ယူနိုက်တက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ပယ်ချပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ပေါ့ဘာ

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးအထိ ဆက်နေသွာပြီး ၂၀၂၂ နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့နဲ့ ထွက်ခွာရန် စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ပေါ့ဘာရဲ့ ယူနိုက်တက်အသင်းနဲ့ အနာဂတ်ဟာ ကောလဟာလတွေပြန်လည်ထွက်ပေါ်နေပြီး အသင်းပြောင်းမယ်လို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ် နဲ့ ရီးရဲလ်မက်ဒရစ်တို့ (၂) သင်းစလုံးက အသက် ၂၇ နှစ်အရွယ်ကစားသမားကို လက်မှတ်ထိုးခေါ်ယူရန် စိတ်ဝင်စားနေကြသော်လည်း ယူနိုက်တက်အသင်းက အသင်းရဲ့ ကွင်းလယ်ကစားသမားကို ဈေးဖြတ်ပြီး မရောင်းချချင်ဘူး ဖြစ်နေပါတယ်။ သတင်းများအရ ပြင်သစ်ကစားသမားဟာ သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်း ကုန်တဲ့အထိ အသင်းမှာ ဆက်နေသွားပြီး စာချုပ်သက်တမ်းကုန်တဲ့ ၂၀၂၂ ဇွန်လ မှာ အိုးထက်ရဖိုဒ့်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

ပေါ့ဘာကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရရန် အသင်းတော်တော်များများက ခေါ်ယူချင်နေတာဖြစ်ပေမယ့် ယူနိုက်တက်အသင်းကတော့ အလွတ်နဲ့တော့ ထွက်ခွာခွင့်ပေးဖွယ်မရှိပါဘူး။ ပေါ့ဘာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် (၁၁) ပွဲကစားထားပြီး (၁) ဂိုးပဲ သွင်းထားပါတယ်။ ဒါ့အပြင် နည်းပြဆိုးလ်ရှားရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက် (၁၁) ယောက်လူစာရင်းကနေ ချန်လှပ်ခြင်းခံထားရသူ ဖြစ်ပါတယ်။

ယူႏိုက္တက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို ပယ္ခ်ၿပီး အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာမယ့္ ေပါ့ဘာ

ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးအထိ ဆက္ေနသြာၿပီး ၂၀၂၂ ေႏြရာသီမွာ အသင္းကေန အလြတ္ေျပာင္းေရႊ႕နဲ႔ ထြက္ခြာရန္ စဥ္းစားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ေပါ့ဘာရဲ႕ ယူႏိုက္တက္အသင္းနဲ႔ အနာဂတ္ဟာ ေကာလဟာလေတြျပန္လည္ထြက္ေပၚေနၿပီး အသင္းေျပာင္းမယ္လို႔ ေရပန္းစားေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ (၂) သင္းစလံုးက အသက္ ၂၇ ႏွစ္အရြယ္ကစားသမားကို လက္မွတ္ထိုးေခၚယူရန္ စိတ္၀င္စားေနၾကေသာ္လည္း ယူႏိုက္တက္အသင္းက အသင္းရဲ႕ ကြင္းလယ္ကစားသမားကို ေစ်းျဖတ္ၿပီး မေရာင္းခ်ခ်င္ဘူး ျဖစ္ေနပါတယ္။ သတင္းမ်ားအရ ျပင္သစ္ကစားသမားဟာ သူ႔ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္း ကုန္တဲ့အထိ အသင္းမွာ ဆက္ေနသြားၿပီး စာခ်ဳပ္သက္တမ္းကုန္တဲ့ ၂၀၂၂ ဇြန္လ မွာ အိုးထက္ရဖိုဒ့္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ေပါ့ဘာကိုသာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခြင့္ရရန္ အသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူခ်င္ေနတာျဖစ္ေပမယ့္ ယူႏိုက္တက္အသင္းကေတာ့ အလြတ္နဲ႔ေတာ့ ထြက္ခြာခြင့္ေပးဖြယ္မရွိပါဘူး။ ေပါ့ဘာဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ (၁၁) ပြဲကစားထားၿပီး (၁) ဂိုးပဲ သြင္းထားပါတယ္။ ဒါ့အျပင္ နည္းျပဆိုးလ္ရွားရဲ႕ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ပြဲထြက္ (၁၁) ေယာက္လူစာရင္းကေန ခ်န္လွပ္ျခင္းခံထားရသူ ျဖစ္ပါတယ္။