စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မက်ဆီ အသင်းမှာ ဆက်နေမယ်လို့ ယုံကြည်နေတဲ့ နည်းပြ ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်း
ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက နောက်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီ ဟာ အသင်းမှာပဲ ဆက်နေမယ်လို့ ယုံကြည်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း အသင်းခေါင်းဆောင်ဟာ တန်ကြေးမြင့်မားတဲ့ စာချုပ်ဖျက်သိမ်းကြေးကြောင့် နူးကမ့်မှာပဲ မဖြစ်မနေ ဆက်နေခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ၂၀၂၁ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ နိုင်ငံခြားကလပ်တစ်သင်းနဲ့ ဆွေးနွေးသဘောတူညီမှု ယူထားနိုင်ပြီဖြစ်ပါတယ်။ ဆရာဟောင်း ဂွါဒီယိုလာရှိတဲ့ မန်စီးတီးအသင်းကလည်း သူ့ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
မက်ဆီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ မကြာသေးခင်ကမှ အသင်းနဲ့ (၂) နှစ်စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ မက်ဆီကို ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့တဲ့အသင်းတွေထဲမှာ မန်စီးတီးလည်း တစ်သင်း အပါအဝင်ပါ။ ဘာစီလိုနာအသင်းကတော့ မက်ဆီ အသင်းမှာ ဆက်ရှိမယ်လို့ ယုံကြည်နေပါတယ်။ အသင်း့ရဲ ဥက္ကဌဖြစ်တဲ့ ဘာတိုမြူကလည်း ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီး ဇန်နဝါရီမှာ ဥက္ကဌအသစ်ရွေးချယ်ဦးမှာဖြစ်ပါတယ်။