မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဖြစ်တဲ့ နည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေပြီး အသင်းဟောင်း နူးကမ့်ကို ပြန်သွားမယ်လို့ ပြီးခဲ့တဲ့ လတွေက သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း The Telegraph သတင်းဌာနဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းဆီကို ဘာစီလိုနာအသင်းခေါင်းဆောင် တပည့်ဟောင်း မက်ဆီ ပြန်လာမှာဖြစ်တဲ့အတွက် အီတီဟတ်ကွင်းမှာ ဆက်နေချင်နေချင်နေတယ်လို့ သိရပါတယ်။ မက်ဆီက အာဂျင်တီးနားအသင်းဖော် အဂူရိုကိုလည်း မန်စီးတီးမှာ ဆက်နေစေချင်နေတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့ပြီး ၂၄၅ ပွဲကိုင်တွယ်ကာ (၁၇၆) ပွဲနိုင်ပွဲရယူထားပြီး ပရီးမီးယားလိဂ်ဖလား (၂) ကြိမ်၊ အက်ဖ်အေဖလား (၁) ကြိမ် နဲ့ ကာရာဘောင်ဖလား (၃) ကြိမ်တို့ကို ဆွတ်ခူးထားနိုင်ပါတယ်။ စပိန်လူမျိုးနည်းပြဟာ လက်ရှိ ပရီးမီးယားလိဂ်ရာသီ၌ (၇) ပွဲကစားပြီးချိန်မှာ အဆင့် (၁၀) မှာ ရပ်တည်နေပြီး နိုင်ငံတကာပွဲတွေပြီးရင် စပါးအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ နီးစပ္ေနျပီျဖစ္တဲ့ နည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးရန္ နီးစပ္ေနျပီလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘာစီလုိနာ နဲ႔ ဘုိင္ယန္ျမဴးနစ္ နည္းျပေဟာင္းဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ကို ေရာက္ေနျပီး အသင္းေဟာင္း ႏူးကမ့္ကို ျပန္သြားမယ္လို႔ ျပီးခဲ့တဲ့ လေတြက သတင္းထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း The Telegraph သတင္းဌာနဲ႔ ေဖာ္ျပခ်က္အရ  ဂြါဒီယိုလာဟာ မန္စီးတီးအသင္းဆီကို ဘာစီလိုနာအသင္းေခါင္းေဆာင္ တပည့္ေဟာင္း မက္ဆီ ျပန္လာမွာျဖစ္တဲ့အတြက္ အီတီဟတ္ကြင္းမွာ ဆက္ေနခ်င္ေနခ်င္ေနတယ္လို႔ သိရပါတယ္။ မက္ဆီက အာဂ်င္တီးနားအသင္းေဖာ္ အဂူရိုကိုလည္း မန္စီးတီးမွာ ဆက္ေနေစခ်င္ေနတာ ျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ မန္စီးတီးအသင္းကို ၂၀၁၆ ခုႏွစ္ကတည္းက စတင္တာ၀န္ယူခဲ့ျပီး ၂၄၅ ပြဲကိုင္တြယ္ကာ (၁၇၆) ပြဲႏိုင္ပြဲရယူထားျပီး ပရီးမီးယားလိဂ္ဖလား (၂) ၾကိမ္၊ အက္ဖ္ေအဖလား (၁) ၾကိမ္ နဲ႔ ကာရာေဘာင္ဖလား (၃) ၾကိမ္တို႔ကို ဆြတ္ခူးထားႏိုင္ပါတယ္။ စပိန္လူမ်ိဳးနည္းျပဟာ လက္ရွိ ပရီးမီးယားလိဂ္ရာသီ၌ (၇) ပြဲကစားျပီးခ်ိန္မွာ အဆင့္ (၁၀) မွာ ရပ္တည္ေနျပီး ႏိုင္ငံတကာပြဲေတြျပီးရင္ စပါးအသင္းနဲ႔ ရင္ဆုိင္ကစားရမွာ ျဖစ္ပါတယ္။