ချဲလ်ဆီးမှာ ပွဲကစားခွင့်မရရင် ပြင်သစ်အသင်းမှာ နေရာပျောက်နိုင်တယ်လို့ ဂျီရူးကို သတိပေးလိုက်တဲ့ နည်းပြ ဒက်ချမ်စ့်

ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်ချမ့်စ်က ဂျီရူးအနေနဲ့ ကလပ်အသင်း ချဲလ်ဆီးမှာ ပွဲကစားချိန်ပိုရရန် လုပ်ဆောင်ရမယ်လို့ သတိပေးသွားခဲ့ပါတယ်။ ဖင်လန်အသင်းကို (၂-ဝ) နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ချဲလ်ဆီးတိုက်စစ်မှူးဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၁၀၃) ပွဲမြောက်ကို ကစားခဲ့ရပေမယ့် ဂိုးပေါက်ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် စနေနေ့က ပေါ်တူဂီအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နည်းပြဒက်ချမ်စ့်ဟာ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရနေတဲ့ မာရှယ်လ်ကို ပွဲထွက်ကစားစေခဲ့ပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးအသင်းကို အသစ်ရောက်လာတဲ့ တီမိုဝါနာ နဲ့ ကိုင်ဟာဗက်ဇ်တို့ကြောင့် ဂျီရူးဟာ (၃)ပွဲပဲ ကစားထားရသူဖြစ်ပါတယ်။ ဂျီရူးအစား မာရှယ်လ်ကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒက်ချမ့်စ်က သတင်းစာရှင်းလင်းပွဲမှာ “ပြင်သစ်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် အရာကို ကျွန်တော်ရွေးချယ်ခဲ့တာပါ။ အန်တိုနီက ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

အိုလီဗာက ကလပ်အသင်းက အခြေအနေတွေကြောင့် သက်ရောက်မှု ဖြစ်နေပါတယ်။ သူ့အနေနဲ့ ပုံမှန်ကစားခွင့်ရဖို့ လိုနေပါတယ်။ ဒါကလည်း ခက်ခဲပါတယ်။ သူ့ကိုလည်း ကျွန်တော် လက်မလွှွတ်နိုင်ပါဘူး။ သူကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာတွေကို မေ့ပစ်လို့ မရနိုင်ပါဘူး။ အခုလည်း သူလုပ်နိုင်စွမ်းရှိနေဆဲပါ။ အန်တိုနီကတော့ နောက်ထပ်ရွေးချယ်စရာတစ်ခုပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ခ်ဲလ္ဆီးမွာ ပြဲကစားခြင့္မရရင္ ျပင္သစ္အသင္းမွာ ေနရာေပ်ာက္ႏိုင္တယ္လို႔ ဂ်ီရူးကို သတိေပးလိုက္တဲ့ နည္းျပ ဒက္ခ်မ္စ့္

ျပင္သစ္လက္ေရြးစင္နည္းျပ ဒက္ခ်မ့္စ္က ဂ်ီရူးအေနနဲ႔ ကလပ္အသင္း ခ်ဲလ္ဆီးမွာ ပြဲကစားခ်ိန္ပိုရရန္ လုပ္ေဆာင္ရမယ္လို႔ သတိေပးသြားခဲ့ပါတယ္။ ဖင္လန္အသင္းကို (၂-၀) နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးတိုက္စစ္မွဴးဟာ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ (၁၀၃) ပြဲေျမာက္ကို ကစားခဲ့ရေပမယ့္ ဂိုးေပါက္ေပ်ာက္ဆံုးခဲ့သူ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စေနေန႔က ေပၚတူဂီအသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ နည္းျပဒက္ခ်မ္စ့္ဟာ ယူႏိုက္တက္မွာ ပံုမွန္ကစားခြင့္ရေနတဲ့ မာရွယ္လ္ကို ပြဲထြက္ကစားေစခဲ့ပါတယ္။

ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းကို အသစ္ေရာက္လာတဲ့ တီမုိ၀ါနာ နဲ႔ ကိုင္ဟာဗက္ဇ္တို႔ေၾကာင့္ ဂ်ီရူးဟာ (၃)ပြဲပဲ ကစားထားရသူျဖစ္ပါတယ္။ ဂ်ီရူးအစား မာရွယ္လ္ကို ေရြးခ်ယ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ျပီး ဒက္ခ်မ့္စ္က သတင္းစာရွင္းလင္းပြဲမွာ “ျပင္သစ္လက္ေရြးစင္အသင္းအတြက္ အေကာင္းဆံုးျဖစ္မယ့္ အရာကို ကၽြန္ေတာ္ေရြးခ်ယ္ခဲ့တာပါ။ အန္တိုနီက ကစားသမားေကာင္းတစ္ေယာက္ျဖစ္ပါတယ္။

အိုလီဗာက ကလပ္အသင္းက အေျခအေနေတြေၾကာင့္ သက္ေရာက္မႈ ျဖစ္ေနပါတယ္။ သူ႔အေနနဲ႔ ပံုမွန္ကစားခြင့္ရဖို႔ လိုေနပါတယ္။ ဒါကလည္း ခက္ခဲပါတယ္။ သူ႔ကိုလည္း ကၽြန္ေတာ္ လက္မလႊြတ္ႏိုင္ပါဘူး။ သူကၽြန္ေတာ္တို႔အတြက္ လုပ္ေပးခဲ့တာေတြကို ေမ့ပစ္လို႔ မရႏိုင္ပါဘူး။ အခုလည္း သူလုပ္ႏိုင္စြမ္းရွိေနဆဲပါ။ အန္တိုနီကေတာ့ ေနာက္ထပ္ေရြးခ်ယ္စရာတစ္ခုပါ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။