ကစားသမားဘဝမှာ ခက်ခဲ့တဲ့အချိန်ဆိုတာ မရှိခဲ့ဘူးလို့ မီဒီယာတွေမေးတာကို ပြန်ဖြေခဲ့တဲ့ ပေါ့ဘာ


ယူနိုက်တက်အသင်းကွင်းလယ်လူပေါ့ဘာက ပြင်သစ်အသင်းနဲ့ နေးရှင်းလိဂ်ကစားပြီးတဲ့အချိန် မီဒီယာတွေရဲ့မေးမြန်းမှုမှာ တော့ သူရဲ့ကစားသမားဘဝမှာ ခက်ခဲ့တဲ့အချိန်ဆိုတာ မရှိခဲ့ဘူးလို့ မီဒီယာတွေမေးတာကို ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကွင်းလယ်မှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး ရီးရဲလ်ကို ပြောင်းရွှေ့ ချင်တယ်လို့ တရားဝင်ထုတ်ဖော်ပြောထားတာကြောင့် အသင်းပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံနေရသူလည်းဖြစ်ပါတယ်။


ပေါ့ဘာဟာ လက်ရှိရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲသာကစားခွင့်ရရှိထားခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိတာ ကြောင့် ဆိုးလ်ရှားအနေနဲ့ အရန်ကစားသမားအဖြစ် နောက်ပိုင်းပွဲစဉ်တွေမှာ အသုံးပြုလာခဲ့ပါတယ်။ ကစားသမားဟောင်း တွေအပါအဝင် ဘောလုံးအကြောင်းကျွမ်းကျင်သုံးသပ်သူတွေကပါ ပေါ့ဘာထက် အသစ်ခေါ်ယူထားတဲ့ ဗန်ဒီဘိတ်ခ်ကို ဖာ နန်ဒက်စ်နဲ့ တွဲကစားစေဖို့ အလိုရှိနေတာကြောင့် ပေါ့ဘာအနေနဲ့ အသင်းပြောင်းရွှေ့ဖို့သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါ တယ်။


အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပြင်သစ်အသင်း အတွက် ကစားတဲ့ပွဲတွေမှတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ပွဲမှာဆိုရင် သူရဲ့အရေးပါမှုကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ နေးရှင်းလိဂ်ပွဲစဉ်တွေကစားပြီးချိန်မှာ မီဒီယာတွေရဲ့မေးမြန်းမှုကိုတော့ ပေါ့ဘာက သူရဲ့ကစား သမားဘဝမှာ ခက်ခဲ့တဲ့အချိန်ဆိုတာ မရှိကြောင်းပြောပြီး ပြန်လည်တုန့်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ကစားသမားဘဝမွာ ခက္ခဲ့တဲ့အခ်ိန္ဆိုတာ မရွိခဲ့ဘူးလို႔ မီဒီယာေတြေမးတာကို ျပန္ေျဖခဲ့တဲ့ ေပါ့ဘာ
ယူႏိုက္တက္အသင္းကြင္းလယ္လူေပါ့ဘာက ျပင္သစ္အသင္းနဲ႔ ေနးရွင္းလိဂ္ကစားၿပီးတဲ့အခ်ိန္ မီဒီယာေတြရဲ႕ေမးျမန္းမႈမွာ ေတာ့ သူရဲ႕ကစားသမားဘဝမွာ ခက္ခဲ့တဲ့အခ်ိန္ဆိုတာ မရွိခဲ့ဘူးလို႔ မီဒီယာေတြေမးတာကို ျပန္ေျဖခဲ့တယ္လို႔ သိရပါတယ္။ ေပါ့ဘာဟာ ယူႏိုက္တက္အသင္းကြင္းလယ္မွာ ေျခစြမ္းမျပႏိုင္တာေၾကာင့္ ေဝဖန္ခံေနရတာျဖစ္ၿပီး ရီးရဲလ္ကို ေျပာင္းေရႊ႕ ခ်င္တယ္လို႔ တရားဝင္ထုတ္ေဖာ္ေျပာထားတာေၾကာင့္ အသင္းပရိသတ္ေတြရဲ႕ ၿငိဳျငင္မႈကို ခံေနရသူလည္းျဖစ္ပါတယ္။
ေပါ့ဘာဟာ လက္ရွိရာသီမွာ ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစံုမွာ ၁၀ပြဲသာကစားခြင့္ရရွိထားခဲ့ၿပီး ေျခစြမ္းျပႏိုင္ျခင္းမရွိတာ ေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ အရန္ကစားသမားအျဖစ္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ အသံုးျပဳလာခဲ့ပါတယ္။ ကစားသမားေဟာင္း ေတြအပါအဝင္ ေဘာလံုးအေၾကာင္းကြ်မ္းက်င္သံုးသပ္သူေတြကပါ ေပါ့ဘာထက္ အသစ္ေခၚယူထားတဲ့ ဗန္ဒီဘိတ္ခ္ကို ဖာ နန္ဒက္စ္နဲ႔ တြဲကစားေစဖို႔ အလိုရွိေနတာေၾကာင့္ ေပါ့ဘာအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါ တယ္။
အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေပါ့ဘာဟာ ယူႏိုက္တက္အသင္းမွာ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရေပမယ့္ ျပင္သစ္အသင္း အတြက္ ကစားတဲ့ပြဲေတြမွေတာ့ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ေပၚတူဂီကို အႏိုင္ရခဲ့တဲ့ပြဲမွာဆိုရင္ သူရဲ႕အေရးပါမႈကို အေကာင္းဆံုး သက္ေသျပႏိုင္ခဲ့ပါတယ္။ ေနးရွင္းလိဂ္ပြဲစဥ္ေတြကစားၿပီးခ်ိန္မွာ မီဒီယာေတြရဲ႕ေမးျမန္းမႈကိုေတာ့ ေပါ့ဘာက သူရဲ႕ကစား သမားဘဝမွာ ခက္ခဲ့တဲ့အခ်ိန္ဆိုတာ မရွိေၾကာင္းေျပာၿပီး ျပန္လည္တုန္႔ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။