ဂျာဒွန်ဆန်ချို ၊ အန်ဆုဖာတီ ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဂရင်းဝုဒ် နဲ့ ဖိုဒန်တို့ကို ကျော်ဖြတ်ပြီး ၂၀၂၀ လူငယ်ရွှေဘောလုံးဆုကို ဆွတ်ခူးသွားတဲ့ ဟာလန်း

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ အသင်းဖော် ဂျာဒွန်ဆန်ချိုကို ကျော်ဖြတ်ပြီး ၂၀၂၀ လူငယ်ရွှေဘောလုံးဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အီတလီသတင်းစာ Tuttosport ကကျင်းပတဲ့ လူငယ်ရွှေ့ဘောလုံးဆုဟာ ဥရောပလိဂ်တစ်ဝန်းက အသက်၂၁နှစ်အရွယ် နဲ့ အကောင်းဆုံးကစားသမားတွေကို မဲပေးပြီး ရွေးချယ်ပေးတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၄၄) ဂိုးသွင်းပေးခဲ့ပြီး (၂၈) ဂိုးက လိုက်ပ်ဇ်အသင်းမှာ သွင်းယူပေးခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့သူပါ။နော်ဝေးလက်ရွေးစင်ကစားသမားဟာ ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက်မှာပဲ ဟက်ထရစ်သွင်းယူခဲ့ပြီး ရာသီလက်ကျန်မှာ ပြိုင်ပွဲစုံ (၁၆) ဂိုးသွင်းထားသူဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဒေါ့မွန်အသင်းဖော် ဂျာဒွန်ဆန်ချို၊ ဘာစီလိုနာကြယ်ပွင့် အန်ဆုဖာတီ နဲ့ ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ် တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ ဆုကို ရရှိရန် ဘိုင်ယန်မြူးနစ်က အယ်လ်ဖွန်ဆိုဒေးဗီး နဲ့ မန်စီးတီးက ဖိုဒန်တို့လည်း ရေပန်းစားခဲ့ပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၇ ခုနှစ်တုန်းက ဒီလစ်ဂ် နဲ့ အမ်ဘာပေးတို့က ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်း ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာလည်း (၁၁) ပွဲကစားထားပြီး (၁၁) ဂိုးသွင်းယူပေးထားပါတယ်။

ဂ်ာဒြန္ဆန္ခ်ိဳ ၊ အန္ဆုဖာတီ ၊ အယ္လ္ဖြန္ဆိုေဒးဗီးစ္၊ ဂရင္းဝုဒ္ နဲ႔ ဖိုဒန္တို႔ကို ေက်ာ္ျဖတ္ၿပီး ၂၀၂၀ လူငယ္ေရႊေဘာလံုးဆုကို ဆြတ္ခူးသြားတဲ့ ဟာလန္း

ေဒါ့မြန္အသင္းရဲ႕ တိုက္စစ္မွဴး ဟာလန္းဟာ အသင္းေဖာ္ ဂ်ာဒြန္ဆန္ခ်ိဳကို ေက်ာ္ျဖတ္ၿပီး ၂၀၂၀ လူငယ္ေရႊေဘာလံုးဆုကို ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ အီတလီသတင္းစာ Tuttosport ကက်င္းပတဲ့ လူငယ္ေရႊ႕ေဘာလံုးဆုဟာ ဥေရာပလိဂ္တစ္၀န္းက အသက္၂၁ႏွစ္အရြယ္ နဲ႔ အေကာင္းဆံုးကစားသမားေတြကို မဲေပးၿပီး ေရြးခ်ယ္ေပးတာ ျဖစ္ပါတယ္။

ဟာလန္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ၿပိဳင္ပြဲစံု (၄၄) ဂိုးသြင္းေပးခဲ့ၿပီး (၂၈) ဂိုးက လိုက္ပ္ဇ္အသင္းမွာ သြင္းယူေပးခဲ့ၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေဒါ့မြန္အသင္းဆီ ေျပာင္းေရႊ႕ခဲ့သူပါ။ေနာ္ေ၀းလက္ေရြးစင္ကစားသမားဟာ ေဒါ့မြန္အသင္းနဲ႔ ပြဲဦးထြက္မွာပဲ ဟက္ထရစ္သြင္းယူခဲ့ၿပီး ရာသီလက္က်န္မွာ ၿပိဳင္ပြဲစံု (၁၆) ဂိုးသြင္းထားသူျဖစ္ပါတယ္။

ဒါ့အျပင္ သူဟာ ေဒါ့မြန္အသင္းေဖာ္ ဂ်ာဒြန္ဆန္ခ်ိဳ၊ ဘာစီလိုနာၾကယ္ပြင့္ အန္ဆုဖာတီ နဲ႔ ယူႏိုက္တက္တိုက္စစ္မွဴး ဂရင္းဝုဒ္ တို႔ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တာပါ။ ဆုကို ရရွိရန္ ဘိုင္ယန္ျမဴးနစ္က အယ္လ္ဖြန္ဆိုေဒးဗီး နဲ႔ မန္စီးတီးက ဖိုဒန္တို႔လည္း ေရပန္းစားခဲ့ပါတယ္။ ၂၀၁၈ နဲ႔ ၂၀၁၇ ခုႏွစ္တုန္းက ဒီလစ္ဂ္ နဲ႔ အမ္ဘာေပးတို႔က ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဟာလန္း ဟာ ဒီရာသီဘြန္ဒက္စ္လီဂါမွာလည္း (၁၁) ပြဲကစားထားၿပီး (၁၁) ဂိုးသြင္းယူေပးထားပါတယ္။