ဂါဘရီရယ်ဂျေးဆုကို လစာ တိုးပြီး စာချုပ်သက်တမ်းကမ်းလှမ်းရန် ပြင်ဆင်နေတဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျေးဆုကို လစာ (၂) စာတိုးပြီး စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာကို ဒီတစ်ပတ်မှာပဲ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ပြီး ဒီဘရိုင်း နဲ့ ဖိုဒန် တို့ကိုလည်း စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဒေးလီးစတား သတင်းဌာနရဲ့ အဆိုအရ မန်စီးတီးနောက်ထပ် စာချုပ်သက်တမ်းတိုးမယ့် ကစားသမားက ဒီရာသီမှာ အဂူရိုမရှိချိန်မှာ အသင်းအတွက် အဓိကကစားသမားဖြစ်တဲ့ ဂျေးဆုဖြစ်တယ်လို့ သိရပါတယ်။ ဂါဘရီရယ်ဂျေးဆုဟာ လက်ရှိစာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေသေးတာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖြစ်ပါက တစ်ပတ်ကို ပေါင် ၁ သိန်း ခွဲ လစာ ရရှိမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ၂၀၁၇ ဇန်နဝါရီက ပါမီးရက်စ် အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာကတည်းက မန်စီးတီးအသင်းအတွက် ၁၀၄ ပွဲကစားထားပြီး (၄၃) ဂိုးသွင်းပေးထားပါတယ်။

ဂါဘရီရယ္ေဂ်းဆုကို လစာ တိုးၿပီး စာခ်ဳပ္သက္တမ္းကမ္းလွမး္ရန္ ျပင္ဆင္ေနတဲ့ မန္စီးတီးအသင္း

မန္စီးတီးအသင္းဟာ အသင္းရဲ႕ တိုက္စစ္မွဴး ဂါဘရီရယ္ေဂ်းဆုကို လစာ (၂) စာတိုးၿပီး စာခ်ဳပ္သစ္တစ္ရပ္ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ နည္းျပ ဂြါဒီယိုလာကို ဒီတစ္ပတ္မွာပဲ စာခ်ဳပ္သက္တမ္း တိုးခဲ့တာျဖစ္ၿပီး ဒီဘ႐ိုင္း နဲ႔ ဖိုဒန္ တို႔ကိုလည္း စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးေနတာ ျဖစ္ပါတယ္။

ေဒးလီးစတား သတင္းဌာနရဲ႕ အဆိုအရ မန္စီးတီးေနာက္ထပ္ စာခ်ဳပ္သက္တမ္းတိုးမယ့္ ကစားသမားက ဒီရာသီမွာ အဂူ႐ိုမရွိခ်ိန္မွာ အသင္းအတြက္ အဓိကကစားသမားျဖစ္တဲ့ ေဂ်းဆုျဖစ္တယ္လို႔ သိရပါတယ္။ ဂါဘရီရယ္ေဂ်းဆုဟာ လက္ရွိစာခ်ဳပ္သက္တမး္ (၂) ႏွစ္က်န္ရွိေနေသးတာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးျဖစ္ပါက တစ္ပတ္ကို ေပါင္ ၁ သိန္း ခြဲ လစာ ရရွိမွာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၇ ဇန္နဝါရီက ပါမီးရက္စ္ အသင္းကေန ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕လာကတည္းက မန္စီးတီးအသင္းအတြက္ ၁၀၄ ပြဲကစားထားၿပီး (၄၃) ဂိုးသြင္းေပးထားပါတယ္။