ပေါစခိုးလ်က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယူနိုက်တက်မှာ သူလိုကစားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တဲ့ ဖာနန်ဒက်စ်


ယူနိုက်တက်အသင်းကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်က အသင်းရဲ့ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ ပေါစခိုးလ် က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး အသင်းမှာ သူလိုမျိုးခြေစွမ်းပြနိုင်ဖို့အတွက် ကြိုးစားသွားမယ် လို့ ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားလို့ ဆိုရမယ့် ပေါစခိုးလ်အသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော်ကစားခဲ့ကာ အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုကို ၁၁ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့ လက်ရှိယူနိုက်တက်မှာ ပြနေတဲ့ခြေစွမ်းတွေကြောင့် အသင်းပရိသတ်တွေကသူကို ပေါစခိုးလ်လက်သစ်လို့ တင်စားမှုတွေရှိခဲ့တာကြောင့် ဖာနန် ဒက်စ်က အခုလိုပဲ ပြောခဲ့တာ ဖြစ်ပါတယ်။


ဖာနန်ဒက်စ်က “ဒါက နောက်ပြောင်မှုတစ်ခုပါ။ ပြီးခဲ့တဲ့ရာသီက ဘရုဂျက်နဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ ဖရက်ဒ်နဲ့အတူ ထိုင် ပြီး MUTV က ပြန်နေတဲ့ ပေါစခိုးလ်ရဲ့ အကြောင်းကို ကြည့်ဖြစ်ခဲ့ပါတယ်။ ပေါစခိုးလ်က သူဂိုးသွင်းယူနိုင်တဲ့အနေအထား မျိုးမှာတောင် သူကိုယ်တိုင် ဂိုးမသွင်းဘဲ အခြားသူဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးတဲ့သူပါ။ ဒီလိုလုပ်တာကြောင့် သူအနေနဲ့ တစ်ပြိုင်တည်း ဂိုးနှစ်ဂိုးသွင်းယူနိုင်တယ်ဆိုပြီး ဖရက်ဒ်ကို ပြောဖြစ်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေပါစခိုးလ္က ကမ႓ာ့အေကာင္းဆံုးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ယူႏိုက္တက္မွာ သူလိုကစားႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာခဲ့တဲ့ ဖာနန္ဒက္စ္
ယူႏိုက္တက္အသင္းကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဖာနန္ဒက္စ္က အသင္းရဲ႕ကြင္းလယ္လူေဟာင္းတစ္ဦးျဖစ္တဲ့ ေပါစခိုးလ္ က ကမ႓ာ့အေကာင္းဆံုးကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ၿပီး အသင္းမွာ သူလိုမ်ိဳးေျခစြမ္းျပႏိုင္ဖို႔အတြက္ ႀကိဳးစားသြားမယ္ လို႔ ေျပာခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက စပို႔တင္းလစၥဘြန္းကေန ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ အသင္းရဲ႕ကြင္းလယ္မွာ ေျခစြမ္းျပေနသူလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ကစားသမားလို႔ ဆိုရမယ့္ ေပါစခိုးလ္အသင္းအတြက္ ပြဲေပါင္း ၇၀၀ ေက်ာ္ကစားခဲ့ကာ အသင္းနဲ႔အတူ အမွတ္ေပးခ်န္ပီယံဆုကို ၁၁ ႀကိမ္ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ လက္ရွိယူႏိုက္တက္မွာ ျပေနတဲ့ေျခစြမ္းေတြေၾကာင့္ အသင္းပရိသတ္ေတြကသူကို ေပါစခိုးလ္လက္သစ္လို႔ တင္စားမႈေတြရွိခဲ့တာေၾကာင့္ ဖာနန္ ဒက္စ္က အခုလိုပဲ ေျပာခဲ့တာ ျဖစ္ပါတယ္။
ဖာနန္ဒက္စ္က “ဒါက ေနာက္ေျပာင္မႈတစ္ခုပါ။ ၿပီးခဲ့တဲ့ရာသီက ဘ႐ုဂ်က္နဲ႔ ကစားရမယ့္ပြဲမတိုင္ခင္မွာ ဖရက္ဒ္နဲ႔အတူ ထိုင္ ၿပီး MUTV က ျပန္ေနတဲ့ ေပါစခိုးလ္ရဲ႕ အေၾကာင္းကို ၾကည့္ျဖစ္ခဲ့ပါတယ္။ ေပါစခိုးလ္က သူဂိုးသြင္းယူႏိုင္တဲ့အေနအထား မ်ိဳးမွာေတာင္ သူကိုယ္တိုင္ ဂိုးမသြင္းဘဲ အျခားသူဂိုးသြင္းႏိုင္ဖို႔ ဖန္တီးေပးတဲ့သူပါ။ ဒီလိုလုပ္တာေၾကာင့္ သူအေနနဲ႔ တစ္ၿပိဳင္တည္း ဂိုးႏွစ္ဂိုးသြင္းယူႏိုင္တယ္ဆိုၿပီး ဖရက္ဒ္ကို ေျပာျဖစ္ခဲ့တယ္” လို႔ ေျပာခဲ့ပါတယ္။