အမှတ်ပေးဖလားကို (၃) နှစ်ဆက်တိုက် ရယူနိုင်မှသာ လီဗာပူးလ်အသင်းကို အသိအမှတ်ပြုမယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာ

အီဗရာက လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်မှသာ ကြီးကျယ်တဲ့အသင်းတစ်သင်းအဖြစ် အသိအမှတ်ပြုမယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့က လက်စတာအသင်းကို (၃-ဝ) နဲ့ အန်ဖီးလ်မှာ အနိုင်ရပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက စပါးအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ (၆၄) ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတာဖြစ်ပြီး နှစ်ပေါင်း (၄၀) ကျော်တင်ထားတဲ့ စံချိန်ကိုလည်း ကျော်ဖြတ်သွားခဲ့ပါတယ်။ သို့သော်လည်း ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက လက်ရှိ လီဗာပူးလ်အသင်းအနေနဲ့ အန်ဖီးလ်ကို ပုံမှန်အမှတ်ပေးဖလား ပြန်လည်ရယူပေးနိုင်မှသာ အကြီးအကျယ်ဆုံးအသင်းအဖြစ် သတ်မှတ်ပေးမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နောက်ခံလူဟောင်းက “ကျွန်တော်တို့ စိတ်အေးအေးထားဖို့ လိုပါတယ်။ အခုက (၉) ပွဲပဲ ရှိပါတယ်။ သူတို့ (၃) နှစ်ဆက်တိုက် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မှသာ ကျွန်တော်သူတို့ကို တစ်ကယ့်အသင်းကောင်းအဖြစ် သတ်မှတ်ပါမယ်။ သူတို့ ဒီနှစ်အမှတ်ပေးဖလား မရဘူးဆိုရင် သူတို့ကို အရမ်းကောင်းတယ်လို့ ကျွန်တော်ခေါ်မှာ မဟုတ်ပါဘူး။ တစ်နှစ်ပြီး တစ်နှစ် အမှတ်ပေးဖလားကို ရယူသွားနိုင်မယ်ဆိုရင်တော့ လီဗာပူးလ်က အသင်းကောင်းအဖြစ် ကျွန်တော်တို့ ခေါ်သွားမှာပါ။ ဒါကို အခြားအသင်းတွေ တော်တော်များများလည်း လုပ်ထားဖူးပါတယ်” လို့ စကိုင်းစပေါ့ကို ပြောသွားခဲ့ပါတယ်။

အမွတ္ေပးဖလားကို (၃) ႏွစ္ဆက္တိုက္ ရယူႏိုင္မွသာ လီဗာပူးလ္အသင္းကို အသိအမွတ္ျပဳမယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ေနာက္ခံလူေဟာင္း အီဗရာ

အီဗရာက လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို (၃) ႏွစ္ဆက္တိုက္ ဆြတ္ခူးႏိုင္မွသာ ႀကီးက်ယ္တဲ့အသင္းတစ္သင္းအျဖစ္ အသိအမွတ္ျပဳမယ္လို႔ ေျပာသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔က လက္စတာအသင္းကို (၃-၀) နဲ႔ အန္ဖီးလ္မွာ အႏိုင္ရၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆံုးက စပါးအသင္းနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲဟာ လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ (၆၄) ပြဲဆက္တိုက္ ရႈံးပြဲမရွိေသးတာျဖစ္ၿပီး ႏွစ္ေပါင္း (၄၀) ေက်ာ္တင္ထားတဲ့ စံခ်ိန္ကိုလည္း ေက်ာ္ျဖတ္သြားခဲ့ပါတယ္။ သို႔ေသာ္လည္း ယူႏိုက္တက္ေနာက္ခံလူေဟာင္း အီဗရာက လက္ရွိ လီဗာပူးလ္အသင္းအေနနဲ႔ အန္ဖီးလ္ကို ပံုမွန္အမွတ္ေပးဖလား ျပန္လည္ရယူေပးႏိုင္မွသာ အႀကီးအက်ယ္ဆံုးအသင္းအျဖစ္ သတ္မွတ္ေပးမယ္လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ေနာက္ခံလူေဟာင္းက “ကၽြန္ေတာ္တို႔ စိတ္ေအးေအးထားဖို႔ လိုပါတယ္။ အခုက (၉) ပြဲပဲ ရွိပါတယ္။ သူတို႔ (၃) ႏွစ္ဆက္တိုက္ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္မွသာ ကၽြန္ေတာ္သူတို႔ကို တစ္ကယ့္အသင္းေကာင္းအျဖစ္ သတ္မွတ္ပါမယ္။ သူတို႔ ဒီႏွစ္အမွတ္ေပးဖလား မရဘူးဆိုရင္ သူတို႔ကို အရမး္ေကာင္းတယ္လို႔ ကၽြန္ေတာ္ေခၚမွာ မဟုတ္ပါဘူး။ တစ္ႏွစ္ၿပီး တစ္ႏွစ္ အမွတ္ေပးဖလားကို ရယူသြားႏိုင္မယ္ဆိုရင္ေတာ့ လီဗာပူးလ္က အသင္းေကာင္းအျဖစ္ ကၽြန္ေတာ္တို႔ ေခၚသြားမွာပါ။ ဒါကို အျခားအသင္းေတြ ေတာ္ေတာ္မ်ားမ်ားလည္း လုပ္ထားဖူးပါတယ္” လို႔ စကိုင္းစေပါ့ကို ေျပာသြားခဲ့ပါတယ္။