ဘာကာယိုကို ကို ပေါင် ၂၄ သန်း အရှုံးခံပြီး နာပိုလီအသင်းဆီ ရောင်းချတော့မယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ဘာကာယိုကို ကို ပေါင် ၂၄ သန်းအရှုံးခံပြီး နာပိုလီအသင်းဆီ ရောင်းချရန် အကြိုသဘောတူညီမှု ရထားပြီလို့ သိရပါတယ်။ ကွင်းလယ်ကစားသမားဘာကာယိုကို ဟာ ချဲလ်ဆီးအသင်းထံ မိုနာကိုအသင်းဆီကနေ ပေါင်သန်း ၄၀ နဲ့ ၂၀၁၇ ခုနှစ်တုန်းက ရောက်လာခဲ့သူဖြစ်ပါတယ်။

ဘာကာယိုကိုဟာ နည်းပြ ကွန်တီလက်အောက်မှာ ပြိုင်ပွဲစုံ (၄၃) ပွဲကစားခဲ့သော်လည်း ပုံမှန်ခြေစွမ်းပြရန် ရုံးကန်ခဲ့ရပြီးနောက် မိုနာကို နဲ့ အေစီမီလန်အသင်းတို့ထံမှာ အငှားသွားရောက် ကစားခဲ့ရပါတယ်။

ယခုအခါ သူဟာ နာပိုလီအသင်းမှာ အငှားနဲ့ ကစားနေတာဖြစ်ပြီး ပေါင် ၁၆ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ရန် သဘောတူညီမှု ရထားပြီလို့ သိရပါတယ်။ အဆိုပါပြောင်းရွှေ့ကြေးကြောင့် ချဲလ်ဆီးအသင်းဟာ ပေါင် ၂၄ သန်းရှုံးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဘာကာယိုကိုဟာ နာပိုလီမှာ ခြေစွမ်းပြနေပြီး ယူရိုပါလိဂ် (၂) ပွဲအပါအဝင် ပွဲတိုင်းကစားထားပါတယ်။

ဘာကာယိုကို ကို ေပါင္ ၂၄ သန္း အရႈံးခံျပီး နာပိုလီအသင္းဆီ ေရာင္းခ်ေတာ့မယ့္ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ဘာကာယိုကို ကို ေပါင္ ၂၄ သန္းအရႈံးခံျပီး နာပိုလီအသင္းဆီ ေရာင္းခ်ရန္ အၾကိဳသေဘာတူညီမႈ ရထားျပီလို႔ သိရပါတယ္။ ကြင္းလယ္ကစားသမားဘာကာယိုကို ဟာ ခ်ဲလ္ဆီးအသင္းထံ  မိုနာကိုအသင္းဆီကေန ေပါင္သန္း ၄၀ နဲ႔ ၂၀၁၇ ခုႏွစ္တုန္းက ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဘာကာယိုကိုဟာ နည္းျပ ကြန္တီလက္ေအာက္မွာ ျပိဳင္ပြဲစံု (၄၃) ပြဲကစားခဲ့ေသာ္လည္း ပံုမွန္ေျခစြမး္ျပရန္ ရံုးကန္ခဲ့ရျပီးေနာက္ မိုနာကို နဲ႔ ေအစီမီလန္အသင္းတို႔ထံမွာ အငွားသြားေရာက္ ကစားခဲ့ရပါတယ္။

ယခုအခါ သူဟာ နာပိုလီအသင္းမွာ အငွားနဲ႔ ကစားေနတာျဖစ္ျပီး ေပါင္ ၁၆ သန္းနဲ႔ အျပီးသတ္ေျပာင္းေရႊ႕ရန္ သေဘာတူညီမႈ ရထားျပီလို႔ သိရပါတယ္။ အဆိုပါေျပာင္းေရႊ႕ေၾကးေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ေပါင္ ၂၄ သန္းရႈံးခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဘာကာယိုကိုဟာ နာပိုလီမွာ ေျခစြမ္းျပေနျပီး ယူရိုပါလိဂ္ (၂) ပြဲအပါအ၀င္ ပြဲတိုင္းကစားထားပါတယ္။