ဝိုင်နယ်လ်ဒမ်း ကို (၅) နှစ်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းလိုက်တဲ့ လီဗာပူးလ်အသင်း

အပြောင်းအရွှေ့ရာသီတုန်းက အန်ဖီးလ်ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကို လီဗာပူးလ်အသင်းဟာ စာချုပ်သစ်တစ်ရပ် နဲ့ ကမ်းလှမ်းလိုက်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဝိုင်နယ်လ်ဒမ်းဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းရဲ့ အဓိက ကစားသမားအဖြစ် ရှိနေဆဲ ဖြစ်ပြီး အသက် ၃၀ အရွယ်ကစားသမားရဲ့ စာချုပ်သက်တမ်းက ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်ကစားသမားကို ဥရောပ ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားနေဆဲဖြစ်ပြီး ဘာစီလိုနာ နဲ့ အင်တာမီလန်တို့က ဆက်သွယ်မှုတွေ လုပ်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သို့သော်လည်း ESPN သတင်းဌာနရဲ့ အဆိုအရ လီဗာပူးလ်အသင်းဟာ ဝိုင်နယ်လ်ဒမ်းကို လစာတိုးပြီး စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်တွေကတည်းက အသင်းရဲ့ ကွင်းလယ်မှာ နေရာစုံမှာကစားပြီးနောက် ဝိုင်နယ်လ်ဒမ်းဟာ နည်းပြယာဂင်ကလော့ပ်ကို သက်သေပြခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ စာချုပ်သစ်ကမ်းလှမ်းတာကို လက်မခံဘူးဆိုရင်တော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နိုင်ငံခြားကလပ်အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှု ရယူနိုင်မှာ ဖြစ်ပါတယ်။

၀ိုင္နယ္လ္ဒမ္း ကို (၅) ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္ ကမ္းလွမ္းလိုက္တဲ့ လီဗာပူးလ္အသင္း

အေျပာင္းအေရႊ႕ရာသီတုနး္က အန္ဖီးလ္ကေန ထြက္ခြာမယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တဲ့ ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္းကို လီဗာပူးလ္အသင္းဟာ စာခ်ဳပ္သစ္တစ္ရပ္ နဲ႔ ကမ္းလွမ္းလိုက္တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ၀ိုင္နယ္လ္ဒမ္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ရွိေနဆဲ ျဖစ္ျပီး အသက္ ၃၀ အရြယ္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၁ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ပါတယ္။

နယ္သာလန္လက္ေရြးစင္ကစားသမားကို ဥေရာပ ထိပ္သီးကလပ္အသင္းေတြက စိတ္၀င္စားေနဆဲျဖစ္ျပီး ဘာစီလိုနာ နဲ႔ အင္တာမီလန္တို႔က ဆက္သြယ္မႈေတြ လုပ္ရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း ESPN သတင္းဌာနရဲ႕ အဆိုအရ လီဗာပူးလ္အသင္းဟာ ၀ိုင္နယ္လ္ဒမ္းကို လစာတိုးျပီး စာခ်ဳပ္သစ္တစ္ရပ္ ကမ္းလွမ္းလိုက္တယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့အပတ္ေတြကတည္းက အသင္းရဲ႕ ကြင္းလယ္မွာ ေနရာစံုမွာကစားျပီးေနာက္ ၀ိုင္နယ္လ္ဒမ္းဟာ နည္းျပယာဂင္ကေလာ့ပ္ကို သက္ေသျပခဲ့သူျဖစ္ပါတယ္။ သူ႔အေနနဲ႔ စာခ်ဳပ္သစ္ကမ္းလွမ္းတာကို လက္မခံဘူးဆိုရင္ေတာ့ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ႏိုင္ငံျခားကလပ္အသင္းတစ္သင္းနဲ႔ အၾကိဳသေဘာတူညီမႈ ရယူႏိုင္မွာ ျဖစ္ပါတယ္။