ဗန်ဒိုက်ချ် နဲ့ လူကာကူ ကို ချဲလ်ဆီးအသင်းအတွက် ခေါ်ယူပေးရန် အရမ်းကိုနီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ကွန်တီ

ကွန်တီက ချဲလ်ဆီးအသင်းမှာတုန်းက လူကာကူ နဲ့ ဗန်ဒိုက်ချ်ကို ခေါ်ယူပေးရန် အရမ်းကို နီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ အင်တာမီလန်နည်းပြ ကွန်တီဟာ ၂၀၁၆-၁၇ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ချဲလ်ဆီးအသင်းနဲ့အတူ ပထမဆုံးရာသီမှာ ဆွတ်ခူးနိုင်ခဲ့ပြီး နောက်နှစ်မှာ အသင်းကို ထပ်မံအင်အားဖြည့်တင်းချင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူဟာ လူကာကူ ကော ၊ ဗန်ဒိုက်ချ်ကိုကော လက်လွှတ်ခဲ့ရပြီးနောက် နောက်နှစ်မှာ အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

“ကျွန်တော် ကစားသမား (၂) ယောက်တောင်းခဲ့ပြီး အမှတ်ပေးဖလားရခဲ့ပြီးနောက် အရမ်းကို နီးစပ်ခဲ့ပါတယ်။ တစ်ယောက်ကို လူကာကူ ဖြစ်ပြီး နောက်တစ်ယောက်က ဗန်ဒိုက်ချ်ပါ။ သူတို့ (၂) ယောက်စလုံးကို ခေါ်ရန် အရမ်းနီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့ နေ့တိုင်း ဆက်သွယ်ဖြစ်ခဲ့ပြီး သူတို့ (၂) ယောက်က အသင်းကို (၃၀) ရာခိုင်နှုန်းလောက် တိုးတက်မယ်လို့ အမြဲပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မခေါ်ယူနိုင်ခဲ့ပါတယ်။ အခုတော့ လူကာကူက အင်တာမီလန်ကို ရောက်နေပြီး ဗန်ဒိုက်ချ်က လီဗာပူးလ်မှာပါ” လို့ ကွန်တီက ပြောခဲ့တာ ဖြစ်ပါတယ်။

လူကာကူဟာ အဲ့ဒီနှစ်မှာပဲ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး နောက် (၆) လအကြာမှာ ဗန်ဒိုက်ချ်က လီဗာပူးလ်ဆီ ရောက်ခဲ့ပါတယ်။ မနှစ်ကတော့ ကွန်တီဟာ လူကာကူကို အင်တာမီလန်အသင်းဆီ ခေါ်ယူနိုင်ခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် (၂) နေရာမှာ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းထက် (၁) မှတ်လျော့နဲ့ ဖလား လက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာလည်း ဆီဗီလား ကို ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ရပါသေးတယ်။

ဗန္ဒိုက္ခ်္ နဲ႔ လူကာကူ ကို ခ်ဲလ္ဆီးအသင္းအတြက္ ေခၚယူေပးရန္ အရမ္းကိုနီးစပ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ကြန္တီ

ကြန္တီက ခ်ဲလ္ဆီးအသင္းမွာတုန္းက လူကာကူ နဲ႔ ဗန္ဒိုက္ခ်္ကို ေခၚယူေပးရန္ အရမ္းကို နီးစပ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ လက္ရွိ အင္တာမီလန္နည္းျပ ကြန္တီဟာ ၂၀၁၆-၁၇ ပရီးမီးယားလိဂ္အမွတ္ေပးဖလားကို ခ်ဲလ္ဆီးအသင္းနဲ႔အတူ ပထမဆံုးရာသီမွာ ဆြတ္ခူးႏိုင္ခဲ့ျပီး ေနာက္ႏွစ္မွာ အသင္းကို ထပ္မံအင္အားျဖည့္တင္းခ်င္ခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ လူကာကူ ေကာ ၊ ဗန္ဒိုက္ခ်္ကိုေကာ လက္လႊတ္ခဲ့ရျပီးေနာက္ ေနာက္ႏွစ္မွာ အသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

“ကၽြန္ေတာ္ ကစားသမား (၂) ေယာက္ေတာင္းခဲ့ျပီး အမွတ္ေပးဖလားရခဲ့ျပီးေနာက္ အရမ္းကို နီးစပ္ခဲ့ပါတယ္။ တစ္ေယာက္ကို လူကာကူ ျဖစ္ျပီး ေနာက္တစ္ေယာက္က ဗန္ဒိုက္ခ်္ပါ။ သူတို႔ (၂) ေယာက္စလံုးကို ေခၚရန္ အရမ္းနီးစပ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ေန႔တိုင္း ဆက္သြယ္ျဖစ္ခဲ့ျပီး သူတို႔ (၂) ေယာက္က အသင္းကို (၃၀) ရာခိုင္ႏႈန္းေလာက္ တိုးတက္မယ္လို႔ အျမဲေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ မေခၚယူႏိုင္ခဲ့ပါတယ္။ အခုေတာ့ လူကာကူက အင္တာမီလန္ကို ေရာက္ေနျပီး ဗန္ဒိုက္ခ်္က လီဗာပူးလ္မွာပါ” လို႔ ကြန္တီက ေျပာခဲ့တာ ျဖစ္ပါတယ္။

လူကာကူဟာ အဲ့ဒီႏွစ္မွာပဲ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခဲ့ျပီး ေနာက္ (၆) လအၾကာမွာ ဗန္ဒိုက္ခ်္က လီဗာပူးလ္ဆီ ေရာက္ခဲ့ပါတယ္။ မႏွစ္ကေတာ့ ကြန္တီဟာ လူကာကူကို အင္တာမီလန္အသငး္ဆီ ေခၚယူႏိုင္ခဲ့ျပီး စီးရီးေအ အမွတ္ေပးဇယား အဆင့္ (၂) ေနရာမွာ ခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းထက္ (၁) မွတ္ေလ်ာ့နဲ႔ ဖလား လက္လႊတ္ခဲ့ရပါတယ္။ ဒါ့အျပင္ ယူရိုပါလိဂ္မွာလည္း ဆီဗီလား ကို ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့ရပါေသးတယ္။