နောက်နွေရာသီမှာ မက်ဆီ အသင်းကနေ ထွက်ခွာသွားပါက ပေါင်သန်း ၃၀ ဆုံးရှုံးဦးမယ့် ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ မက်ဆီသာ နောက်နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပါက နူးကမ့်ကလပ်အသင်းကနေ အာဂျင်တီးနား ကစားသမားကို သစ္စာရှိကြေး ပေါင်သန်း ၃၀ ပေးရမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းကလည်း မက်ဆီဟာ ဘာစီလိုနာအသင်းက ထွက်ခွာရန် တောင်းဆိုခဲ့ပေမယ့် အသင်းဘက်က စာချုပ်သက်တမ်းမကုန်ဆုံးသေးလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် မပြုခဲ့ပါဘူး။

ဒါ့ကြောင့် မက်ဆီအနေနဲ့ နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ ရနေပြီး သူ့ကို ခေါ်ယူနိုင်ရန် မန်စီးတီးအသင်းက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဘာစီလိုနာအသင်းဘက်ကတော့ ကစားသမားကို ယခုအချိန်အထိ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးလို့ မရနိုင်တော့တဲ့ အနေအထားကို ရောက်နေပါတယ်။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ၂၀၁၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်သဘောအရ ဘာစီလိုနာအသင်းကဘက် မက်ဆီကို သစ္စာရှိကြေး ပေါင်သန်း ၃၀ ပေးရမှာ ဖြစ်ပါတယ်။ တောင်အမေရိက ကစားသမားဟာ ဖေဖော်ဝါရီလတုန်းက ပထမအကြိမ် ပေါင်သန်း ၆၀ ကို ရရှိခဲ့တာဖြစ်ပြီး ဖွန်လမှာ ရမှာကတော့ ဒုတိယအကျော့ဖြစ်ပါတယ်။

ေနာက္ေႏြရာသီမွာ မက္ဆီ အသင္းကေန ထြက္ခြာသြားပါက ေပါင္သန္း ၃၀ ဆုံးရႈံးဦးမယ့္ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္မႉးျဖစ္တဲ့ မက္ဆီသာ ေနာက္ေႏြရာသီမွာ အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာရန္ ဆုံးျဖတ္လိုက္ပါက ႏူးကမ့္ကလပ္အသင္းကေန အာဂ်င္တီးနား ကစားသမားကို သစၥာရွိေၾကး ေပါင္သန္း ၃၀ ေပးရမယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းကလည္း မက္ဆီဟာ ဘာစီလိုနာအသင္းက ထြက္ခြာရန္ ေတာင္းဆိုခဲ့ေပမယ့္ အသင္းဘက္က စာခ်ဳပ္သက္တမ္းမကုန္ဆုံးေသးလို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ မျပဳခဲ့ပါဘူး။

ဒါ့ေၾကာင့္ မက္ဆီအေနနဲ႔ ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာလို႔ ရေနၿပီး သူ႔ကို ေခၚယူႏိုင္ရန္ မန္စီးတီးအသင္းက ေရပန္းအစားဆုံး ျဖစ္ေနပါတယ္။ ဘာစီလိုနာအသင္းဘက္ကေတာ့ ကစားသမားကို ယခုအခ်ိန္အထိ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးလို႔ မရႏိုင္ေတာ့တဲ့ အေနအထားကို ေရာက္ေနပါတယ္။

ESPN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၃၃ ႏွစ္အ႐ြယ္ကစားသမားဟာ ၂၀၁၇ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္သေဘာအရ ဘာစီလိုနာအသင္းကဘက္ မက္ဆီကို သစၥာရွိေၾကး ေပါင္သန္း ၃၀ ေပးရမွာ ျဖစ္ပါတယ္။ ေတာင္အေမရိက ကစားသမားဟာ ေဖေဖာ္ဝါရီလတုန္းက ပထမအႀကိမ္ ေပါင္သန္း ၆၀ ကို ရရွိခဲ့တာျဖစ္ၿပီး ဖြန္လမွာ ရမွာကေတာ့ ဒုတိယအေက်ာ့ျဖစ္ပါတယ္။