ယူနိုက်တက်က ဆက်သွယ်နေတဲ့ ဗာရာနီက ‌ရောင်းချရန် မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ယူနိုက်တက်က ခေါ်ယူရန် ဆက်သွယ်နေတဲ့ ဗဟိုနောက်ခံလူ ဗာရာနီက ရောင်းချရန် မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ယူနိုက်တက်အသင်းဟာ ဘာနေဗျူးမှာ စာချုပ်သက်တမ်း ၁၈ လ သာကျန်ရှိနေတော့တဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဇီဒန်းက ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ နောက်ခံလူဟာ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

“သူ့ကို အသင်းမှာ ရှိစေချင်နေတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ သူဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူ့ကို မက်ဒရစ်အသင်းမှာ ပိုင်ဆိုင်ထားရတာ ကျွန်တော်တို့ အရမ်းကို ကံကောင်းပါတယ်။ သူ့မှာ ကြီးကျယ်တဲ့ ကစားသမားဘ၀ ရှိပြီး ဒီကို စရောက်လာကတည်းက အောင်မြင်မှုတွေ ပိုင်ဆိုင်ထားပါတယ်။

သေချာတာကတော့ သူဟာ အသင်းအတွက်မရှိမဖြစ်ပါ။ ကျွန်တော်တို့ လူတွေပြောနေတာကို ရပ်တန့်လို့မရပါဘူး။ သူတို့ဟာ ဗာရာနီ အကြောင်းတစ်ခုတည်းပဲ ပြောနေတာမဟုတ်ပါဘူး။ ကစားသမားတွေ အားလုံးအကြောင်းပြောနေတာပါ” လို့ ဇီဒန်းက သတင်းထောက်များကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ၂၀၁၁ ခုနှစ်က လန်းစ် အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာကတည်းက (၃၂၉) ပွဲကစားထားပြီး စပိန်လာလီဂါ အမှတ်ပေးဖလား (၃) ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်တို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ယူႏိုက္တက္က ဆက္သြယ္ေနတဲ့ ဗာရာနီက ‌ေရာင္းခ်ရန္ မဟုတ္ဘူးလို႔ ဆိုလိုက္တ့ဲ ရီးရဲလ္မက္ဒရစ္ နည္းျပ ဇီဒန္း

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက ယူႏိုက္တက္က ေခၚယူရန္ ဆက္သြယ္ေနတဲ့ ဗဟိုေနာက္ခံလူ ဗာရာနီက ေရာင္းခ်ရန္ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့ သတင္းမ်ားအရ ယူႏိုက္တက္အသင္းဟာ ဘာေနဗ်ဴးမွာ စာခ်ဳပ္သက္တမ္း ၁၈ လ သာက်န္ရွိေနေတာ့တဲ့ ျပင္သစ္လက္ေရြးစင္ေနာက္ခံလူကို ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဇီဒန္းက ျပင္သစ္အသင္းနဲ႔ ကမာၻ႕ဖလားရရွိခဲ့တဲ့ ေနာက္ခံလူဟာ အသင္းကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။

“သူ႔ကို အသင္းမွာ ရွိေစခ်င္ေနတာ ကၽြန္ေတာ္တစ္ေယာက္တည္းမဟုတ္ပါဘူး။ သူဟာ အသင္းရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ သူ႔ကို မက္ဒရစ္အသင္းမွာ ပိုင္ဆိုင္ထားရတာ ကၽြန္ေတာ္တို႔ အရမ္းကို ကံေကာင္းပါတယ္။ သူ႔မွာ ႀကီးက်ယ္တဲ့ ကစားသမားဘ၀ ရွိၿပီး ဒီကို စေရာက္လာကတည္းက ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ထားပါတယ္။

ေသခ်ာတာကေတာ့ သူဟာ အသင္းအတြက္မရွိမျဖစ္ပါ။ ကၽြန္ေတာ္တို႔ လူေတြေျပာေနတာကို ရပ္တန္႔လို႔မရပါဘူး။ သူတို႔ဟာ ဗာရာနီ အေၾကာင္းတစ္ခုတည္းပဲ ေျပာေနတာမဟုတ္ပါဘူး။ ကစားသမားေတြ အားလံုးအေၾကာင္းေျပာေနတာပါ” လို႔ ဇီဒန္းက သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၁ ခုႏွစ္က လန္းစ္ အသင္းကေန ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိလာကတည္းက (၃၂၉) ပြဲကစားထားၿပီး စပိန္လာလီဂါ အမွတ္ေပးဖလား (၃) ႀကိမ္ နဲ႔ ခ်န္ပီယံလိဂ္ဖလား (၄) ႀကိမ္တို႔ကို ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။