ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရာနီကို ခေါ်ယူမယ့် အခွင့်အရေးရရှိနေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဗာရာနီကို ခေါ်ယူရန် လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ပြင်သစ်လက်ရွေးစင်နောက်ခံလူကို ယူနိုက်တက်အသင်းက ဆက်သွယ်စုံစမ်းခဲ့ဖူးပြီး ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

သို့သော်လည်း ယခုအခါ ယူနိုက်အသင်းဟာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်တော့တဲ့ ကစားသမားကို နောက်တစ်ကြိမ် ဆက်သွယ်နေတာ ဖြစ်ပါတယ်။အသက် ၂၇ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေတဲ့ အသင်းတွေရှိပေမယ့်လည်း လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ တရားဝင်ကမ်းလှမ်းမယ့် အသင်းမရှိနိုင်ဘူးလို့ သိရပါတယ်။

ဗာရာနီဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ (၁၁) ပွဲစလုံးမှာ (၁၀) ပွဲ ပွဲထွက်ကစားထားပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ပုံမှန်ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဗာရာနီကို ေခၚယူမယ့္ အခြင့္အေရးရရွိေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ ဗာရာနီကို ေခၚယူရန္ လုပ္ေဆာင္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူကို ယူႏိုက္တက္အသင္းက ဆက္သြယ္စုံစမ္းခဲ့ဖူးၿပီး ေျပာင္းေ႐ႊ႕ေၾကးအနည္းငယ္နဲ႔ ေခၚယူႏိုင္မယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း ယခုအခါ ယူႏိုက္အသင္းဟာ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ေတာ့တဲ့ ကစားသမားကို ေနာက္တစ္ႀကိမ္ ဆက္သြယ္ေနတာ ျဖစ္ပါတယ္။အသက္ ၂၇ ႏွစ္အ႐ြယ္ကစားသမားကို စိတ္ဝင္စားေနတဲ့ အသင္းေတြရွိေပမယ့္လည္း လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ တရားဝင္ကမ္းလွမ္းမယ့္ အသင္းမရွိႏိုင္ဘူးလို႔ သိရပါတယ္။

ဗာရာနီဟာ ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ (၁၁) ပြဲစလုံးမွာ (၁၀) ပြဲ ပြဲထြက္ကစားထားၿပီး ျပင္သစ္လက္ေ႐ြးစင္အသင္းမွာလည္း ပုံမွန္ကစားခြင့္ရထားသူ ျဖစ္ပါတယ္။