ဘရူနိုဖာနန်ဒက်စ်မရှိရင် ယူနိုက်တက်က ဘယ်အဆင့်ကို ရောက်သွားမလဲဆိုပြီး ပေါ်တူဂီကွင်းလယ်လူကို ချီးကျူးလိုက်တဲ့ ပေါလ်စခိုး

ပေါလ်စခိုးက စနေနေ့က ဝက်စ်ဘရွန်းအသင်းကို ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့အတူ အနိုင်ရခဲ့တဲ့အပေါ် ကစားသမားရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ နည်းပြဆိုးလ်ရှားရဲ့ အသင်းမှာ ဇန်နဝါရီအပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးက ဘရူနိုဖာနန်ဒက်စ်မရှိရင် သူ့အသင်းဟောင်းဟာ ဘယ်အဆင့်ကို ရောက်နေမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။

“ဒီနိုင်ပွဲက ရုပ်ဆိုးခဲ့ပါတယ်။ ဒါပေမယ့် ယုံကြည်မှု အနည်းငယ်ပြန်ရပါတယ်။ ဝက်စ်ဘရွန်းအသင်းအတွက်လည်း ဝမ်းနည်းမိပါတယ်။ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်သာ မရှိရင် ဘယ်အဆင့်ကို ရောက်နေမလဲဆိုတာ အံ့အားသင့်မိပါတယ်။ ဘရူနိုဖာနန်ဒက်စ်မဝင်လာခင်တုန်းက ယူနိုက်တက်က အခွင့်အရေး တစ်ကြိမ်တောင် မဖန်တီးနိုင်ခဲ့ပါဘူး “လို့ ပေါလ်စခိုးက ယူနိုက်တက်အသင်း ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲရအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘ႐ူႏိုဖာနန္ဒက္စ္မရွိရင္ ယူႏိုက္တက္က ဘယ္အဆင့္ကို ေရာက္သြားမလဲဆိုၿပီး ေပၚတူဂီကြင္းလယ္လူကို ခ်ီးက်ဴးလိုက္တဲ့ ေပါလ္စခိုး

ေပါလ္စခိုးက စေနေန႔က ၀က္စ္ဘရြန္းအသင္းကို ယူႏိုက္တက္က ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီ သြင္းဂိုးနဲ႔အတူ အႏိုင္ရခဲ့တဲ့အေပၚ ကစားသမားရဲ႕ အေရးပါပံုနဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ေပၚတူဂီကြင္းလယ္လူဟာ နည္းျပဆိုးလ္ရွားရဲ႕ အသင္းမွာ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ စပို႔တင္းလစၥဘြန္းကေန ေရာက္ရွိလာၿပီးကတည္းက ေျခစြမ္းျပကစားေနသူျဖစ္ပါတယ္။

ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ေပါလ္စခိုးက ဘ႐ူႏိုဖာနန္ဒက္စ္မရွိရင္ သူ႔အသင္းေဟာင္းဟာ ဘယ္အဆင့္ကို ေရာက္ေနမလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေျပာဆိုသြားခဲ့ပါတယ္။

“ဒီႏိုင္ပြဲက ႐ုပ္ဆိုးခဲ့ပါတယ္။ ဒါေပမယ့္ ယံုၾကည္မႈ အနည္းငယ္ျပန္ရပါတယ္။ ၀က္စ္ဘရြန္းအသင္းအတြက္လည္း ၀မ္းနည္းမိပါတယ္။ ယူႏိုက္တက္က ဘ႐ူႏိုဖာနန္ဒက္စ္သာ မရွိရင္ ဘယ္အဆင့္ကို ေရာက္ေနမလဲဆိုတာ အံ့အားသင့္မိပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္မ၀င္လာခင္တုန္းက ယူႏိုက္တက္က အခြင့္အေရး တစ္ႀကိမ္ေတာင္ မဖန္တီးႏိုင္ခဲ့ပါဘူး “လို႔ ေပါလ္စခိုးက ယူႏိုက္တက္အသင္း ဒီရာသီ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲရအၿပီးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။