အာဆင်နယ်နောက်ခံလူ မူစတာဖီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် မျက်စိကျနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းမှာ ကစားခွင့် ပျောက်ဆုံးနေတဲ့ ဗဟိုနောက်ခံလူ မူစတာဖီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အံ့အားသင့်ဖွယ် ခေါ်ယူရန် ကြိုးစားနိုင်တယ်လို့ သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားမူစတာဖီရဲ့ စာချုပ်သက်တမ်းက အာဆင်နယ်အသင်းနဲ့ နောက်ဆုံးနှစ်ထဲကို ရောက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်သက်တမ်းတိုးဖို့ဆိုတာကလည်း ယခုအချိန်အထိ ဘာမှ သတင်းမထွက်လာသေးပါဘူး။

ဗဟိုနောက်ခံလူရဲ့ ဖခင်ဖြစ်သူကလည်း သားဖြစ်သူ မူစတာဖီဟာ အာတီတာရဲ့ လက်အောက်မှာ ကစားခွင့် ပျောက်ဆုံးနေလို့ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။ အာဆင်နယ်အသင်းကို အာတီတာရောက်လာပြီးနောက်ပိုင်း ဒေးဗစ်လုဇ်၊ ရော့ဟိုးဒင်း နဲ့ ဂါဘရီရယ်လ်တို့ကပဲ ပွဲကစားခွင့်ရနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ကစားခွင့် မရသော်လည်း Diario Sport က ဖော်ပြချက်အရ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ မူစတာဖီကို ခေါ်ယူရန် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာနည်းပြဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေပြီး မန်စီးတီးက အဲရစ်ဂါစီယာကို နံပါတ် (၁) ပစ်မှတ်အဖြစ် သတ်မှတ်ထားသော်လည်း မခေါ်နိုင်ပါက မူစတာဖီကို ခေါ်ယူဖွယ်ရှိနေတာဖြစ်ပါတယ်။ မူစတာဖီဟာ အာဆင်နယ်အသင်းအတွက် (၁၄၆) ပွဲကစားထားပြီး (၉) ဂိုးသွင်းပေးထားပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားဟာ အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ မကစားရသေးပါဘူး။

အာဆင္နယ္ေနာက္ခံလူ မူစတာဖီကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚယူရန္ မ်က္စိက်ေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ အာဆင္နယ္အသင္းမွာ ကစားခြင့္ ေပ်ာက္ဆံုးေနတဲ့ ဗဟိုေနာက္ခံလူ မူစတာဖီကို လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အံ့အားသင့္ဖြယ္ ေခၚယူရန္ ၾကိဳးစားႏိုင္တယ္လုိ႔ သတင္းတစ္ရပ္က ေဖာ္ျပခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားမူစတာဖီရဲ႕ စာခ်ဳပ္သက္တမ္းက အာဆင္နယ္အသင္းနဲ႔ ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ စာခ်ဳပ္သက္တမ္းတိုးဖို႔ဆိုတာကလည္း ယခုအခ်ိန္အထိ ဘာမွ သတင္းမထြက္လာေသးပါဘူး။

ဗဟိုေနာက္ခံလူရဲ႕ ဖခင္ျဖစ္သူကလည္း သားျဖစ္သူ မူစတာဖီဟာ အာတီတာရဲ႕ လက္ေအာက္မွာ ကစားခြင့္ ေပ်ာက္ဆံုးေနလို႔ အသင္းကေန ထြက္ခြာဖြယ္ရွိတယ္လို႔ ေျပာခဲ့ပါေသးတယ္။ အာဆင္နယ္အသင္းကို အာတီတာေရာက္လာျပီးေနာက္ပိုင္း ေဒးဗစ္လုဇ္၊ ေရာ့ဟိုးဒင္း နဲ႔ ဂါဘရီရယ္လ္တို႔ကပဲ ပြဲကစားခြင့္ရေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာ ကစားခြင့္ မရေသာ္လည္း Diario Sport က ေဖာ္ျပခ်က္အရ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းဟာ မူစတာဖီကို ေခၚယူရန္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ဘာစီလိုနာနည္းျပဟာ အသင္းရဲ႕ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းခ်င္ေနျပီး မန္စီးတီးက အဲရစ္ဂါစီယာကို နံပါတ္ (၁) ပစ္မွတ္အျဖစ္ သတ္မွတ္ထားေသာ္လည္း မေခၚႏိုင္ပါက မူစတာဖီကို ေခၚယူဖြယ္ရွိေနတာျဖစ္ပါတယ္။ မူစတာဖီဟာ အာဆင္နယ္အသင္းအတြက္ (၁၄၆) ပြဲကစားထားျပီး (၉) ဂိုးသြင္းေပးထားပါတယ္။ ဂ်ာမနီလက္ေရြးစင္ကစားသမားဟာ အာဆင္နယ္အသင္းအတြက္ ဒီရာသီမွာ အာဆင္နယ္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ တစ္ပြဲမွ မကစားရေသးပါဘူး။