ပြင်သစ်လက်ရွေးစင်အသင်းမှာ ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာပြဿနာကြောင့် တစ်ယောက်တည်း လေ့ကျင့်ရေးဆင်းနေရတဲ့ ယူနိုက်တက်တိုက်စစ်မှူး မာရှယ်လ်

ယူနိုက်တက်တိုက်စစ်မှူး မာရှယ်လ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာပြဿနာကြောင့် သီးသန့်လေ့ကျင့်ရေးဆင်းနေရတယ်လို့ သိရပါတယ်။ ကစားသမားဟာ တနလာၤနေ့က အသင်းရဲ့ လေ့ကျင့်ရေးကို ပါဝင်နိုင်ခြင်းမရှိပဲ အင်္ဂါနေ့ ဆွီဒင် နဲ့ ကစားမယ့်ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။

မာရှယ်လ်ဟာ ပေါ်တူဂီအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းမှာ ပွဲစကတည်းက ပါဝင်ကစားခဲ့ပေမယ့် (၇၈) မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။မာရှယ်လ်ရဲ့ ဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်(၇) ပွဲကစားပြီး အဆင့် (၁၄) ကို ရောက်နေတဲ့ နည်းပြဆိုးလ်ရှားရဲ့ အသင်းအတွက်တော့ စိုးရိမ်စရာဖြစ်ပါတယ်။

မာရှယ်လ်ဟာ လက်ရွေးစင်အသင်းက ပြန်လာပြီးရင် ယူနိုက်တက်နဲ့ စနေနေ့မှာ ဝက်စ်ဘရွန်းအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။ သို့သော်လည်း မာရှယ်လ်ဟာ ရပ်ရှ်ဖိုဒ့်၊ ဂရင်းဝုဒ်တို့နဲ့အတူ ဒဏ်ရာရတဲ့ နေရာမှာပဲ ထိုင်နေရဖို့ များနေပါတယ်။
ရပ်ရှ်ဖိုဒ့်ဟာ ဒီလအစောပိုင်းတုန်းက အဲဗာတန်အသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပခုံးဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။

ျပင္သစ္လက္ေရြးစင္အသင္းမွာ ရရွိခဲ့တဲ့ ေနာက္ေက်ာဒဏ္ရာျပႆနာေၾကာင့္ တစ္ေယာက္တည္း ေလ့က်င့္ေရးဆင္းေနရတဲ့ ယူႏိုက္တက္တိုက္စစ္မွဴး မာရွယ္လ္

ယူႏိုက္တက္တိုက္စစ္မွဴး မာရွယ္လ္ဟာ ျပင္သစ္လက္ေရြးစင္အသင္းမွာ ရရွိခဲ့တဲ့ ေနာက္ေက်ာဒဏ္ရာျပႆနာေၾကာင့္ သီးသန္႔ေလ့က်င့္ေရးဆင္းေနရတယ္လို႔ သိရပါတယ္။ ကစားသမားဟာ တနလာၤေန႔က အသင္းရဲ႕ ေလ့က်င့္ေရးကို ပါ၀င္ႏိုင္ျခင္းမရွိပဲ အဂၤါေန႔ ဆြီဒင္ နဲ႔ ကစားမယ့္ပြဲကိုလည္း လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

မာရွယ္လ္ဟာ ေပၚတူဂီအသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ ျပင္သစ္အသင္းမွာ ပြဲစကတည္းက ပါ၀င္ကစားခဲ့ေပမယ့္ (၇၈) မိနစ္မွာ လူစားလဲခံခဲ့ရပါတယ္။မာရွယ္လ္ရဲ႕ ဒဏ္ရာျပႆနာေၾကာင့္ ပရီးမီးယားလိဂ္(၇) ပြဲကစားျပီး အဆင့္ (၁၄) ကို ေရာက္ေနတဲ့ နည္းျပဆိုးလ္ရွားရဲ႕ အသင္းအတြက္ေတာ့ စိုးရိမ္စရာျဖစ္ပါတယ္။

မာရွယ္လ္ဟာ လက္ေရြးစင္အသင္းက ျပန္လာျပီးရင္ ယူႏိုက္တက္နဲ႔ စေနေန႔မွာ ၀က္စ္ဘရြန္းအသင္းနဲ႔ ကစားရဖို႔ ရိွေနပါတယ္။ သို႔ေသာ္လည္း မာရွယ္လ္ဟာ ရပ္ရွ္ဖိုဒ့္၊ ဂရင္း၀ုဒ္တို႔နဲ႔အတူ ဒဏ္ရာရတဲ့ ေနရာမွာပဲ ထိုင္ေနရဖို႔ မ်ားေနပါတယ္။
ရပ္ရွ္ဖိုဒ့္ဟာ ဒီလအေစာပိုင္းတုန္းက အဲဗာတန္အသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပခံုးဒဏ္ရာ ရခဲ့တာျဖစ္ပါတယ္။