ကီပါအနေနဲ့ ချဲလ်ဆီးတာဝန်ရှိသူတွေ မှားယွင်းကြောင်းကို သက်သေပြနိုင်မယ်လို့ ပြောခဲ့တဲ့ ဂိုးသမားဟောင်း ဘီဂိုဗစ်


ချဲလ်ဆီးဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘီဂိုဗစ်က အသင်းမှာ လက်စွမ်းကျဆင်းမှုတွေကြောင့် ဝေဖန်ခံနေရပြီး ဦးစားပေး နေရာပျောက်ဆုံးခဲ့တဲ့ ဂိုးသမား ကီပါအနေနဲ့ ချဲလ်ဆီးတာဝန်ရှိသူတွေ မှားယွင်းကြောင်း တစ်ချိန်မှာ သက်သေပြနိုင်မယ် လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ ရန်းနက်စ်ကဂိုးသမား မန်ဒီကိုခေါ်ယူခဲ့ပြီး ဦးစားပေးကစားသမားအဖြစ် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။


ဂိုးသမားဟောင်း ဘီဂိုဗစ်က “ လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး။ ကီပါက ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားဖြစ်ပြီး ကြီးမားတဲ့ အောင်မြင်မှုတွေရှိတဲ့သူပါ။ လက်ရှိမှာ လက်စွမ်းကျဆင်းနေတယ်ဆိုပေမယ့် သူအနေနဲ့ အကောင်းဆုံးပြန်လာနိုင်မှာပါ။ အသင်းကောင်းတစ်သင်းမှာ နေရာတည်မြဲဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းအတွက် အသင်း တာဝန်ရှိသူတွေအနေနဲ့ အစီအစဉ်ဆွဲထားသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ကီပါဟာ ၂၀၁၈ ခုနှစ်က စပိန်ကလပ် ဘီလ်ဘာအိုကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ မှာပွဲပေါင်း ၉၈ ပွဲအထိ ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့မှာ အသင်းကို မန်ဒီရောက်ရှိ လာပြီးချိန်ကတည်းက ကီပါဟာ အသင်းအတွက် တစ်မိနစ်တောင်ကစားခွင့်မရခဲ့ဘူးလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက ကီပါကို လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

zawgyi version

ကီပါအေနနဲ႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြ မွားယြင္းေၾကာင္းကို သက္ေသျပႏိုင္မယ္လို႔ ေျပာခဲ့တဲ့ ဂိုးသမားေဟာင္း ဘီဂိုဗစ္
ခ်ဲလ္ဆီးဂိုးသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဘီဂိုဗစ္က အသင္းမွာ လက္စြမ္းက်ဆင္းမႈေတြေၾကာင့္ ေဝဖန္ခံေနရၿပီး ဦးစားေပး ေနရာေပ်ာက္ဆံုးခဲ့တဲ့ ဂိုးသမား ကီပါအေနနဲ႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြ မွားယြင္းေၾကာင္း တစ္ခ်ိန္မွာ သက္ေသျပႏိုင္မယ္ လို႔ ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ ရန္းနက္စ္ကဂိုးသမား မန္ဒီကိုေခၚယူခဲ့ၿပီး ဦးစားေပးကစားသမားအျဖစ္ အသံုးျပဳခဲ့တာပဲ ျဖစ္ပါတယ္။
ဂိုးသမားေဟာင္း ဘီဂိုဗစ္က “ လူတိုင္းအမွားနဲ႔ မကင္းႏိုင္ပါဘူး။ ကီပါက ကမ႓ာ့ေစ်းအႀကီးဆံုးဂိုးသမားျဖစ္ၿပီး ႀကီးမားတဲ့ ေအာင္ျမင္မႈေတြရွိတဲ့သူပါ။ လက္ရွိမွာ လက္စြမ္းက်ဆင္းေနတယ္ဆိုေပမယ့္ သူအေနနဲ႔ အေကာင္းဆံုးျပန္လာႏိုင္မွာပါ။ အသင္းေကာင္းတစ္သင္းမွာ ေနရာတည္ၿမဲဖို႔ဆိုတာ မလြယ္ပါဘူး။ ဒါေပမယ့္ တစ္ဦးတစ္ေယာက္ခ်င္းအတြက္ အသင္း တာဝန္ရွိသူေတြအေနနဲ႔ အစီအစဥ္ဆြဲထားသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ကီပါဟာ ၂၀၁၈ ခုႏွစ္က စပိန္ကလပ္ ဘီလ္ဘာအိုကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစံု မွာပြဲေပါင္း ၉၈ ပြဲအထိ ပါဝင္ကစားေပးခဲ့သူလည္း ျဖစ္ပါတယ္။ ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ အသင္းကို မန္ဒီေရာက္ရွိ လာၿပီးခ်ိန္ကတည္းက ကီပါဟာ အသင္းအတြက္ တစ္မိနစ္ေတာင္ကစားခြင့္မရခဲ့ဘူးလို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြက ကီပါကို လာမယ့္အေျပာင္းအေရႊ႕မွာ ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။