အနာဂတ်မှာ ဂျာမနီ လက်ရွေးစင်အသင်းကို ကိုင်တွယ်နိုင်ပေမယ့် အခုတော့ အချိန်မရှိဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ဂျာမနီ လက်ရွေးစင်အသင်းကို နည်းပြအဖြစ် တာဝန်ယူမယ်ဆိုတာ နဲ့ ပတ်သက်ပြီး ငြင်းဆန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က စပိန်အသင်းကို ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲမှာ (၆-ဝ) နဲ့ ရှုံးခဲ့ပြီးနောက် ဂျိုအာချင်လိုနေရာမှာ ယာဂင်ကလော့ပ်ကို အစားထိုးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီရှုံးပွဲဟာ ဂျာမနီ အသင်းရဲ့ နှစ်ပေါင်း (၉၀) အတွင်း အကြီးမားဆုံး ရှုံးပွဲဖြစ်ခဲ့ပါတယ်။

သို့သော်လည်း လီဗာပူးလ်အသင်းကို ပြီးခဲ့တဲ့ (၂) ရာသီက ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ယာဂင်ကလော့ပ်က ဘယ်လက်ရွေးစင်အသင်းနည်းပြ အလုပ်ကိုမဆို ချက်ချင်းလက်ငင်း ကိုင်တွယ်သွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“တစ်ချိန်တော့ဖြစ်နိုင်ပေမယ့် အခုတော့ ကျွန်တော့်မှာ အချိန် လုံး၀ မရှိပါဘူး။ ကျွန်တော့်မှာ လက်ရှိ အလုပ်ရှိပါတယ်။ ဒီမှာ နေရတာ ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော့်မှာ တာဝန်ယူစရာတွေလည်း အများကြီး ရှိပါတယ်။ နောက်ထပ် စိန်ခေါ်မှုတွေလည်း ကျွန်တော် ထပ်ရှာသွားမှာ မဟုတ်ပါဘူး” လို့ လက်စတာအသင်းနဲ့ ကစားမယ့် ပွဲမတိုင်မီ ယာဂင်ကလော့ပ်က ပြောသွားခဲ့ပါတယ်။

အနာဂတ္မွာ ဂ်ာမနီ လက္ေရြးစင္အသင္းကို ကိုင္တြယ္ႏိုင္ေပမယ့္ အခုေတာ့ အခ်ိန္မရွိဘူးလို႔ ဆိုလိုက္တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က ဂ်ာမနီ လက္ေရြးစင္အသင္းကို နည္းျပအျဖစ္ တာ၀န္ယူမယ္ဆိုတာ နဲ႔ ပတ္သက္ၿပီး ျငင္းဆန္သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္က စပိန္အသင္းကို ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ (၆-၀) နဲ႔ ရႈံးခဲ့ၿပီးေနာက္ ဂ်ိဳအာခ်င္လိုေနရာမွာ ယာဂင္ကေလာ့ပ္ကို အစားထိုးမယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ ဒီရႈံးပြဲဟာ ဂ်ာမနီ အသင္းရဲ႕ ႏွစ္ေပါင္း (၉၀) အတြင္း အႀကီးမားဆံုး ရႈံးပြဲျဖစ္ခဲ့ပါတယ္။

သို႔ေသာ္လည္း လီဗာပူးလ္အသင္းကို ၿပီးခဲ့တဲ့ (၂) ရာသီက ခ်န္ပီယံလိဂ္ နဲ႔ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈ ရေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ နည္းျပ ယာဂင္ကေလာ့ပ္က ဘယ္လက္ေရြးစင္အသင္းနည္းျပ အလုပ္ကိုမဆို ခ်က္ခ်င္းလက္ငင္း ကိုင္တြယ္သြားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“တစ္ခ်ိန္ေတာ့ျဖစ္ႏိုင္ေပမယ့္ အခုေတာ့ ကၽြန္ေတာ့္မွာ အခ်ိန္ လံုး၀ မရွိပါဘူး။ ကၽြန္ေတာ့္မွာ လက္ရွိ အလုပ္ရွိပါတယ္။ ဒီမွာ ေနရတာ ကၽြန္ေတာ္ ႀကိဳက္ပါတယ္။ ကၽြန္ေတာ့္မွာ တာ၀န္ယူစရာေတြလည္း အမ်ားႀကီး ရွိပါတယ္။ ေနာက္ထပ္ စိန္ေခၚမႈေတြလည္း ကၽြန္ေတာ္ ထပ္ရွာသြားမွာ မဟုတ္ပါဘူး” လို႔ လက္စတာအသင္းနဲ႔ ကစားမယ့္ ပြဲမတိုင္မီ ယာဂင္ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။