ချဲလ်ဆီးအသင်းရဲ့ ကိုင်ဟာဗက်ဇ် နဲ့ ပူလီဆစ်တို့ နယူးကာဆယ်နဲ့ ပွဲကို လွဲချော်နိုင်

ကိုင်ဟာဗက်ဇ် နဲ့ ပူလီဆစ်တို့ (၂) ယောက်စလုံးဟာ ချဲလ်ဆီးအသင်း ဆန်းဒါးလန်းနဲ့ ကစားမယ့် စနေနေ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီလအစောပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ ကိုင်ဟာဗက်ဇ်ဟာ အသင်းရဲ့ ရင်းနက်စ်နဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ပွဲတွေကို လွဲချော်ခဲ့ရပြီး ဂျာမနီလက်ရွေးစင်အသင်းနဲ့လည်း ပါဝင်ခွင့်မရခဲ့ပါဘူး။

သတင်းများအရ သူဟာ အိမ်မှာပဲ လေ့ကျင့်ရေးဆင်းနေပြီး စိန့်ဂျိမ်းစ်ပတ်ခ်ဆီ သွားကစားရမယ့် ပွဲမှာလည်း ကြံ့ခိုင်မှုကြောင့် ပါဝင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ဒီတစ်ပတ်မှာ ကိုဗစ်ကနေ ကင်းစင်ပြီး လေ့ကျင့်ရေးဆင်းနိုင်ပေမယ့် အသင်းရဲ့ ပွဲကိုတော့ လိုက်ပါခွင့်ရမှာ မဟုတ်ပါဘူး။ဒါ့အပြင် ပူလီဆစ်လည်း တံကောက်ကြောဒဏ်ရာကြောင့် နောက်တစ်ပတ် ဒါမှမဟုတ် ထပ်ပြီး အနားယူရမယ်လို့ သိရပါတယ်။

တောင်ပံကစားသမားဟာ အောက်တိုဘာလ (၃၁) ရက်နေ့ကတည်းက အဆိုပါ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ အမေရိက ကစားသမားဟာ သြဂုတ်လတုန်းက အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလားပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကို ဒီရာသီအစမှာ ရရှိခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် ကိုင်ဟာဗက်ဇ်ဟာ ဒီရာသီမှာ လမ်းပတ်ရဲ့ အသင်း၌ ပုံမှန်ကစားခွင့်ရထားပြီး ပရီးမီးယားလိဂ် (၇) ပွဲစလုံးမှာ ပွဲထွက်ကစားထားပါတယ်။ ပူလီဆစ်ကတော့ အသင်းအတွက် (၃) ပွဲပဲ ကစားခွင့်ရထားပြီး ဒီရာသီမှာ (၂၈၃) မိနစ်သာကစားခွင့်ရထားပါတယ်။

ခ်ဲလ္ဆီးအသင္းရဲ႕ ကိုင္ဟာဗက္ဇ္ နဲ႔ ပူလီဆစ္တို႔ နယူးကာဆယ္နဲ႔ ပြဲကို လြဲေခ်ာ္ႏိုင္

ကိုင္ဟာဗက္ဇ္ နဲ႔ ပူလီဆစ္တို႔ (၂) ေယာက္စလံုးဟာ ခ်ဲလ္ဆီးအသင္း ဆန္းဒါးလန္းနဲ႔ ကစားမယ့္ စေနေန႔ ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒီလအေစာပိုင္းတုန္းက ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးစစ္ေဆးေတြ႔ရွိခဲ့တဲ့ ကိုင္ဟာဗက္ဇ္ဟာ အသင္းရဲ႕ ရင္းနက္စ္နဲ႔ ရွက္ဖီးယူႏိုက္တက္အသင္းတို႔ပြဲေတြကို လြဲေခ်ာ္ခဲ့ရျပီး ဂ်ာမနီလက္ေရြးစင္အသင္းနဲ႔လည္း ပါ၀င္ခြင့္မရခဲ့ပါဘူး။

သတင္းမ်ားအရ သူဟာ အိမ္မွာပဲ ေလ့က်င့္ေရးဆင္းေနျပီး စိန္႔ဂ်ိမ္းစ္ပတ္ခ္ဆီ သြားကစားရမယ့္ ပြဲမွာလည္း ၾကံ့ခိုင္မႈေၾကာင့္ ပါ၀င္ႏိုင္ျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ဒီတစ္ပတ္မွာ ကိုဗစ္ကေန ကင္းစင္ျပီး ေလ့က်င့္ေရးဆင္းႏိုင္ေပမယ့္ အသင္းရဲ႕ ပြဲကိုေတာ့ လိုက္ပါခြင့္ရမွာ မဟုတ္ပါဘူး။ဒါ့အျပင္ ပူလီဆစ္လည္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ေနာက္တစ္ပတ္ ဒါမွမဟုတ္ ထပ္ျပီး အနားယူရမယ္လို႔ သိရပါတယ္။

ေတာင္ပံကစားသမားဟာ ေအာက္တိုဘာလ (၃၁) ရက္ေန႔ကတည္းက အဆိုပါ ဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။ အေမရိက ကစားသမားဟာ ၾသဂုတ္လတုနး္က အာဆင္နယ္အသင္းနဲ႔ အက္ဖ္ေအဖလားပြဲမွာ ရခဲ့တဲ့ ဒဏ္ရာကို ဒီရာသီအစမွာ ရရွိခဲ့တာပါ။ အသက္ ၂၁ ႏွစ္အရြယ္ ကိုင္ဟာဗက္ဇ္ဟာ ဒီရာသီမွာ လမး္ပတ္ရ႕ဲ အသင္း၌ ပံုမွန္ကစားခြင့္ရထားျပီး ပရီးမီးယားလိဂ္ (၇) ပြဲစလံုးမွာ ပြဲထြက္ကစားထားပါတယ္။ ပူလီဆစ္ကေတာ့ အသင္းအတြက္ (၃) ပြဲပဲ ကစားခြင့္ရထားျပီး ဒီရာသီမွာ (၂၈၃) မိနစ္သာကစားခြင့္ရထားပါတယ္။