ပြီးခဲ့တဲ့နွေရာသီတုန်းက အန်ဆုဖာတီကို ပေါင် ၁၃၃ သန်း နဲ့ ခေါ်ယူရန် အေးဂျင့်ဖြစ်သူနဲ့ ယူနိုက်တက်အသင်း သဘောတူညီမှု ရခဲ့ပေမယ့် ဘာစီလိုနာအသင်းက ငြင်းပယ်ခဲ့

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာတိုက်စစ်မှူး အန်ဆုဖာတီကို ပေါင် ၁၃၃ သန်းနဲ့ ခေါ်ယူရန် အေးဂျင့်ဖြစ်တဲ့ ဂျော့ချ်မန်းဒက်စ် နဲ့ သဘောတူညီမှု ရခဲ့ပေမယ့် ဘာစီလိုနာအသင်းက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့်ကို ယူနိုက်တက်အသင်းဟာ ခေါ်ယူရန် စိတ်အားထက်သန်ခဲ့တာဖြစ်ပါတယ်။ သတင်းအရ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဒေါ့မွန်ကစားသမား ဂျာဒွန်ဆန်ချိုကို မခေါ်နိုင်ခဲ့တာဖြစ်လို့ ဘာစီလိုနာ လူငယ်တိုက်စစ်မှူးကို လိုချင်ခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဘက်ကတော့ ဘဏ္ဍာရေးထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတဲ့အချိန်မှာတောင် အန်ဆုဖာတီကို ရောင်းချရန် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဘာစီလိုနာအသင်းဟာ ပေါင်သန်း ၂၀၀ နီးပါးဆုံးရှုံးထားပါတယ်။ ဖာတီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း ၄၀၀ သတ်မှတ်ထားပါတယ်။

အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းအတွက် (၄၃) ပွဲကစားထားပြီး (၁၃) ဂိုးသွင်းကာ (၅) ဂိုးဖန်တီးပေးထားသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းကြီးမှာလည်း (၄) ပွဲအထိ ပါဝင်ကစားခွင့်ရထားပါတယ်။ သို့သော်လည်း သူဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာပြဿနာကြောင့် (၄) လ လောက်အနားယူရဦးမှာ ဖြစ်ပါတယ်။

ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အန္ဆုဖာတီကို ေပါင္ ၁၃၃ သန္း နဲ႔ ေခၚယူရန္ ေအးဂ်င့္ျဖစ္သူနဲ႔ ယူႏိုက္တက္အသင္း သေဘာတူညီမႈ ရခဲ့ေပမယ့္ ဘာစီလိုနာအသင္းက ျငင္းပယ္ခဲ့

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုနး္က ဘာစီလိုနာတိုက္စစ္မွဴး အန္ဆုဖာတီကို ေပါင္ ၁၃၃ သန္းနဲ႔ ေခၚယူရန္ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့ခ်္မန္းဒက္စ္ နဲ႔ သေဘာတူညီမႈ ရခဲ့ေပမယ့္ ဘာစီလိုနာအသင္းက ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ၾကယ္ပြင့္ကို ယူႏိုက္တက္အသင္းဟာ ေခၚယူရန္ စိတ္အားထက္သန္ခဲ့တာျဖစ္ပါတယ္။ သတင္းအရ ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ေဒါ့မြန္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို မေခၚႏိုင္ခဲ့တာျဖစ္လို႔ ဘာစီလိုနာ လူငယ္တိုက္စစ္မွဴးကို လိုခ်င္ခဲ့တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဘက္ကေတာ့ ဘ႑ာေရးထိခိုက္ဆံုးရႈံးမႈေတြ ရွိေနတဲ့အခ်ိန္မွာေတာင္ အန္ဆုဖာတီကို ေရာင္းခ်ရန္ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ လက္ရွိရာသီမွာ ဘာစီလိုနာအသင္းဟာ ေပါင္သန္း ၂၀၀ နီးပါးဆံုးရႈံးထားပါတယ္။ ဖာတီရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ယူ႐ိုသန္း ၄၀၀ သတ္မွတ္ထားပါတယ္။

အန္ဆုဖာတီဟာ ဘာစီလိုနာအသင္းအတြက္ (၄၃) ပြဲကစားထားၿပီး (၁၃) ဂိုးသြင္းကာ (၅) ဂိုးဖန္တီးေပးထားသူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ စပိန္လက္ေရြးစင္အသင္းႀကီးမွာလည္း (၄) ပြဲအထိ ပါ၀င္ကစားခြင့္ရထားပါတယ္။ သို႔ေသာ္လည္း သူဟာ လက္ရွိအခ်ိန္မွာေတာ့ ဒဏ္ရာျပႆနာေၾကာင့္ (၄) လ ေလာက္အနားယူရဦးမွာ ျဖစ္ပါတယ္။