လီဗာပူးလ်အသင်းဖော်သစ် ဒီယိုဂိုဂျိုတာက ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူးလို့ ဝန်ခံပြောကြားလိုက်တဲ့ တိုက်စစ်မှူး ဖေမီနို

လီဗာပူးလ်တိုက်စစ်မှူး ဖေမီနိုက အသင်းဖော်သစ်ဒီယိုဂိုဂျိုတာက ပြိုင်ဘက်တစ်ယောက်မဟုတ်ပဲ အသင်းရဲ့ တိုက်စစ်အင်အားတောင့်တင်းဖို့ပဲ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျိုတာဟာ လီဗာပူးလ်အသင်းအသင်းဆီ ဝုလ်ဗ်အသင်းကနေ ပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့လာကတည်းက (၁၁) ပွဲကစားပြီး (၇) ဂိုးသွင်းကာ ခြေစွမ်းပြကစားထားသူ ဖြစ်ပါတယ်။

သူဟာ အသင်းရဲ့ ပွဲထွက် တိုက်စစ် (၃) ယောက်တွဲမှာ မာနေး ၊ ဆာလာ အတွဲနဲ့ အတူ ပွဲထွက်ခွင့်ရနေပြီး ဖေမီနိုကို ဖိအားပေးနေပါတယ်။ သို့သော်လည်း ဒီရာသီ (၁၂) ပွဲကစားပြီး (၁) ဂိုးသာ သွင်းထားတဲ့ ဖေမီနိုက ပြိုင်ဆိုင်မှုက ပြဿနာတစ်ရပ်ဖြစ်တယ်လို့ မသတ်မှတ်ထားပါဘူး။

သူက “လီဗာပူးလ်အသင်းမှာ ကြီးကျယ်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ပွဲထွက်ကစားခွင့်ရဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ ဒါကို ကျွန်တော်လည်း အသားကျနေပါပြီ။ ဒီယိုဂိုက အရမ်းကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော်တို့ဟာ အလုပ်ကို ကြိုးစားပြီး နည်းပြက ဘယ်သူ့ကို ကစားစေရမလဲဆိုတာ ဆုံးဖြတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်မှာ သူနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှု မရှိပါဘူး”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ္အသင္းေဖာ္သစ္ ဒီယိုဂိုဂ်ိဳတာက ၿပိဳင္ဘက္တစ္ေယာက္မဟုတ္ဘူးလို႔ ၀န္ခံေျပာၾကားလိုက္တဲ့ တိုက္စစ္မွဴး ေဖမီႏို

လီဗာပူးလ္တိုက္စစ္မွဴး ေဖမီႏိုက အသင္းေဖာ္သစ္ဒီယိုဂိုဂ်ိဳတာက ၿပိဳင္ဘက္တစ္ေယာက္မဟုတ္ပဲ အသင္းရဲ႕ တိုက္စစ္အင္အားေတာင့္တင္းဖို႔ပဲ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဂ်ိဳတာဟာ လီဗာပူးလ္အသင္းအသင္းဆီ ဝုလ္ဗ္အသင္းကေန ေပါင္ ၄၁ သန္းနဲ႔ ေျပာင္းေရႊ႕လာကတည္းက (၁၁) ပြဲကစားၿပီး (၇) ဂိုးသြင္းကာ ေျခစြမ္းျပကစားထားသူ ျဖစ္ပါတယ္။

သူဟာ အသင္းရဲ႕ ပြဲထြက္ တိုက္စစ္ (၃) ေယာက္တြဲမွာ မာေနး ၊ ဆာလာ အတြဲနဲ႔ အတူ ပြဲထြက္ခြင့္ရေနၿပီး ေဖမီႏိုကို ဖိအားေပးေနပါတယ္။ သို႔ေသာ္လည္း ဒီရာသီ (၁၂) ပြဲကစားၿပီး (၁) ဂိုးသာ သြင္းထားတဲ့ ေဖမီႏိုက ၿပိဳင္ဆိုင္မႈက ျပႆနာတစ္ရပ္ျဖစ္တယ္လို႔ မသတ္မွတ္ထားပါဘူး။

သူက “လီဗာပူးလ္အသင္းမွာ ႀကီးက်ယ္တဲ့ လူစာရင္းကို ပိုင္ဆိုင္ထားၿပီး ပြဲထြက္ကစားခြင့္ရဖို႔ဆိုတာကလည္း မလြယ္ကူပါဘူး။ ဒါကို ကၽြန္ေတာ္လည္း အသားက်ေနပါၿပီ။ ဒီယိုဂိုက အရမး္ေကာင္းတဲ့ ကစားသမား တစ္ေယာက္ပါ။ ကၽြန္ေတာ္တို႔ဟာ အလုပ္ကို ႀကိဳးစားၿပီး နည္းျပက ဘယ္သူ႔ကို ကစားေစရမလဲဆိုတာ ဆံုးျဖတ္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ့္မွာ သူနဲ႔ ပတ္သက္ၿပီး ပုဂၢိဳလ္ေရး ၿပိဳင္ဆိုင္မႈ မရွိပါဘူး”လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။