခရစ္ဆပ္တန္

စပါးအသင္း ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ရသြားမယ္ဆိုရင္ ႀကီးႀကီးမားမား အံ့အားသင့္မွာ မဟုတ္ပါဘူးလို႔ ဘီဘီစီ အားကစားေဘာလံုးပညာရွင္ ခရစ္ဆပ္တန္က ေျပာသြားခဲ့တာျဖစ္ပါတယ္။ “ ဒီရာသီမွာ ဘယ္အသင္းကမွ အမွတ္ (၁၀၀) မရႏိုင္ပါဘူး။ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းက ဒဏ္ရာေတြေၾကာင့္ လံုးပမ္းေနရၿပီး ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းကလည္း ေျခစြမး္ျပဖို႔ ႐ုန္းကန္ေနရပါတယ္။ အမွတ္ေပးဖလားကို ရဖို႔ ေရပန္းစားေနတဲ့ အဲ့ဒီ (၂) သင္းစလံုးက ဒုကၡေရာက္ေနခ်ိန္မွာ စပါးအသင္းက အခြင့္အေရးရသြားႏိုင္ပါတယ္။

ၿပီးေတ့ာ လက္ရွိကမာၻေပၚက အျပည့္စံုဆံုးတိုက္စစ္မွဴး ဟယ္ရီကိန္း ကို ပိုင္ဆိုင္ထားတာက သူ႔တို႔အတြက္ အကူအညီရေစပါတယ္။ ေလ့ာေဒါင္းကာလတုနး္က ဟယ္ရီကိန္းအေၾကာင့္ တင္မ္ရွားဝုဒ္ နဲ႔ ေျပာျဖစ္ခဲ့ပါတယ္။ တင္က ကိန္းကို အျပည့္အ၀ ခ်ီးက်ဴးသြားခဲ့ပါတယ္။

“ကိန္းက တစ္ပတ္ကို (၁) ေပါင္တည္းရရင္ေတာ့ ဒီလို အေကာင္းဆံုးႀကိဳးစားကစားမယ့္သူ” လို႔ ေျပာသြားခဲ့ပါတယ္။ ဟယ္ရီကိန္းက ေက်ာနံပါတ္ (၉) နဲ႔ (၁၀) တာ၀န္ကိုယူထားသူျဖစ္တာကို အခု ကၽြန္ေတာ္တို႔ ျမင္ေနရပါတယ္။ သူန႔ဲဆိုရင္ ေမာ္ရင္ဟိုရဲ႕ အသင္းက အမွတ္ေပးဖလားကို ေသခ်ာေပါက္ စိန္ေခၚႏိုင္ပါတယ္” လို႔ ခရစ္ဆပ္တန္က ေျပာသြားခဲ့တာျဖစ္ပါတယ္။