မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေပြီလို့ ဒီဘရိုင်းဘက်က အတည်ပြု

မန်စီးတီးအသင်းရဲ့ကွင်းလယ်လူ ဒီဘရိုင်းက အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေပြီလို့ အတည်ပြုပြောသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ အဓိက ကစားသမားဖြစ်လာပြီး သူ့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက မန်စီးတီးအသင်း ချန်ပီယံလိဂ်ကစားခွင့် (၂) နှစ်ပိတ်ပင်ခြင်းခံခဲ့ရပြီး ဒီဘရိုင်းဟာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် နာမည်ကြီးကစားသမားတွေထဲက တစ်ယောက်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အသက် ၂၉ နှစ်အရွယ်ကစားသမားက အသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ဆိုခဲ့ပြီး ယခုအခါ စာချုပ်သက်တမ်းတိုးရန် နီးစပ်လာပြီလို့ သိရပါတယ်။

ဘယ်လ်ဂျီယံ TV အစီအစဉ်တစ်ခုကို ဒီဘရိုင်းက “ကျွန်တော် မန်ချက်စတာမှာ ပျော်နေပါတယ်။ ကျွန်တော်ဟာ ပိုင်ရှင်ကောင်း၊ အသင်းကောင်း တစ်သင်းမှာ ရှိနေတာပါ။ ကျွန်တော်တို့ အနည်းငယ်ဆွေးနွေးနေပါတယ်။ အခုလက်ရှိမှာတော့ ကျွန်တော်အကောင်းဆုံးဖြစ်ဖို့ကိုပဲ လုပ်နေပါတယ်။ အသင်းနဲ့အတူ ဆက်နေသွားချင်ပါတယ်။

ဒါက အရမ်းကို လွယ်ကူပါတယ်။ ကျွန်တော်သာ ဆက်မနေချင်ရင် တစ်ယောက်ယောက်က လုပ်ပေးရတော့မှာပါ။ ဒါပေမယ့် ဆက်နေချင်တာဖြစ်လို့ ဘာမှ အခက်အခဲ မရှိပါဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းဟာ တနင်္ဂနွေနေ့ညက ဘယ်လ်ဂျီယံအသင်းက အင်္ဂလန်ကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ မိနစ် (၉၀) ပြည့် ကစားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲအရှုံးကြောင့် ဗိုလ်လုပွဲတက်မယ့် အခွင့်အရေး ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။

မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးေနျပီလို႔ ဒီဘရိုင္းဘက္က အတည္ျပဳ

မန္စီးတီးအသင္းရဲ႕ကြင္းလယ္လူ ဒီဘရိုင္းက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးေနျပီလို႔ အတည္ျပဳေျပာသြားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္ကစားသမားဟာ ဟာ ျပီးခဲ့တဲ့ ႏွစ္ေတြကတည္းက ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းမွာ အဓိက ကစားသမားျဖစ္လာျပီး သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္အထိ ျဖစ္ပါတယ္။

ဒီႏွစ္အေစာပိုင္းတုန္းက မန္စီးတီးအသင္း ခ်န္ပီယံလိဂ္ကစားခြင့္ (၂) ႏွစ္ပိတ္ပင္ျခင္းခံခဲ့ရျပီး ဒီဘရိုင္းဟာ မန္စီးတီးအသင္းကေန ထြက္ခြာမယ့္ နာမည္ၾကီးကစားသမားေတြထဲက တစ္ေယာက္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားက  အသင္းမွာပဲ ေပ်ာ္ရႊင္ေနတယ္လို႔ ဆိုခဲ့ျပီး ယခုအခါ စာခ်ဳပ္သက္တမ္းတိုးရန္ နီးစပ္လာျပီလို႔ သိရပါတယ္။

ဘယ္လ္ဂ်ီယံ TV အစီအစဥ္တစ္ခုကို ဒီဘရိုင္းက “ကၽြန္ေတာ္ မန္ခ်က္စတာမွာ ေပ်ာ္ေနပါတယ္။ ကၽြန္ေတာ္ဟာ ပိုင္ရွင္ေကာင္း၊ အသင္းေကာင္း တစ္သင္းမွာ ရွိေနတာပါ။ ကၽြန္ေတာ္တို႔ အနည္းငယ္ေဆြးေႏြးေနပါတယ္။ အခုလက္ရွိမွာေတာ့ ကၽြန္ေတာ္အေကာင္းဆံုးျဖစ္ဖို႔ကိုပဲ လုပ္ေနပါတယ္။ အသင္းနဲ႔အတူ ဆက္ေနသြားခ်င္ပါတယ္။

ဒါက အရမ္းကို လြယ္ကူပါတယ္။ ကၽြန္ေတာ္သာ ဆက္မေနခ်င္ရင္ တစ္ေယာက္ေယာက္က လုပ္ေပးရေတာ့မွာပါ။ ဒါေပမယ့္ ဆက္ေနခ်င္တာျဖစ္လို႔ ဘာမွ အခက္အခဲ မရွိပါဘူး” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ ဒီဘရိုင္းဟာ တနဂၤေႏြေန႔ညက ဘယ္လ္ဂ်ီယံအသင္းက အဂၤလန္ကို (၂-၀) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ မိနစ္ (၉၀) ျပည့္ ကစားခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ဒီပြဲအရႈံးေၾကာင့္ ဗုိလ္လုပြဲတက္မယ့္ အခြင့္အေရး ေပ်ာက္ဆံုးခဲ့ရတာျဖစ္ပါတယ္။