ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို အဂူရို နေရာမှာ အစားထိုးရန် မျက်စိကျနေတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ အဓိက တိုက်စစ်မှူး အဂူရို နေရာမှာ ရေရှည်အစားထိုးရန်အတွက် ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းနဲ့ ဒီတစ်ပတ်အစောပိုင်းကပင် (၂) နှစ်စာချုပ်သက်တမ်း တိုးခဲ့ပြီးနောက် အသင်းကို ပြန်လည်တည်ဆောက်ချင်နေတာဖြစ်ပါတယ်။

တယ်လီဂရပ်ဖ်သတင်းဌာနရဲ့ အဆိုအရ အသက် ၃၃ နှစ်ပြည့်တော့မယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဂူရိုနေရာမှာ ရေရှည်အစားထိုးတာက နည်းပြအတွက် ဦးစားပေးရည်ရွယ်ချက်ဖြစ်နေပါတယ်။ အဂူရိုဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာရန် ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။ဒါ့ကြောင့် မန်စီးတီးအသင်းစိတ်ဝင်စားနေတဲ့ ကစားသမားတစ်ယောက်ကတော့ ဘင်ဖီကာက အသက် ၂၁ နှစ်အရွယ် ဥရုဂွေး လက်ရွေးစင်ကစားသမား နူးနက်ဇ်ပဲ ဖြစ်ပါတယ်။

နူးနက်ဇ်ဟာ ဒီရာသီမှာ ဘင်ဖီကာအသင်းအတွက် (၅) ဂိုးသွင်းထားပြီး ခြေစွမ်းပြနေပါတယ်။ သို့သော်လည်း မန်စီးတီးအသင်းက သူ့ကိုမခေါ်ယူခင် ကစားသမားဟာ တိုးတက်ရန် ပွဲကစားချိန်ပိုလိုအပ်နေတယ်လို့ နားလည်ထားပါတယ်။ အဂူရိုဟာ မန်စီးတီးအသင်းရဲ့ ထာဝရ ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး အမိမြေကလပ် အင်ဒီပန်ဒီယန်တီ အသင်းထံ ပြန်သွားချင်နေတာဖြစ်ပါတယ်။

ဘင္ဖီကာတိုက္စစ္မွဴး ဒါ၀င္ႏူးနက္ဇ္ကို အဂူ႐ို ေနရာမွာ အစားထိုးရန္ မ်က္စိက်ေနတဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက အသင္းရဲ႕ အဓိက တိုက္စစ္မွဴး အဂူ႐ို ေနရာမွာ  ေရရွည္အစားထိုးရန္အတြက္ ဘင္ဖီကာ တိုက္စစ္မႉး ဒါ၀င္ႏူးနက္ဇ္ကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ အသင္းနဲ႔ ဒီတစ္ပတ္အေစာပိုင္းကပင္ (၂) ႏွစ္စာခ်ဳပ္သက္တမ္း တိုးခဲ့ၿပီးေနာက္ အသင္းကို ျပန္လည္တည္ေဆာက္ခ်င္ေနတာျဖစ္ပါတယ္။

တယ္လီဂရပ္ဖ္သတင္းဌာနရဲ႕ အဆိုအရ အသက္ ၃၃ ႏွစ္ျပည့္ေတာ့မယ့္ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး အဂူ႐ိုေနရာမွာ ေရရွည္အစားထိုးတာက နည္းျပအတြက္ ဦးစားေပးရည္ရြယ္ခ်က္ျဖစ္ေနပါတယ္။ အဂူ႐ိုဟာ ဒီရာသီအကုန္မွာ အသင္းကေန  ထြက္ခြာရန္ ဆံုးျဖတ္ထားတယ္လို႔လည္း သိရပါတယ္။ဒါ့ေၾကာင့္ မန္စီးတီးအသင္းစိတ္၀င္စားေနတဲ့ ကစားသမားတစ္ေယာက္ကေတာ့ ဘင္ဖီကာက အသက္ ၂၁ ႏွစ္အရြယ္ ဥ႐ုေဂြး လက္ေရြးစင္ကစားသမား ႏူးနက္ဇ္ပဲ ျဖစ္ပါတယ္။

ႏူးနက္ဇ္ဟာ ဒီရာသီမွာ ဘင္ဖီကာအသင္းအတြက္ (၅) ဂိုးသြင္းထားၿပီး ေျခစြမ္းျပေနပါတယ္။ သို႔ေသာ္လည္း မန္စီးတီးအသင္းက သူ႔ကိုမေခၚယူခင္ ကစားသမားဟာ တိုးတက္ရန္ ပြဲကစားခ်ိန္ပိုလိုအပ္ေနတယ္လို႔ နားလည္ထားပါတယ္။ အဂူ႐ိုဟာ မန္စီးတီးအသင္းရဲ႕ ထာ၀ရ ဂိုးအမ်ားဆံုးသြင္းထားသူျဖစ္ၿပီး အမိေျမကလပ္ အင္ဒီပန္ဒီယန္တီ အသင္းထံ ျပန္သြားခ်င္ေနတာျဖစ္ပါတယ္။