ကွင်းလယ်လူ ကီတာ ဒဏ်ရာရရှိခဲ့လို့ ပထမအသင်းလူစာရင်းက ကစားသမား (၉) ရောက်အထိ လက်လွှတ်ထားရပြီဖြစ်တဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်ကွင်းလယ်လူ ကီတာဟာ တနင်္ဂနွေနေ့က လက်စတာ အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ တံကောက်ကြော ဒဏ်ရာ ရရှိဟန်ဖြစ်ပြီး ဆက်မကစားနိုင်တော့လို့ လူစားလဲခဲ့ရပါတယ်။ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသိပေမယ့် နည်းပြ ကလော့ပ်အတွက်တော့ ပထမအသင်းလူစာရင်းက ကစားသမား (၉) ယောက်ကို လက်လွှတ်ထားရပြီဖြစ်ပါတယ်။

ဂူနီယာ လက်ရွေးစင်ကစားသမားကို နီကိုဝီလီယံစ် နဲ့ လူစားလဲခဲ့ရပေမယ့် စွယ်စုံရ ကစားသမား ဂျိမ်းစ်မီလ်နာကတော့ အခြားနေရာကို ပြောင်းလဲကစားခဲ့ရပါတယ်။ လီဗာပူးလ်ဆေးဝန်ထမ်းတွေကတော့ ကီတာရဲ့ ဒဏ်ရာကို အနီးကပ်စစ်ဆေးခဲ့ပြီး လာမယ့် ရက်အတွင်းမှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ယခုလို အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေချိန်မှာ ကီတာပါ ထပ်မံ ဒဏ်ရာရသွားလို့ နည်းပြကလော့ပ်အတွက်တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ အာနိုးလ်၊ သီယာဂို၊ အသင်းခေါင်းဆောင်ဟန်ဒါဆန် နဲ့ ချိန်ဘာလိန် တို့ဟာ လက်ရှိမှာ ဒဏ်ရာကြောင့် မပါဝင်ကစားနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ (၃) ပတ်က တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး ပြန်လည်သက်သာလာတဲ့ ဖေဘင်ဟိုကိုလက်စတာနဲ့ ပွဲမှာ ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့ရပါတယ်။ ဆာလာ ကလည်း အီဂျစ်လက်ရွေးစင်အသင်းဆီသွားရောက်ပြီးတော့ ကိုဗစ် ရောဂါ ကူးစက်ခံထားရပြီး ရှာကွီရီကလည်း ကြွက်သားဒဏ်ရာရနေတာ ဖြစ်ပါတယ်။ ဒူးဒဏ်ရာပြင်းထန်းစွာ ရရှိခဲ့တဲ့ ဂျိုးဂိုးမက်ဇ် နဲ့ ဗန်ဒိုက်ချ်တို့ကတော့ ဒီရာသီမှာ ပြန်ကစားနိုင်ပါ့မလားဆိုတာ မသေချာသေးပါဘူး။

ကြင္းလယ္လူ ကီတာ ဒဏ္ရာရရွိခဲ့လို႔ ပထမအသင္းလူစာရင္းက ကစားသမား (၉) ေရာက္အထိ လက္လႊတ္ထားရၿပီျဖစ္တဲ့  လီဗာပူးလ္အသင္း

လီဗာပူးလ္ကြင္းလယ္လူ ကီတာဟာ တနဂၤေႏြေန႔က လက္စတာ အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ တံေကာက္ေၾကာ ဒဏ္ရာ ရရွိဟန္ျဖစ္ၿပီး ဆက္မကစားႏိုင္ေတာ့လို႔ လူစားလဲခဲ့ရပါတယ္။ ဘယ္ေလာက္ၾကာၾကာ အနားယူရမလဲဆိုတာ မသိေပမယ့္ နည္းျပ ကေလာ့ပ္အတြက္ေတာ့ ပထမအသင္းလူစာရင္းက ကစားသမား (၉) ေယာက္ကို လက္လႊတ္ထားရၿပီျဖစ္ပါတယ္။

ဂူနီယာ လက္ေရြးစင္ကစားသမားကို နီကိုဝီလီယံစ္ နဲ႔ လူစားလဲခဲ့ရေပမယ့္ စြယ္စံုရ ကစားသမား ဂ်ိမ္းစ္မီလ္နာကေတာ့ အျခားေနရာကို ေျပာင္းလဲကစားခဲ့ရပါတယ္။ လီဗာပူးလ္ေဆး၀န္ထမ္းေတြကေတာ့ ကီတာရဲ႕ ဒဏ္ရာကို အနီးကပ္စစ္ေဆးခဲ့ၿပီး လာမယ့္ ရက္အတြင္းမွာ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

ယခုလို အသင္းမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနခ်ိန္မွာ ကီတာပါ ထပ္မံ ဒဏ္ရာရသြားလို႔ နည္းျပကေလာ့ပ္အတြက္ေတာ့ စိတ္ပ်က္စရာ ျဖစ္ပါတယ္။ အာႏိုးလ္၊ သီယာဂို၊ အသင္းေခါင္းေဆာင္ဟန္ဒါဆန္ နဲ႔ ခ်ိန္ဘာလိန္ တို႔ဟာ လက္ရွိမွာ ဒဏ္ရာေၾကာင့္ မပါ၀င္ကစားႏိုင္ေသးပါဘူး။

ၿပီးခဲ့တဲ့ (၃) ပတ္က တံေကာက္ေၾကာ ဒဏ္ရာ ရရွိခဲ့ၿပီး ျပန္လည္သက္သာလာတဲ့ ေဖဘင္ဟိုကိုလက္စတာနဲ႔ ပြဲမွာ ဗဟိုေနာက္ခံလူအျဖစ္ အသံုးျပဳခဲ့ရပါတယ္။ ဆာလာ ကလည္း အီဂ်စ္လက္ေရြးစင္အသင္းဆီသြားေရာက္ၿပီးေတာ့ ကိုဗစ္ ေရာဂါ ကူးစက္ခံထားရၿပီး ရွာကြီရီကလည္း ႂကြက္သားဒဏ္ရာရေနတာ ျဖစ္ပါတယ္။ ဒူးဒဏ္ရာျပင္းထန္းစြာ ရရွိခဲ့တဲ့ ဂ်ိဳးဂိုးမက္ဇ္ နဲ႔ ဗန္ဒိုက္ခ်္တို႔ကေတာ့ ဒီရာသီမွာ ျပန္ကစားႏိုင္ပါ့မလားဆိုတာ မေသခ်ာေသးပါဘူး။