အမှတ်ပေးဇယား ထိပ်ဆုံးကို (၅) မိနစ်လောက် ခဏရောက်ခဲ့တာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က သူ့အနေနဲ့ စနေနေ့က ကစားခဲ့တဲ့ပွဲအပြီးမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်နိုင်တာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ နယူးကာဆယ်ကစားသမား ဖာနန်ဒက်ဇ် ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမှုနဲ့ အသင်းရဲ့ တိုက်စစ်မှူး အေဘရာဟမ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းထက် ဂိုးကွာခြားချက်အကွာနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ လမ်းပတ်က ဘီတီစပေါ့အားကစားသတင်းဌာနကို “ဒီပွဲက လွယ်ကူတဲ့ နိုင်ပွဲမဟုတ်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့ကြလို့ ဒီလို ရလဒ်ရခဲ့တာပါ။ ပရီးမီးယားလိဂ်က ခက်ခဲကြမ်းတမ်းပြီးအညှာအတာ ကင်းမဲ့ပါတယ်။ ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေနဲ့ ယှဉ်ပါးနေရပါမယ်။ အမှတ်ပေးဇယားထိပ်မှာ (၅) မိနစ်လောက်နေခွင့်ရတဲ့အပေါ် စိတ်လှုပ်ရှားနေမှာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲက ရေရှည်ပြိုင်ပွဲဆိုတာကို သိဖို့ အရေးကြီးပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲစလုံး နိုင်ပွဲရခဲ့ပြီး (၇) ပွဲဆက်တိုက် ရှုံးပွဲမရှိထားပါဘူး။ အသင်းက အသစ်ခေါ်ယူထားတဲ့ ဂိုးသမား မန်ဒီ၊ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့က အကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဇီယက်ရဲ့ ဖန်တီးပေးမှု၊ တီမိုဝါနာရဲ့ အတိုးအလှုပ် နဲ့ ကိုင်ဟာဗက်ဇ် ၊ သီယာဂိုဆေးလ်ဗားတို့ မပါခဲ့ပေမယ့် ချဲလ်ဆီးအသင်းဟာ စနေနေ့မှာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ နောက်တစ်ပတ်မှာ ချဲလ်ဆီးအသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်လို့ အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

အမွတ္ေပးဇယား ထိပ္ဆုံးကို (၅) မိနစ္ေလာက္ ခဏေရာက္ခဲ့တာနဲ႔ ပတ္သက္ၿပီး စိတ္လႈပ္ရွားေနမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က သူ႔အေနနဲ႔ စေနေန႔က ကစားခဲ့တဲ့ပြဲအၿပီးမွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္မွာ ရပ္တည္ႏိုင္တာနဲ႔ ပတ္သက္ၿပီး စိတ္လႈပ္ရွားေနမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ နယူးကာဆယ္ကစားသမား ဖာနန္ဒက္ဇ္ ရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းမႈနဲ႔ အသင္းရဲ႕ တိုက္စစ္မွဴး ေအဘရာဟမ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ခ်ဲလ္ဆီးအသင္းဟာ လက္စတာအသင္းထက္ ဂိုးကြာျခားခ်က္အကြာနဲ႔ အမွတ္ေပးဇယားထိပ္မွာ ရပ္တည္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ လမ္းပတ္က ဘီတီစေပါ့အားကစားသတင္းဌာနကို “ဒီပြဲက လြယ္ကူတဲ့ ႏိုင္ပြဲမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ အေကာင္းဆံုးကစားခဲ့ၾကလို႔ ဒီလို ရလဒ္ရခဲ့တာပါ။ ပရီးမီးယားလိဂ္က ခက္ခဲၾကမ္းတမ္းၿပီးအၫွာအတာ ကင္းမဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ စိန္ေခၚမႈေတြနဲ႔ ယွဥ္ပါးေနရပါမယ္။ အမွတ္ေပးဇယားထိပ္မွာ (၅) မိနစ္ေလာက္ေနခြင့္ရတဲ့အေပၚ စိတ္လႈပ္ရွားေနမွာ မဟုတ္ပါဘူး။ ဒီၿပိဳင္ပြဲက ေရရွည္ၿပိဳင္ပြဲဆိုတာကို သိဖို႔ အေရးႀကီးပါတယ္”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၃) ပြဲစလံုး ႏိုင္ပြဲရခဲ့ၿပီး (၇) ပြဲဆက္တိုက္ ရႈံးပြဲမရွိထားပါဘူး။ အသင္းက အသစ္ေခၚယူထားတဲ့ ဂိုးသမား မန္ဒီ၊ ဘယ္ေနာက္ခံလူ ဘင္ခ်ီဝဲလ္တို႔က အေကာင္းဆံုးေျခစြမ္းျပေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ဇီယက္ရဲ႕ ဖန္တီးေပးမႈ၊ တီမိုဝါနာရဲ႕ အတိုးအလႈပ္ နဲ႔ ကိုင္ဟာဗက္ဇ္ ၊ သီယာဂိုေဆးလ္ဗားတို႔ မပါခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းဟာ စေနေန႔မွာ ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။ ေနာက္တစ္ပတ္မွာ ခ်ဲလ္ဆီးအသင္းဟာ စပါးအသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္လို႔ အေရးပါတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။