ထရာအိုရေး နေရာအစားထိုးရန် ဒီဘာလာ ကို မျက်စိကျနေတဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗာဟမ်တန်အသင်းဟာ အသင်းက ထွက်ခွာရန် ရှိနေတဲ့ အဒမ်မာထရာအိုရေးနေရာမှာ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘာလာ နဲ့ အစားထိုးရန် မျက်စိကျနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ထရာအိုရေးဟာ ဒီရာသီမှာ နူနိုဆန်းတိုစ့်ရဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရပြီး စာချုပ်သက်တမ်းတိုးဖို့ကိုလည်း လက်ခံဖွယ်မရှိဘူး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ဝုလ်ဗ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် စဉ်းစားသွားဖွယ်ရှိနေပါတယ်။ ဝုလ်ဗ်အသင်းဟာ ထရာအိုရေးနေရာမှာ အစားထိုးရန် နာမည်ကြီးကစားသမားတစ်ယောက်ကို ခေါ်ယူရန် မျက်စိကျနေပြီး သတင်းများအရ ဒီဘာလာကို ခေါ်ယူရန် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ထရာအိုရေးကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲ ဂျူဗင်တပ်စ်တစ်သင်းလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ စပိန်လက်ရွေးစင်ကစားသမား ထရာအိုရေးအတွက် ပေါင် ၇၁.၇ သန်းသတ်မှတ်ထားတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီဘာလာဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအစောပိုင်းတုန်းက ဒဏ်ရာပြဿနာကြောင့် အသင်းအတွက် (၂) ပွဲသာကစားထားသူဖြစ်ပါတယ်။ သို့သော်လည်း အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ အီတလီချန်ပီယံအသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၁၇) ဂိုးသွင်းပြီး (၁၄) ဂိုးဖန်တီးပေးထားပါတယ်။

ထရာအိုေရး ေနရာအစားထိုးရန္ ဒီဘာလာ ကို မ်က္စိက်ေနတဲ့ ၀ုလ္ဗ္အသင္း

၀ုလ္ဗာဟမ္တန္အသင္းဟာ အသင္းက ထြက္ခြာရန္ ရွိေနတဲ့ အဒမ္မာထရာအိုေရးေနရာမွာ ဂ်ဴဗင္တပ္စ္တိုက္စစ္ကစားသမား ဒီဘာလာ နဲ႔ အစားထိုးရန္ မ်က္စိက်ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ထရာအိုေရးဟာ ဒီရာသီမွာ ႏူႏိုဆန္းတိုစ့္ရဲ႕ အသင္းမွာ ပံုမွန္ပြဲထြက္ကစားခြင့္ရရန္ ရုန္းကန္ေနရျပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ကိုလည္း လက္ခံဖြယ္မရွိဘူး ျဖစ္ေနပါတယ္။

ျပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပကစားခဲ့တဲ့ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ၀ုလ္ဗ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးေပမယ့္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈရရင္ စဥ္းစားသြားဖြယ္ရွိေနပါတယ္။ ၀ုလ္ဗ္အသင္းဟာ ထရာအိုေရးေနရာမွာ အစားထိုးရန္ နာမည္ၾကီးကစားသမားတစ္ေယာက္ကို ေခၚယူရန္ မ်က္စိက်ေနျပီး သတင္းမ်ားအရ ဒီဘာလာကို ေခၚယူရန္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ထရာအိုေရးကို စိတ္၀င္စားေနတဲ့အသင္းေတြထဲ ဂ်ဴဗင္တပ္စ္တစ္သင္းလည္း ပါ၀င္ေနတာျဖစ္ပါတယ္။ ၀ုလ္ဗ္အသင္းဟာ စပိန္လက္ေရြးစင္ကစားသမား ထရာအိုေရးအတြက္ ေပါင္ ၇၁.၇ သန္းသတ္မွတ္ထားတာျဖစ္ျပီး ဘိုင္ယန္ျမဴးနစ္အသင္းကလည္း စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဒီဘာလာဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအေစာပိုင္းတုန္းက ဒဏ္ရာျပႆနာေၾကာင့္ အသင္းအတြက္ (၂) ပြဲသာကစားထားသူျဖစ္ပါတယ္။ သို႔ေသာ္လည္း အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ အီတလီခ်န္ပီယံအသင္းအတြက္ ျပီးခဲ့တဲ့ရာသီက ျပိဳင္ပြဲစံု (၁၇) ဂိုးသြင္းျပီး (၁၄) ဂိုးဖန္တီးေပးထားပါတယ္။