စပါးနောက်ခံလူ ဒါဗင်ဆန် ဆန်းချက်ဇ်ကို ခေါ်ယူရန် အေးဂျင့်ဆီဆက်သွယ်နေတဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ စပါးအသင်းရဲ့ ဗဟိုနောက်ခံလူဒါဗင်ဆန် ဆန်းချက်ဇ်ကို ခေါ်ယူရန် အေးဂျင့်ဆီကို ဆက်သွယ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအသင်းဟာ အသင်းရဲ့ ဗဟိုနောက်ခံလူ(၂) ယောက်တွေဖြစ်တဲ့ ဗန်ဒိုက်ချ် နဲ့ ဂျိုးဂိုးမက်ဇ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူရမှာဖြစ်လို့ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ခံလူအသစ်တစ်ယောက်ကို အန်ဖီးလ်ဆီ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်စီးတီး နဲ့ ယူနိုက်တက်အသင်းတို့ကလည်း စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇ်နောက်ခံလူ အူပါမီကာနိုကိုလည်း ပစ်မှတ်ထားခဲ့ပါသေးတယ်။ စပိန်ကထွက်ပေါ်နေတဲ့ သတင်းများအရ လီဗာပူးလ်အသင်းဟာ ဒါဗင်ဆန် ဆန်းချက်ဇ်ကို စိတ်ဝင်စားနေပြီး ကိုလံဘီယာ လက်ရွေးစင်ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အေဂျက်အသင်းကနေ ၂၀၁၇ ခုနှစ်ကတည်းက စပါးအသင်းဆီ ရောက်ရှိနေသူဖြစ်ပြီး အသင်းမှာ ပုံမှန်ကစားခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပါတယ်။ တောင်အမေရိက ကစားသမားဟာ စပါးအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲမှာ အသင်းရဲ့ လူစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ မော်ရင်ဟိုရဲ့ အသင်းဟာ ဒါဗင်ဆန် ဆန်းချက်ဇ်အတွက် ကာလတန်ကြေး ပေါင် ၅၄ သန်းသတ်မှတ်ထားဖွယ်ရှိနေပါတယ်။

စပါးေနာက္ခံလူ ဒါဗင္ဆန္ ဆန္းခ်က္ဇ္ကို ေခၚယူရန္ ေအးဂ်င့္ဆီဆက္သြယ္ေနတဲ့ လီဗာပူးလ္အသင္း

လီဗာပူးလ္အသင္းဟာ စပါးအသင္းရဲ႕ ဗဟိုေနာက္ခံလူဒါဗင္ဆန္ ဆန္းခ်က္ဇ္ကို ေခၚယူရန္ ေအးဂ်င့္ဆီကို ဆက္သြယ္ေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံအသင္းဟာ အသင္းရဲ႕ ဗဟိုေနာက္ခံလူ(၂) ေယာက္ေတြျဖစ္တဲ့ ဗန္ဒိုက္ခ်္ နဲ႔ ဂ်ိဳးဂိုးမက္ဇ္တို႔ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ကာလရွည္ အနားယူရမွာျဖစ္လို႔ လီဗာပူးလ္အသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေနာက္ခံလူအသစ္တစ္ေယာက္ကို အန္ဖီးလ္ဆီ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မန္စီးတီး နဲ႔ ယူႏိုက္တက္အသင္းတို႔ကလည္း စိတ္၀င္စားေနတဲ့ လိုက္ပ္ဇ္ေနာက္ခံလူ အူပါမီကာႏိုကုိလည္း ပစ္မွတ္ထားခဲ့ပါေသးတယ္။ စပိန္ကထြက္ေပၚေနတဲ့ သတင္းမ်ားအရ လီဗာပူးလ္အသင္းဟာ ဒါဗင္ဆန္ ဆန္းခ်က္ဇ္ကို စိတ္၀င္စားေနျပီး ကိုလံဘီယာ လက္ေရြးစင္ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကို ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ေအဂ်က္အသင္းကေန ၂၀၁၇ ခုႏွစ္ကတည္းက စပါးအသင္းဆီ ေရာက္ရွိေနသူျဖစ္ျပီး အသင္းမွာ ပံုမွန္ကစားခြင့္ရရန္ ရုန္းကန္ေနရသူျဖစ္ပါတယ္။ ေတာင္အေမရိက ကစားသမားဟာ စပါးအသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးေပမယ့္ ပရီးမီးယားလိဂ္ ေနာက္ဆံုး (၃) ပြဲမွာ အသင္းရဲ႕ လူစာရင္းမွာေတာင္ မပါ၀င္ခဲ့ပါဘူး။ ေမာ္ရင္ဟိုရဲ႕ အသင္းဟာ ဒါဗင္ဆန္ ဆန္းခ်က္ဇ္အတြက္ ကာလတန္ေၾကး ေပါင္ ၅၄ သန္းသတ္မွတ္ထားဖြယ္ရွိေနပါတယ္။