ခြေစွမ်းကောင်းပေမယ့် အသင်းကြီးတွေကမလိုချင်တာကြောင့် ချန်ပီယံရှစ်ကလပ် ဘန်စလေကို ရောက်ဖို့ နီးစပ်နေတဲ့ ဘာလော့တယ်လီ


ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက အီတလီတိုက်စစ်မှူးတွေထဲမှာ အလားအလာအကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံ ရပြီး ခြေစွမ်းလည်း မဆိုးတဲ့ ဘာလော့တယ်လီဟာ ကွင်းပြင်ပနေထိုင်မှုပုံစံတွေနဲ့ မကြာခဏခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် သူကို ခေါ်ယူချင်တဲ့အသင်းကြီးတွေက လက်ရှောင်သွားလေ့ရှိပါတယ်။ အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ဘာလော့တယ်လီဟာ လက်ရှိမှာ ဘရက်ရှားအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တာကြောင့် အသင်းလက်မဲ့ဖြစ်နေသူလည်း ဖြစ်ပါ တယ်။


အသင်းလက်မဲ့ဖြစ်နေတဲ့ ဘာလော့တယ်လီဟာ စီးရီးဒီကလပ် ဖရန်စီယာကော်တာအသင်းနဲ့လေ့ကျင့်ခန်းအတူ ဆင်းနေ တာဖြစ်ပြီး သူကိုခေါ်ယူဖို့အတွက် အင်္ဂလန်ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ ဘန်စလေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာလော့တယ်လီကို ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဝက်ဖို့ဒ်ကလည်း ခေါ်ယူဖို့ အတွက် စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။


ဘာလော့တယ်လီဟာ အင်္ဂလန်ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးတို့မှာကစားခဲ့တဲ့သူ တစ်ယောက် ဖြစ်တဲ့အပြင် စီးရီးအေထိပ်သီအသင်းကြီးတွေဖြစ်တဲ့ မီလန်မြို့ခံနှစ်သင်းစလုံးမှာလည်း ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဒါအပြင် ပြင်သစ်ကလပ်အသင်းတွေဖြစ်တဲ့ နိုက်စ်၊ မာဆေးအသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ဘာလော့တယ်လီဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေတာကြောင့် ဘန်စလေကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

zawgyi version

ေျခစြမ္းေကာင္းေပမယ့္ အသင္းႀကီးေတြကမလိုခ်င္တာေၾကာင့္ ခ်န္ပီယံရွစ္ကလပ္ ဘန္စေလကို ေရာက္ဖို႔ နီးစပ္ေနတဲ့ ဘာေလာ့တယ္လီ
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက အီတလီတိုက္စစ္မွဴးေတြထဲမွာ အလားအလာအေကာင္းဆံုးတိုက္စစ္မွဴးအျဖစ္ သတ္မွတ္ခံ ရၿပီး ေျခစြမ္းလည္း မဆိုးတဲ့ ဘာေလာ့တယ္လီဟာ ကြင္းျပင္ပေနထိုင္မႈပံုစံေတြနဲ႔ မၾကာခဏခိုက္ရန္ျဖစ္ပြားမႈေတြေၾကာင့္ သူကို ေခၚယူခ်င္တဲ့အသင္းႀကီးေတြက လက္ေရွာင္သြားေလ့ရွိပါတယ္။ အသက္ ၃၀ ႏွစ္ရွိၿပီျဖစ္တဲ့ ဘာေလာ့တယ္လီဟာ လက္ရွိမွာ ဘရက္ရွားအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားၿပီျဖစ္တာေၾကာင့္ အသင္းလက္မဲ့ျဖစ္ေနသူလည္း ျဖစ္ပါ တယ္။
အသင္းလက္မဲ့ျဖစ္ေနတဲ့ ဘာေလာ့တယ္လီဟာ စီးရီးဒီကလပ္ ဖရန္စီယာေကာ္တာအသင္းနဲ႔ေလ့က်င့္ခန္းအတူ ဆင္းေန တာျဖစ္ၿပီး သူကိုေခၚယူဖို႔အတြက္ အဂၤလန္ခ်န္ပီယံရွစ္ကလပ္ျဖစ္တဲ့ ဘန္စေလက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ဘာေလာ့တယ္လီကို ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕တုန္းက ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရတဲ့ ဝက္ဖို႔ဒ္ကလည္း ေခၚယူဖို႔ အတြက္ စိတ္ဝင္စားခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့ဖူးပါတယ္။
ဘာေလာ့တယ္လီဟာ အဂၤလန္ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးတို႔မွာကစားခဲ့တဲ့သူ တစ္ေယာက္ ျဖစ္တဲ့အျပင္ စီးရီးေအထိပ္သီအသင္းႀကီးေတြျဖစ္တဲ့ မီလန္ၿမိဳ႕ခံႏွစ္သင္းစလံုးမွာလည္း ပါဝင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။ ဒါအျပင္ ျပင္သစ္ကလပ္အသင္းေတြျဖစ္တဲ့ ႏိုက္စ္၊ မာေဆးအသင္းေတြမွာလည္း ကစားခဲ့ဖူးတဲ့ ဘာေလာ့တယ္လီဟာ လက္ရွိအခ်ိန္မွာေတာ့ အသင္းလက္မဲ့ျဖစ္ေနတာေၾကာင့္ ဘန္စေလကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္။